ဂွမ်းကပ်တစ်ခုကို အချိန် ၆ နာရီထက်ပိုပြီး မထားပါနဲ့။ အသစ်တစ်ခုလဲပါ။

အမျိုးသမီးတစ်ယောက်ရဲ့ဘဝမှာ လစဉ်တိုင်း ကြုံတွေ့နေရတဲ့ ဓမ္မတာကိစ္စက ရှောင်လွှဲလို့မရဘူး။ ဒီရက်တွေမှာ အဆင်ပြေအောင်နေတယ်ဆိုပေမဲ့ ပုံမှန်ထက်တော့ ပိုပြီး သတိထားရတာပါပဲ။ အနေအထိုင်၊ အစားအသောက်ကအစ ဆင်ခြင်ရတယ်။ အထူးသဖြင့်တော့ တစ်ကိုယ်ရေသန့်ရှင်းရေးကို အလေးထားမှ တော်ကာကျပါလိမ့်မယ်နော်။ အဲ့ဒီအတွက်တော့ ပိုပြီးအဆင်ပြေမယ့် တစ်ကိုယ်ရေသန့်ရှင်းရေးပိုင်းဆိုင်ရာ အချက်လေးတွေ မျှဝေလိုက်ပါတယ်။

 

၁။ သီးသန့်အတွင်းခံ

ဓမ္မတာလာချိန်မှာ ဝတ်ဆင်တဲ့ အတွင်းခံတွေကို သပ်သပ်ထားပါ။ Pad (ဂွမ်းထုပ်) ဖြစ်စေ Tampon (ဂွမ်းတောင့်) ဖြစ်စေ အသုံးပြုဖို့အတွက် သင့်လျော်တဲ့ အတွင်းခံဘောင်းဘီ ဖြစ်ရပါမယ်။ ပြီးတော့ အရောင်ရင့်ရင့်တွေက စွန်းထင်းမှုတွေကို မသိသာစေဘူး။

၂။ မှန်ကန်တဲ့ လစဉ်သုံးပစ္စည်း

ဂွမ်းထုပ်၊ ဂွမ်းတောင့်နဲ့ menstrual cup တို့အနက် ကိုယ်နဲ့ကိုက်ညီမယ့်အရာကို ရွေးပါ။ ဒီအရာတွေက လက်ရှိမှာ တစ်ကိုယ်ရေသန့်ရှင်းမှုအတွက် အကောင်းဆုံးပစ္စည်းတွေပါပဲ။ သူများတွေနဲ့ အဆင်ပြေပေမဲ့ ကိုယ်နဲ့က ပြေချင်မှပြေမှာမို့ သူများသုံးတိုင်းလိုက်သုံးဖို့ မလိုပါဘူး။ ပြီးတော့ အမှတ်တံဆိပ် အမျိုးမျိုးကို စမ်းသုံးကြည့်တာလည်း ကောင်းပါတယ်။

 

၃။ ဂွမ်းထုပ်သုံးမယ်ဆို

အတွင်းခံဘောင်းဘီမှာ နေရာမှန်မှန်ကပ်ပါ။ ဝတ်ကြည့်ပြီးလို့ နေရတာ အဆင်မပြေရင် ချက်ခြင်းပြောင်းသင့်ပါတယ်။ မဟုတ်ရင် ပေါင်ပွန်းတာတွေ ဖြစ်လာရော။ ၃ နာရီမှ ၆ နာရီအထိပဲထားပါ။ အချိန်စေ့ရင် အသစ်တစ်ခုနဲ့ လဲမှ ယိုစိမ့်မှုမဖြစ်မှာပါ။ အချိန်ကြာကြာထားခြင်းက ဆီးလမ်းကြောင်းကို အနှောင့်အယှက်ဖြစ်စေပြီး မိန်းမကိုယ်ကိုလည်း ပိုးဝင်စေနိုင်ပါတယ်။ သုံးပြီးသားကိုလည်း လုံးဝပြန်မသုံးပါနဲ့။

၄။ ဆေးကြောပါ

ဓမ္မတာလာနေချိန်မှာ မိန်းမကိုယ်တစ်ဝိုက်ကို သန့်ရှင်းနေအောင် ဆေးကြောပေးဖို့ လိုအပ်ပါတယ်။ ရေနဲ့ပဲဆေးဆေး မိန်းမကိုယ်ဆေးကြောသန့်စင်ရည်ကိုပဲသုံးသုံး အိမ်သာသွားတိုင်းမှာ ဆေးကြောပေးပါ။ ဒီလိုဆိုရင် အနံ့ထွက်တာလည်း လျော့သွားမယ် ၊ ပိုးဝင်နိုင်ခြေလည်း နည်းသွားတယ်။

 

၅။ အသင့်ဆောင်ထား

ကိုယ့်ရဲ့ လစဉ်ရက်ကို မှတ်ထားပါ။ ခေါင်းထဲမှာ မမှတ်မိဘူးဆိုရင်တောင် ပြက္ခဒိန်မှာ ၊ ဖုန်းမှာ မှတ်ထားလို့ရတယ်လေ။ ရက်နီးလာပြီဆိုတာနဲ့ အိတ်ထဲမှာ လစဉ်သုံးပစ္စည်းကို ဆောင်ထားဖို့ လိုတယ်။ ကိစ္စဖြစ်လာချိန်မှာ ချက်ခြင်းထုတ်သုံးနိုင်ဖို့လိုတယ်မဟုတ်လား။

Source : Lifehack

Share

Loading Next Article...
က္က