တစ်မျိုးပြီးတစ်မျိုးလုပ်ကြည့်ပြီး အမုန်းဆွဲပစ်.....

ရာသီဥတုကတော့ အိမ်ပြင်ကိုထွက်ချင်စရာမကောင်းတာ။ အိပ်ရာထဲကမထဘဲ နှပ်နေလို့ကတော့ ကောင်းလိုက်မယ့်ဖြစ်ချင်းနော်။ ဘယ်မှမသွားဘဲ အိမ်မှာနေရင်း တစ်ခုခုလုပ်စားမယ်လို့ စိတ်ကူးနေတယ်ဆိုရင်တော့ ပြောင်းဖူးကိုပဲ တစ်ခုခု လုပ်စားကြမလား? အဆာပြေစားလို့ရမယ့် ပြင်ဆင်နည်းတွေ အမျိုးမျိုးကို ပြောပြမှာမို့လို့ ကြိုက်တဲ့နည်းကိုသာရွေးပြီး စားပေတော့ပဲ။

 

၁။ ပြောင်းဖူးဝက်ပေါင်သားကင်

ဝက်ပေါင်သားကို ခပ်ပါးပါးလှီး၊ ပြောင်းဖူးကိုပတ်လိုက်ပြီး ငြုပ်ကောင်းမှုန့်လေးဖြူးလိုက်ပါ။ အလူမီနီယံပြားလေးနဲ့ပတ်ပြီးရင် မိုက်ခရိုဝေ့ဗ်ထဲမှာ အပူချိန်အလယ်အလတ်လောက်ထားပြီး မိနစ် ၂၀ မှ ၂၀ မိနစ်လောက်ထိ ထည့်ထားလိုက်ရပါမယ်။ အချိန်စေ့သွားရင်တော့ အနံ့လေးမွှေးပြီး အိစက်နေတဲ့ပြောင်းဖူးကို ရပြီလေ။ ထမင်းတောင် စားဖြစ်တော့မှာမဟုတ်ဘူး။

 

၂။ မက္ကဆီကန်စတိုင်လ်

ဒါကလည်း ပြောင်းဖူးကို အဖူးလိုက်ပဲလုပ်စားရတာ။ ခရင်မ်တွေနဲ့သုတ်ပြီးတော့ အီဆိမ့်ဆိမ့်လေးပေါ့။ ဘာတွေလိုမလဲဆိုရင် မရိုးနိစ် (mayonnaise) ၊ ခရင်မ်အချဉ်၊ ကြက်သွန်ဖြူဆား၊ သံပုရာသီး (အရည်)တို့ လိုအပ်ပါတယ်။ Topping အတွက်တော့ ချိစ်၊ အရောင်တင်မှုန့်၊ ငြုပ်ကောင်းမှုန့်တို့ လိုအပ်ပါတယ်။ ပြောင်းဖူးကိုအရင်ကင် (မီးဖုတ်)ရမယ်။ အစပိုင်းမှာပြောထားတဲ့အရာတွေကို ခွက်တစ်လုံးထဲမှာ ရောစပ်ပြီးရင် ပြောင်းဖူးကိုသုတ်ရတယ်။ Topping လေးတွေကို နောက်ဆုံးမှ သုတ်လိမ်းပေးလိုက်ရင် မက္ကဆီကန်စတိုင်လ် ပြောင်းဖူးကင်ဆိမ့်ဆိမ့်လေးပဲ။ အမုန်းသာဆွဲ။

 

၃။ သံလွင်ဆီနဲ့ဒိန်ခဲဆမ်း ပြောင်းဖူးကင်

သံလွင်ဆီနဲ့ရောစပ်ဖို့ ပင်စိမ်း၊ ဆား၊ ငြုပ်ကောင်းမှုန့်၊ ကြက်သွန်ဖြူမှုန့်တို့ လိုအပ်ပါတယ်။ ပင်စိမ်းကိုထောင်းပြီး အားလုံးနဲ့ ရောစပ်ပါ။ ချိစ်အနေနဲ့ Parmesan ချိစ်ကို သုံးပါမယ်။ ရောထားတဲ့အနှစ်တွေကို ပြောင်းဖူးမှာသုတ်ပါ။ ချိစ်ကိုအပေါ်ကဖြူးပြီးရင် အလူမီနီယံပြားနဲ့ပတ်ကာ နာရီဝက်ကြာကင်ပြီး သုံးဆောင်လို့ရပါပြီ။ ပူရှိန်းရှိန်းနဲ့ ဆိမ့်တဲ့အရသာက ဘာနဲ့မှကို လဲလို့မရတာ။

Source : Fit Foodie

Share

Loading Next Article...
က္က