ကြမ်းပြင်နဲ့ ခန္ဓာကိုယ်က ၄၅ ဒီဂရီ ထောင့်ချိုးပုံဖြစ်သွားတဲ့အထိပဲ။

မိုးအေးအေးနဲ့ သီချင်းတွေနားထောင်လိုက်၊ ဇာတ်လမ်းတွေကြည့်လိုက်၊ စာဖတ်လိုက်ပဲ။ သီချင်းနားထောင်နေရင်းနဲ့ မိုက်ကယ်ဂျက်ဆင်သီချင်းဗီဒီယိုတွေပါ ကြည့်မိသွားတယ်။ ပေါ့ပ်ဘုရင်ကြီး မိုက်ကယ်ဂျက်ဆင်ဟာ အကနဲ့ နာမည်ကျော်ကြားခဲ့သူလို့လည်း ပြောလို့ရတယ်။

 

မိုက်ကယ်ဂျက်ဆင်ရဲ့ကကွက်တွေကလည်း တကယ့်အဆန်းတွေ။ သူများ မကနိုင်တဲ့အကွက်တွေကို ထွင်သွားတာ။ ရိုးလည်းမရိုးရဘူး။ အဲ့ဒီကကွက်တွေထဲမှာမှ ခန္ဓာကိုယ်ကို အတောင့်လိုက်ကြီး ကွေးညွှတ်လိုက်တဲ့ ကကွက်ကို သိကြမယ်ထင်ပါတယ်။ Smooth Criminal သီချင်းဗီဒီယိုထဲမှာ ကသွားတာလေ။ အရမ်းကို မင်သက်အံ့သြစရာကောင်းတဲ့ ကကွက်ပါပဲ။ ဘာကြောင့်များ ဒီလိုကတတ်ရတာလဲ? မိုက်ကယ်ရဲ့အစွမ်းက ဘာများပါလိမ့်လဲ သိချင်မိကြဖူးတယ်။

 

ဒီကကွက်ရဲ့ လျှို့ဝှက်ချက်ဟာ မိုက်ကယ်ရဲ့ဖိနပ်တွေပါပဲ။ ဖိနပ်ရဲ့ခွာပိုင်းမှာ V ပုံသဏ္ဍန် ပုံဖော်ထားတာပါ။ ကြမ်းပြင်မှာတော့ အဝေးကနေ မမြင်နိုင်တဲ့ ငုတ်လေးတွေကို စိုက်ထားရတယ်။

 

မိုက်ကယ်က သူ့ဖိနပ်နဲ့ ကြမ်းပြင်ကငုတ်လေးကို ချိတ်ထားပြီးမှ ခန္ဓာကိုယ်ကို ယုံကြည်မှုရှိရှိနဲ့ ကွေးညွှတ်ခဲ့တာ ဖြစ်ပါတယ်။ မိုက်ကယ်ရဲ့ ကကွက်တွေဟာ ဒီနေ့အချိန် ပြန်ကြည့်ရင်တောင်မှ မရိုးနိုင်သေးပါဘူး။

 

ဆန်းသစ်တီထွင်တဲ့ ကကွက်တွေ၊ မြူးကြွတဲ့သံစဉ်တွေနဲ့ တစ်ကမ္ဘာလုံးရဲ့အချစ်တော်ဖြစ်ခဲ့ဖူးတဲ့ မိုက်ကယ်ဂျက်ဆင်ဟာ ၂၀၀၉ ခုနှစ် ဇွန်လ ၂၅ ရက်နေ့မှာ ကွယ်လွန်သွားခဲ့တာဖြစ်ပါတယ်။ သူ့ရဲ့ Thriller အယ်လ်ဘမ်ဟာ ချပ်ရေပေါင်း ၆၅ သန်း ရောင်းချခဲ့ရပြီး ကမ္ဘာ့ရောင်းကောင်းဆုံးအယ်လ်ဘမ် ဖြစ်ခဲ့ဖူးပါတယ်။

Share

Loading Next Article...
က္က