“ရည်မှန်းချက်ပန်းတိုင်ဆိုတာ နောက်ဆုံးသတ်မှတ်ချိန်နဲ့အတူ ဖြစ်တည်လာတဲ့ အိပ်မက်တစ်ခုပဲ” လို့ နပိုလီယံက ပြောခဲ့တယ်။

qualitiesyouneedtoreachyourgoals.jpg 

ရည်မှန်းချက်ပန်းတိုင်ကို မရောက်နိုင်သေးဘဲ မကြာခဏကျဆုံးမှုတွေနဲ့ ရင်ဆိုင်နေရတဲ့သူတွေထဲမှာ ကိုယ်လည်းပါလာပြီဆိုရင် ကိုယ်ချမှတ်ထားတဲ့ ရည်မှန်းချက်ပန်းတိုင်ဆက်တင်ရဲ့ ဖြစ်စဉ်တစ်ခုလုံးကို ပြန်ကြည့်ဖို့လိုပါတယ်။ ရည်မှန်းချက်ပန်းတိုင်တစ်ခုချမှတ်တဲ့အခါ အောင်မြင်ဖို့၊ အကျိုးဖြစ်ထွန်ုးဖို့ဆိုတာ ဆက်တင်က အရေးကြီးပါတယ်။ ဒါပေမဲ့ ကိုယ့်ဘက်က လုပ်ဆောင်ချက်မရှိဘူးဆိုရင်တော့ အဲဒါ ပန်းတိုင်အစစ်တစ်ခုကို ချမှတ်ခဲ့တာမဟုတ်ဘူး။ အိပ်မက်လောက်ပဲ မက်ခဲ့တာဖြစ်တယ်။ “ရည်မှန်းချက်ပန်းတိုင်ဆိုတာ နောက်ဆုံးသတ်မှတ်ချိန်နဲ့အတူ ဖြစ်တည်လာတဲ့ အိပ်မက်တစ်ခုပဲ” လို့ နပိုလီယံက ပြောခဲ့တယ်။ အဲဒီတော့ ကိုယ့်မှာ ကြီးမှားတဲ့ပန်းတိုင်တစ်ခု ချမှတ်ပြီးပြီဆိုရင် အောင်မြင်အောင်၊ အကောင်အထည်ပေါ်လာအောင် လက်တွေ့အတကယ် ရုန်းကန်ရမယ်။ အဲဒီလိုမှမဟုတ်ရင်တော့ အဲဒါ အိပ်မက်လိုပဲ မက်လိုက် ပျောက်သွားလိုက်နေမှာပဲ။ ဒါကြောင့် အဓိကကျဆုံးစေတတ်တဲ့အရာတွေကို ရှောင်ရှားနိုင်ဖို့အတွက် ဘာကြောင့်ကျလေ့ရှိကြသလဲဆိုတဲ့အချက်လေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

 

၁။ ရည်ရွယ်ချက် တိတိကျကျမရှိလို့

အကောင်းဆုံးဘဝတစ်ခုကို ရရှိပိုင်ဆိုင်နိုင်ဖို့ဆိုရင် ကိုယ့်ရဲ့ ရည်ရွယ်ချက်နဲ့ အမြင်တွေကလည်း ကြည်လင်ပြတ်သားနေရမယ်။ အနည်းဆုံးတော့ ကိုယ်ချမှတ်လိုက်တဲ့ပန်းတိုင်က ကိုယ့်ရည်ရွယ်ချက် စိတ်ကူးတွေထဲမှာ ကိုယ့်ကို ရှင်သန်နေထိုင်နိုင်ဖို့ ကူညီနိုင်ရလိမ့်မယ်။ ကိုယ့်ရည်ရွယ်ချက်စိတ်ကူးတွေနဲ့ လုံးဝဆန့်ကျင်နေတာမျိုး မဖြစ်သင့်ပါဘူး။

 

၂။ ဘာကြောင့်လဲဆိုတာ မမှတ်မိနိုင်ဖြစ်နေလို့

အရေးအကြီးဆုံးပန်းတိုင်တွေ ချမှတ်ကြတဲ့အခါ နှစ်ရှည်စီမံကိန်းတွေနဲ့ ချမှတ်ရေးဆွဲကြတာများတယ်။ ဒါကြောင့် တစ်နေ့ထက်တစ်နေ့ ကြာလာတဲ့အခါ ကိုယ်ပထမချမှတ်ခဲ့တဲ့ အကြောင်းအရင်းအချို့ကို မေ့သွားနိုင်တယ်။ အဲဒီအခါ ကိုယ့်ရည်မှန်းချက်တွေအောင်မြင်ဖို့အတွက် လိုအပ်တဲ့အချက်အလက်တွေကို နေ့စဉ်နဲ့အမျှ အံကျိတ်ပြီး လိုက်ဖမ်းနေရတာမျိုးဖြစ်လာမယ်။ ဒါကြောင့် ရည်မှန်းချက်ပန်းတိုင် ချမှတ်ပြီဆိုကတည်းက ခေါင်းထဲမှာ ပေါ်လာသမျှကို ချရေးပြီး မှတ်သားထားပါ။

 

