အလွယ်ဆုံးနဲ့ အထိရောက်ဆုံးနည်းတွေကိုပဲ ပြောပြထားပါတယ်။

ယောဂဆိုတာ တကယ်စိတ်ပါလက်ပါလုပ်ရင် ခန္ဓာကိုယ်အတွက် ကောင်းမွန်စေတဲ့ ကျင့်စဉ်တစ်မျိုး ဖြစ်ပါတယ်။ ကျန်းမာရေးအတွက်လည်း ကောင်းသလို လူကိုလည်း နုပျိုစေပါတယ်။ ဒီကျင့်ပုံတွေကတော့ အမျိုးသမီးတွေအတွက်ပါ။ ရင်သားတွဲနေတာ၊ သေးတာ၊ တင်းရင်းမှုမရှိတာတွေကို ဒီကိုယ်နေဟန်ထားတွေက ပြန်လည်ပြုပြင်ပေးနိုင်ပါတယ်။

 

၁။ စစ်သည်တော်ပုံစံ

ခြေနှစ်ဖက်ကို ခွဲထားရမယ်။ ဒူးတစ်ဖက်ကိုတော့ အနည်းငယ်ကွေးထားပါ။ ကျန်ခြေကို နောက်ဘက်ကိုဆန့်ထုတ်ရမှာဖြစ်ပြီး လက်နှစ်ဖက်က လေထဲမှာ တန်းနေအောင် ဆန့်ပေးထားရပါမယ်။ အဲ့ဒီအခါ ရှေ့ခြေက ၉၀ ဒီဂရီ ကွေးသွားပြီး ရင်ဘတ်၊ တင်နဲ့ ပေါင်ခြံတို့မှာ တင်းရင်းမှုကို ခံစားရပါတယ်။ ဒီအနေအထားအတိုင်း အသက်ကို ဖြည်းဖြည်းခြင်းရှုပါ။ ပြီးရင် ခြေကိုတစ်ဖက်ကိုပြောင်းပေးရမယ်။ အနည်းဆုံး ၁၀ ကြိမ်လောက် လုပ်ဖို့ လိုပါတယ်။ ရင်သားတွဲကျနေတာတွေကို ပြန်လည်တင်းရင်းစေပါတယ်။

၂။ မြွေဟောက်ပုံစံ

မြွေဟောက်က ပါးပျဉ်းခွက်သလို အနေအထားမျိုး ပြုလုပ်ရမှာဖြစ်ပါတယ်။ ယောဂဖျာပေါ်မှာ မှောက်လျက်အနေအထားနဲ့ စတင်ပါ။ လက်နှစ်ဖက်ကို ကြမ်းမှာထောက်ပြီး ဦးခေါင်းကို အပေါ်ဘက်ဆီကို မော့လိုက်ပါ။ ခါးအောက်ပိုင်း ပေါင်တွေက ကြမ်းပြင်နဲ့လွတ်သွားတဲ့အထိ ဦးခေါင်းကို မော့ပေးရတာ ဖြစ်ပါတယ်။ ပြီးရင် ဦးခေါင်းကို နောက်ကိုကွေးပါ။ ရှေ့ကိုပြန်ကြည့်ပါ။ ပြုလုပ်နေစဉ်အတွင်း အသက်ကို ဖြည်းဖြည်းချင်းရှုပေးရပါမယ်။ လုပ်နိုင်သလောက် များများလုပ်ပေးလေ ကောင်းလေပါပဲ။

 

၃။ လေးပုံစံ

ချက်အောက်ပိုင်းနေရာနဲ့ ခန္ဓာကိုယ်ကို ထိန်းပေးထားရတဲ့ ပုံစံမျိုး ဖြစ်ပါတယ်။ ခြေနှစ်ချောင်းလုံးကို လက်နဲ့ဆုပ်ကိုင်ထားတဲ့အခါ ခန္ဓာကိုယ်က ဟန်ချက်ညီနေပါလိမ့်မယ်။ ရင်သားတွေသာမက တင်ပါးနဲ့ ပေါင်တံတွေကိုပါ လှပစေတဲ့ ယောဂ ကိုယ်နေဟန်ထားမျိုး ဖြစ်ပါတယ်။ ခန္ဒာကိုယ်က အကြောတွေလည်း ပြေလျော့သွားပါလိမ့်မယ်။

 

၄။ တံတား

အလွယ်ဆုံးနဲ့ ထိရောက်တဲ့နည်းပါ။ ကြမ်းပြင်မှာ ပက်လက်လှဲနေကာ လက်နှစ်ဖက်ကို ကြမ်းပြင်နဲ့ထိထားရပါမယ်။ ဒူးကိုဒေါင်ထားပါ။ ပက်လက်အနေအထားအတိုင်း ခါးကို အပေါ်ဘက်ဆီ ဆန့်ပေးရပါမယ်။ လက်ပြင်အောက်ပိုင်းကနေ တောက်လျှောက်လုံး လေထဲမှာ ရှိနေအောင် ဟန်ချက်ကိုထိန်းထားပါ။ ဒီနည်းက ဗိုက်ကိုလည်း ချပ်စေနိုင်ပါတယ်။

Share

Loading Next Article...
က္က