ကိုယ့်ရည်ရွယ်ချက်ပန်းတိုင်ဆီ လျှောက်ရာလမ်းမှာ အထောက်အကူမဖြစ်စေတဲ့၊ မလိုအပ်တဲ့ သင်တန်းလို၊ ကျောင်းလိုအရာတွေအတွက် အချိန်မဖြုန်းပါနဲ့။

man-climbing-stairs.jpg 

ကိုယ်က အလုပ်ကြိုးစားပေမဲ့ ကိုယ့်လောက်အလုပ်မကြိုးစားတဲ့သူ၊ မတော်တဲ့သူက ရာထူးတက်သွားတာတွေ၊ အခွင့်အရေးရသွားတာတွေကို အများစုတော့ ကြုံဖူး တွေ့ဖူးကြမယ်ထင်ပါတယ်။ အဲဒီလိုကြုံရတဲ့အခါ ကိုနဲ့အတူလုပ်ကိုင်နေပြီး ကိုယ်လောက်မှ ကြိုးစားမှုမရှိတဲ့သူက ရာထူးတက်ကြီး ကိုယ်က ဘာဖြစ်လို့ မတိုးတက်ရတာလဲ၊ သူ့မှာ အတွင်းလူတွေ၊ အဆက်အသွယ်တွေ၊ ကူညီသူတွေရှိလို့လား စသဖြင့် တွေးမိကောင်း တွေးမိကြပါလိမ့်မယ်။ ဘာပဲဖြစ်ဖြစ်၊ သူ့မှာ အတွင်းလူရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ အဓိကက ကိုယ်ဟာ သူများကို ထိုင်စောင့်နေတာမျိုးမဖြစ်ဖို့ပါပဲ။ ကိုယ်တတ်နိုင်တဲ့ဘက်ကနေ ကိုယ်တတ်နိုင်သမျှ တိုးတက်အောင် ကြံဆောင်တတ်၊ လုပ်တတ်ရပါမယ်။ ဒါကြောင့် အလုပ်မှာ ကိုယ်စိတ်ဝင်စားတဲ့ နေရာကို လျှောက်လှမ်းကြတဲ့အခါ အသုံးတဲ့မယ့် ပညာရှင်တွေရဲ့ အကြံပြုထားတဲ့ နည်းလမ်း (၄)ခုကို ဖော်ပြလိုက်ပါတယ်။

 

၁။ အခွင့်အရေးပေါ်လာတဲ့အခါ လိုအပ်ရင် စိတ်ဝင်စားကြောင်းဖွင့်ပြောပါ

ကိုစိတ်ဝင်စားတဲ့ အခွင့်အရေးမျိုးပေါ်လာတဲ့အခါ ကိုယ်စိတ်ဝင်စားတဲ့ လုပ်ငန်းတာဝန်နဲ့ပတ်သက်ပြီး တာဝန်ယူလိုကြောင်း ကိုယ့်ရဲ့မန်နေဂျာကို ပြောပြပါ။ ဒါမှမဟုတ် ကိုယ်စိတ်ဝင်စားနေတဲ့အကြောင်း သူတို့သိအောင် တစ်နည်းနည်းနဲ့ပြပါ။

ရာထူးတိုးတာတွေ၊ တာဝန်လွှဲပြောင်းပေးတာတွေနဲ့ပတ်သက်လာရင် ကျွမ်းကျင်မှုတို့၊ ကြိုးစားမှုတို့အပေါ်မှာ မူတည်ဆုံးဖြတ်ကြတယ်လို့ ဝန်ထမ်းအများစုက ထင်ကြပါတယ်။ ဒါပေမဲ့ မန်နေဂျာ (သို့) ကိုယ့်အထက် လူကြီးတွေအနေနဲ့က အဲဒီလိုတွေးချင်မှတွေးပါလိမ့်မယ်။ တစ်ခါတလေမှာ လွှဲပြောင်းပေးမယ့်တာဝန်အပေါ်မှာ စိတ်ဝင်စားမှုရှိမရှိနဲ့ ဖြစ်နိုင်မဖြစ်နိုင်အပေါ်မှာမူတည် ဆုံးဖြတ်လေ့ရှိတတ်ပါတယ်။

