ဒီလိုလူတွေနဲ့ အချိန်တွေ အလဟဿ အဖြစ်မခံနဲ့တော့

ကောင်းတာတွေကြုံလာရင် မျှဝေဖို့၊ ဆိုးတာတွေကြုံလာရင် ရင်ဖွင့်ဖို့၊ ကောင်းတူဆိုးဘက် အပေါင်းအသင်းတွေ ရှိကြတာပဲ။ မကြာခဏ တွေ့ဖြစ်ကြသလို သိပ်မတွေ့ဖြစ်ကြတာတွေလည်း ရှိတယ်။ ဒါပေမဲ့ ဒီလိုအချက်တွေ ဖြစ်နေပြီဆိုရင်တော့ အဲ့ဒီလူနဲ့ ဆက်ပြီး အပေါင်းအသင်းမလုပ်သင့်တော့ဘူးလို့ စိတ်ပညာရှင်တွေက အကြံပေးထားပါတယ်။

 

၁။ အလုပ်သဘောဆန်တယ်လို့ ခံစားမိနေလား

အပေါင်းအသင်းဆိုတာ ခံစားချက်တွေ၊ လှုပ်ရှားဆောင်ရွက်မှုတွေ အတူမျှဝေလုပ်ဆောင်ကြတာ။ အလုပ်သဘောဆန်ဆန်ကြီး အပေးအယူတွေနဲ့ဆို မမိုက်ဘူးလေ။ တချို့လူတွေက ကိုယ်ကဖြည့်ဆည်းပေးလို့သာ ပေါင်းသင်းနေကြတာမျိုးလည်းရှိတယ်။ ဒီလိုလူမျိုးကို ဆက်မပေါင်းတာကောင်းပါတယ်။

၂။ နှစ်ယောက်လုံး ကျန်းမာရေးယိုယွင်းလာပြီ

ကောင်းအတူ၊ ဆိုးအတူ ဆိုပေမဲ့လို့ ဆိုးတာတွေချည်း လုပ်ဖြစ်နေတယ်ဆိုရင်တော့ နှစ်ယောက်လုံး ဘဝပျက်ဖို့ပဲရှိတော့မယ်။ ကောင်းတာတွေဖြစ်မလာဘဲ သူရောကိုယ်ပါ ပိုဆိုးသွားတာမျိုး မဖြစ်သင့်ဘူးနော်။ အစားတစ်လိုင်း၊ အသောက်တလိုင်း ဆိုသူတွေ သတိထားပါ။

 

၃။ ခြယ်လှယ်ခံနေရတယ်

ကိုယ်ဘာလုပ်လုပ် ဝင်စွက်ဖက်တယ်။ ကိုယ်ပိုင်ရွေးချယ်မှုတွေကို သဘောမတူဘူး။ သူ့စိတ်တိုင်းကျဖြစ်အောင် ကိုယ့်ကို ချုပ်ကိုင်ခြယ်လှယ်လွန်းတယ်ဆိုမှတော့ ဘယ်လိုလုပ် အပေါင်းအသင်းပီသတော့မလဲ?

၄။ ကိုယ်နဲ့ဆင်တူလို့

ဥပမာပြောရရင် နောက်ခံအသိုင်းအဝိုင်း၊ အခြေအနေ စတဲ့ ဘဝဖြတ်သန်းပုံတူနေတဲ့လူတွေက မိတ်ဆွေဖြစ်လွယ်ပါတယ်။ အချင်းချင်းပဲ ပေါင်းရမယ်ဆိုတဲ့စိတ်နဲ့ ပေါင်းသင်းနေကြတာပါ။ တကယ့်ဘော်ဒါစစ်၊ မိတ်ဆွေစစ်ဆိုတာ မတူညီမှုတွေ အများကြီးရှိနေသည့်တိုင် ခင်မင်နေတာဖြစ်ပါတယ်။

 

၅။ တစ်ယောက်ကိုတစ်ယောက်ဖေးမှုမရှိဘူး

သူလိုအပ်နေချိန် ကိုယ်က ရှိနေပေးမှ ကိုယ်ကသူ့အတွက် သူငယ်ချင်းကောင်းဖြစ်မှာ။ ကိုယ်လိုအပ်နေချိန်မှာလည်း သူက ရှိနေပေးနိုင်ရမယ်။ အဲ့ဒီလိုမှမဟုတ်ရင်တော့ တကယ့်ဘော်ဒါရင်းလို့ မခေါ်သင့်တော့ဘူုး။

Source : Business Insider

Share

Loading Next Article...
က္က