နောက်ဆိုရင် ဒါတွေ ထပ်မလုပ်နဲ့တော့နော်....

မနက်ဘက်က လိမ်းထားတဲ့ မိတ်ကပ်တွေဟာ တစ်နေ့လုံး ကိုယ့်မျက်နှာပေါ်မှာ လှလှပပ နေခဲ့ပြီးပါပြီ။ ညရောက်ပြီဆိုရင်တော့ မိတ်ကပ်တွေကို မျက်နှာပေါ်မှာ ထားဖို့မသင့်ပါဘူး။ မိတ်ကပ်မဖျက်ဘဲ ညအိပ်လိုက်မယ်ဆို အသားအရေက မြန်မြန်ဆန်ဆန်ရင့်ရော်လာမှာနော်။ လိမ်းထားတဲ့မိတ်ကပ်တွေကို ဖျက်တဲ့အခါတိုင်း ဒီအမှားလေးတွေတော့ မလုပ်မိစေဖို့ ဖော်ပြလိုက်ပါတယ်။

 

၁။ လုံးဝဥဿုံမပြောင်ဘူး

ဖျက်တော့ဖျက်တာပဲ။ စိတ်မရှည်တာနဲ့ ပျင်းတာနဲ့ ပေါင်းပြီး မိတ်ကပ်ကို ပြောင်အောင်မဖျက်တာဆိုးတယ်။ လိမ်းထားတာတွေက အဆီတွေ၊ အညစ်အကြေးတွေနဲ့ကပ်ပြီး အသားထဲဝင်ကုန်ရင် မျက်နှာလှလှလေး ပျက်စီးရပါလိမ့်မယ်နော်။ မျက်လုံးမှာလိမ်းထားတာတွေကအစ သေသေချာချာ ပြောင်အောင်ဖျက်ဖို့လိုပါတယ်။

 

၂။ မျက်နှာသုတ်ပုဝါကိုမလဲတာ

မျက်နှာသုတ်ပုဝါတွေကို ၃ ကြိမ် အသုံးပြုပြီးတိုင်း လျှော်ဖို့လိုပါတယ်။ မျက်နှာသုတ်ပုဝါတစ်ထည်တည်းကိုပဲ အကြာကြီးသုံးနေရင် ပုဝါမှာကပ်နေတဲ့ ဆဲလ်သေတွေက မျက်နှာကို ပြန်ကပ်ကုန်ရော။

 

၃။ ပွတ်တိုက်ပစ်တယ်

ဘယ်သူကပြောတုန်း မိတ်ကပ်ဖျက်ရင် wet tissue နဲ့ အားလုံးကို ပွတ်လိုက်ရတယ်လို့။ မျက်လုံးတဝိုက်က မိတ်ကပ်တွေကို ဖျက်တဲ့အခါ တစ်ရှုးအစိုလေးနဲ့ တို့တို့ပြီးမှ ဖျက်ရတာပါ။ အပေါ်ကိုပင့်တင်ပြီးတော့လည်း ဖျက်ပေးရပါတယ်။

 

၄။ Wipe ကိုပဲသုံးတယ်

မိတ်ကပ်ဖျက်တဲ့ တစ်ရှုးအစို (baby wipe) တစ်မျိုးတည်းနဲ့ မိတ်ကပ်တွေ အကုန်လုံးဖျက်ဖို့က မလွယ်ပါဘူး။ မျက်တောင်ကော့ဆေး၊ အိုင်းလိုင်နာ၊ နှုတ်ခမ်းနီ စတာတွေက မိတ်ကပ်ဖျက်ဆေးနဲ့ဖျက်မှသာ အကုန်အစင် ပျက်တာပါ။

 

၅။ မှန်ကန်တဲ့မျက်နှာသစ်ဆေးကိုမသုံးခြင်း

မျက်နှာသစ်ဆေးတွေမှာ scrubbing effect ပါတာကို အမြဲတမ်း မသုံးရဘူး။ အသားအရေ ကြမ်းတမ်းသွားမယ့်အပြင် ချွေးပေါက်တွေကျယ်လာနိုင်တယ်။ ဒါလေးကိုတော့ သတိထားပေါ့။

Source : Prevention

Share

Loading Next Article...
က္က