၃။ ခေါင်းထဲမှာ အများကြီးထည့်ထားလို့

အိုင်ယာလန်မှာ အသုံးပြုနေကြတဲ့ မှတ်သားစရာ သိပ်ကိုကောင်းတဲ့ စကားပုံလေးတစ်ခု ရှိတယ်။ “ဟိုစပ်စပ် ဒီစပ်စပ်လုပ်တတ်တဲ့သူက ဘာမှဖြစ်မလာတဲ့နေရာမှာတော့ ဆရာကြီးပဲ” တဲ့။ ဟုတ်ပါတယ်၊ အမှန်တကယ် ဖြစ်ရမှာက ကိုယ့်ရည်မှန်းချက်ပန်းတိုင်နဲ့ပတ်သက်သမျှ (သို့) အထောက်အကူဖြစ်စေမယ့်အရာမှန်သမျှကို ရနိုင်သမျှ များများလေ့လာသင့်ပေမဲ့ ကိုယ့်ရည်မှန်ချက်ပန်းတိုင်သွားရာလမ်းပေါ်ကိုပဲ အာရုံစိုက်ပြီးလုပ်သင့်ပါ တယ်။

 

၄။ ဆန္ဒမရှိဘူးဆိုတဲ့အပေါ် အာရုံထားနေလို့

ကိုယ်မလိုချင်၊ မလုပ်ချင်၊ ဆန္ဒမရှိဘူးဆိုတဲ့အရာတွေကလည်း ကိုယ့်အတွက် အလုပ်ဖြစ်အောင် လုပ်ယူနိုင်မယ်ဆိုရင် အသုံးဝင်ပါတယ်။ အဲဒီလို ကိုဆန္ဒမရှိတဲ့အချက်တွေကိုအသုံးချပြီး ကိုယ့်အနေနဲ့ အမှန်တကယ်ဘာတွေ လိုချင်၊ လုပ်ချင်တယ် (သို့) ဆန္ဒရှိတယ်ဆိုတာ သိအောင်လုပ်ယူနိုင်ရမယ်။ ဥပမာ - အလုပ်ထဲမှာ ကိုယ်ဆန္ဒမရှိတဲ့၊ တစ်နည်းအားဖြင့် ကိုယ်နဲ့မကိုက်တဲ့ အလုပ်တစ်ခုခုကို လုပ်နေရတယ်၊ တာဝန်ယူနေရတယ်ဆိုရင် အဲဒါ ကိုယ်ဘယ်လိုနေရာ၊ ဘယ်လိုအလုပ်မျိုးမှာ ဆန္ဒာရှိသလဲ၊ ကိုယ်နဲ့ ဘယ်လိုအလုပ်မျိုးက ကိုက်ညီသလဲဆိုတာဖော်ပြနေတာပဲ။ အဲဒါကို ကိုယ်က သိအောင်လုပ်ယူရပါမယ်။

 

၅။ စိတ်လွှမ်းမိုးခံရတာများလို့

လူအများစုဟာ ကိုယ်ရည်မှန်းချက်ပန်းတိုင်ကို ဖော်ဆောင်ကြတဲ့အခါ လွှမ်းမိုးမှုလွန်ကဲတဲ့ အမြင်တစ်ခုကြောင့် လိုအပ်တဲ့ဆောင်ရွက်မှုတွေကို မလုပ်နိုင်၊ မပြုနိုင် ဖြစ်သွားကြရတယ်။ အဲဒါဘာလဲဆိုတော့ သူတို့ရဲ့စိတ်ထဲမှာ ဖြစ်ပေါ်လာတဲ့ ဒါကတော့ အရမ်းကိုကြီးလွန်းအားကြီးတာပဲ၊ ခက်လွန်းအားကြီးတာပဲ၊ အောင်မြင်အောင်လုပ်ဖို့ လွယ်မှလွယ်ပါ့မလား စတဲ့အတွေးတွေ လွှမ်းမိုးတာကို ခံကြရတာပါ။ အဲဒီအခါ ကိုယ့်ရည်မှန်းချက်အောင်မြင်မှု ရရှိအောင်ဖော်ဆောင်တဲ့အခါ တချို့လိုအပ်တဲ့ကျွမ်းကျင်မှုတွေက လစ်ဟင်းသွားပါတယ်။

အဲဒီတော့ ရည်မှန်းချက်ပန်းတိုင်ကို ဖော်ဆောင်ရာမှာ အဓိကကျဆုံးရတဲ့အကြောင်းက ကိုယ်ဘယ်လိုချမှတ်ခဲ့ တယ်ဆိုတာနဲ့မဆိုင်ဘူး။ ကိုယ်ကြိုက်သလိုချမှတ်လို့ရတယ်။ အဓိကက ပြဿနာက လုပ်ဆောင်ချက်ပဲ။ ကိုယ် ချမှတ်ရွေးချယ်ထားတဲ့ ရည်မှန်းချက်တွေ (သို့) ပန်းတိုင်နဲ့ ကိုက်ညီတဲ့ ကျွမ်းကျင်မှုအချို့လည်း အထိုက်အလျောက်ရှိနေမယ်၊ လုပ်ဆောင်ချက်လည်းရှိနေမယ်ဆိုရင် ဖြစ်နိုင်ပါတယ်။   

Share

Loading Next Article...
က္က