အရမ်းကို အိပ်ငိုက်လာရင် အိပ်လိုက်မှပဲ အဆင်ပြေတာ။

နေ့လယ်ဘက် ထမင်းစားပြီးချိန်တွေဆိုရင် အရမ်းသိသာတယ်။ ဗိုက်ပြည့်တာနဲ့ မျက်စိက စင်းလာပြီ။ အဲ့လိုဆို တစ်မှေးလောက် မှေးလိုက်ရမှပဲ အဆင်ပြေတယ်။ ညက အိပ်ရေးပျက်ခဲ့လို့ အလုပ်မှာ၊ ကျောင်းမှာ ငိုက်နေတာမျိုး ဆိုလည်း တစ်မှေးလောက် အိပ်လိုက်ဖို့ လိုအပ်ပါတယ်။ တစ်မှေးဆိုတာ အချိန်အားဖြင့် ၁၅ မိနစ်မှ ၄၅ မိနစ်လောက်အထိပါပဲ။ တစ်နာရီတောင် မပြည့်ပါဘူး။ တစ်မှေးမှေးလိုက်မှ ဒီလိုကောင်းကျိုးတွေ ရလာနိုင်မှာပါ။

 

၁။ အိပ်ရေးမဝလို့ လူက အရမ်းနုံးနေတာ။ တစ်မှေးအိပ်လိုက်မှပဲ မောပန်းနုံးချိတာတွေ သက်သာမှာ ဖြစ်ပါတယ်။

၂။ အာရုံကြောတွေလည်း အနားရသွားတော့ အိပ်ပြီးပြန်ထလာတဲ့အခါ ပိုပြီးနိုးကြားလန်းဆန်းနေတယ်။

၃။ သင်ယူလေ့လာမှုပိုင်းမှာ ပိုပြီးတိုးတက်လာသလို မှတ်ဉာဏ်လည်း ပိုကောင်းလာပါတယ်။

၄။ အလွန်အမင်း မောပန်းနေတာကို မဖြစ်စေတော့ဘူး။ မှတ်ရတာများလို့ ခေါင်းပူလာတာကိုလည်း ပျောက်သွားစေတယ်။

 

၅။ အိပ်ရေးဝသွားလို့ လူရောစိတ်ပါ အနားရပြီးနောက်မှာ အလုပ်လုပ်ရတာ ပိုကောင်းလာပါလိမ့်မယ်။

၆။ အာရုံတွေ ပိုပြီးအားကောင်းလာတယ်၊ ဖန်တီးနိုင်မှုစွမ်းရည် မြင့်တက်လာတယ်။

၇။ နေ့လယ်ဘက်မှာ အချိန်အားဖြင့် တစ်နာရီမကျော်အောင် အိပ်စက်ပေးခြင်းက ကျန်းမာရေးကို ကောင်းစေပါတယ်။ ဒါပေမဲ့ တစ်နာရီကျော်အောင် မအိပ်သင့်ဘူး။

 

၈။ စိတ်ထဲမှာလည်း နေလို့ကောင်းသွားတယ်။ ဘာကြောင့်လဲဆိုတော့ အိပ်စက်လိုက်တဲ့အခါ ဦးနှောက်ကပါ အနားရသွားတာဆိုတော့ စိတ်ရှုပ်စရာ စိတ်ညစ်စရာတွေကို ခဏမေ့ထားလိုက်လို့ရတယ်လေ။ ပြန်နိုးလာရင်တော့ ခံစားချက်ကောင်းကောင်းနဲ့ ရှင်းစရာရှိတာတွေကို ရှင်းထုတ်လိုက်လို့ရပါပြီ။

Source : Health Digest

Share

Loading Next Article...
က္က