ဒါကြောင့် ကိုယ်နဲ့ကိုက်ညီမယ့် အခွင့်အရေးမျိုးပေါ်လာပြီဆိုရင် အဲဒီတာဝန်နဲ့ပတ်သက်ပြီး ကိုယ့်မှာ ကျွမ်းကျင်မှုနဲ့ စိတ်ဝင်စားမှု အမှန်တကယ်ရှိကြောင်းကို ကိုယ့်အထက်လူကြီးတွေ သိအောင်လုပ်ပေးဖို့ မမေ့ပါနဲ့။

 

၂။ ကိုယ့်ရည်မှန်းချက်ပန်းတိုင်နဲ့ပတ်သက်ပြီး ကြုံရင်ကြုံသလိုပြောပြပါ

ဆိုလိုတာက ကိုယ် ဘယ်အရာကိုအားသန်ကြောင်း၊ ကျွမ်းကျင်မှုရှိကြောင်း၊ စိတ်ဝင်စားကြောင်းနဲ့ ကိုယ့်ရည်းမှန်းချက်ပန်းတိုင်ကို ဘယ်လိုလျှောက်လှမ်းလိုကြောင်း စတဲ့လိုအပ်ချက်လေးတွေကို ကိုယ့်အထက်လူကြီးတွေသိအောင် လုပ်ဆောင်ခြင်းကိုပြောတာပါ။ ကိုယ့်အလုပ် (သို့) ရာထူးတိုးတက်မှုအတွက် ကိုယ့်ဆီမှာရှိနေတဲ့ အချက်အလက်တွေ၊ ကျွမ်းကျင်မှုတွေ၊ ယူဆချက်တွေနဲ့ အထက်လူကြီးတွေကို အခွင့်အရေးရတိုင်း ဗုံးကြဲသလို တိုက်စစ်ဆင်နေရမယ်လို့ ဆိုလိုတာမဟုတ်ပါဘူး။ ပြောဖို့အခွင့်သာလာမှသာ ဆက်စပ်တဲ့အကြောင်းအရာ၊ အချက်အလက်နဲ့ နည်းနည်းချင်း အသိပေးဖို့ပါပဲ။

နောင်နှစ်တွေမှာ ကိုယ်ရှေ့ဆက်သွားမယ့် ကိုယ့်ရဲ့ရည်မှန်းချက်နဲ့ပတ်သက်ပြီး ကိုယ်ဘာလုပ်ချင်တယ်၊ ဘာဖြစ်ချင်တယ်ဆိုတဲ့အကြောင်း ပွင့်ပွင့်လင်းလင်း ပြောပြတိုင်ပင်ပါ။ အထောက်အကူဖြစ်စေမယ့် တာဝန်မျိုးရှိမရှိ မေးမြန်းစုံးစမ်းကြည့်ပါ။

 

၃။ ဘယ်လိုသင်တန်းမျိုးတွေတက်ဖို့လိုအပ်မလဲ လေ့လာပါ

ကိုယ်မှန်းထားတဲ့၊ တစ်နည်းအားဖြင့် ကိုယ်ပစ်မှတ်ထားတဲ့ နေရာမှာလက်ရှိလုပ်ကိုင်နေတဲ့ လုပ်ဖော်ကိုင်ဖက် တစ်ယောက်ယောက်ဆီမှာ ဒီနေရာအတွက် ဘာတွေလိုအပ်လဲ၊ ဘာတွေလေ့လာထားသင့်လဲဆိုတာ မေးမြန်း စုံစမ်းပါ။ သူပြောပြတာကို နားထောင်ပြီး ကိုယ့်မှာဘယ်အရာတွေလိုနေတယ်၊ ဘာတွေလုပ်သင့်တယ်၊ ဘယ်အရာကတော့ မလုပ်သင့်ဘူးစသည်ဖြင့် ဆုံးဖြတ်ရွေးချယ်ပါ။ ပြီးရင် စတင်ဆောင်ရွက်ပါ။ တစ်ချို့ လိုအပ်ချက်တွေက လုပ်ငန်းအတွေ့အကြုံကနေရနိုင်ပြီး၊ တချို့ကိုတော့ သင်တန်းတို့၊ ကျောင်းတို့ကနေ ရယူရပါတယ်။

တချို့အသက်မွေးဝမ်းကျောင်းအလုပ်တွေဟာ သာမန်အားဖြင့်တော့ အောင်လက်မှတ်တွေ၊ ဘွဲ့တွေ မလိုအပ်ပါဘူး။ ဒါကြောင့် ကိုယ့်ရည်ရွယ်ချက်ပန်းတိုင်ဆီ လျှောက်ရာလမ်းမှာ အထောက်အကူမဖြစ်စေတဲ့၊ မလိုအပ်တဲ့ သင်တန်းလို၊ ကျောင်းလိုအရာတွေအတွက် အချိန်မဖြုန်းပါနဲ့။ ကိုယ်ရည်မှန်းထားတဲ့ နေရာအတွက် ဘာတွေက အမှန်တကယ်လိုအပ်သလဲဆိုတာကို အဲဒီနေရာမှာ လက်ရှိလုပ်ကိုင်နေသူတွေကို သေချာမေးသင့်ပါတယ်။

 

၄။ လူတိုင်းက ကိုယ့်အသက်မွေးဝမ်းကျောင်းမှုအတွက်ပဲ အာရုံစိုက်နေရတယ်ဆိုတာ သတိရပါ

ကိုယ့်အလုပ်ရှင် သူဌေးပဲဖြစ်ဖြစ်၊ ကိုယ့်အထက်က မန်ဂျာ၊ HR ပဲဖြစ်ဖြစ်၊ ကိုယ်အထက်က ဘယ်သူပဲဖြစ်ဖြစ် အားလုံးက ကိုယ့်အသက်မွေးမှု၊ ကိုယ့်တာဝန်အပေါ်မှာပဲ အာရုံစိုက်နေကြရတာချည်းပါ။ ကိုယ်ကိုယ်တိုင်လည်း ထိုနည်းလည်းကောင်းပါပဲ။ အဲဒီတော့ ကိုယ့်အသက်မွေးဝမ်းကျောင်းမှု အဆင်ပြေတိုးတက်ဖို့ရာအတွက် ကိုယ်စိတ်ဝင်စားနေတဲ့အရာက သင့်လျော်ကောင်းမွန်မှုရှိပြီး မှန်ကန်နေတယ်ဆိုရင် အဲဒီအပေါ်မှာပဲ အဓိကထား အာရုံစိုက်ပါ။

ပြောဖို့လိုလာရင် ပွင့်ပွင့်လင်းလင်း ရဲရဲတင်းတင်းပြောပါ။ ပြောတဲ့အတိုင်းလည်း ဖြစ်အောင်လုပ်ပါ။ တခြားလူ လာအပြောကို ထိုင်စောင့်မနေပါနဲ့။ စိန်ခေါ်မှုတွေအတွက် ကိုယ်လုပ်နိုင်တဲ့ဘက်ကနေ တာဝန်ယူလုပ်ဆောင် ပါ။ ဘာပဲလုပ်လုပ် အထူးလွှဲအပ်ခံထားရတဲ့တာဝန်တစ်ရပ်လို သဘောမှာထားပြီး ကိုယ့်ရဲ့ အသစ်အသစ်သော လုပ်နိုင်စွမ်းတွေကို အားလုံးသိအောင် ချပြပါ။

ကိုယ်လျှောက်မယ့်လမ်းအတွက် ပြင်ပမိတ်ဆွေကောင်းတွေနဲ့ ပြင်ပအဆက်အသွယ်ကောင်းတွေကိုလည်း ရနိုင်သမျှ တည်ဆောက်ထားဖို့ မမေ့ပါနဲ့။ အလုပ်ကိုလည်း ကြိုးစားပါ။ ကိုယ့်လုပ်ဖော်ကိုင်ဖက်တွေနဲ့လည်း အတတ်နိုင်ဆုံး အဆင်ပြေအောင်နေပါ။ အခွင့်အလမ်းပေါ်လာရင် ပေါင်းသင်းဆက်ဆံရေးကလည်း တစ်ဖက်တစ်လှမ်းကနေ ကောင်းကောင်းကြီး အထောက်အကူပြုပါတယ်။

Share

Loading Next Article...
က္က