အပေါင်းအသင်းထဲမှာ သရဲကိုလည်း အသေကြောက်၊ သရဲကားကြည့်ရတာကိုလည်း အရမ်းဝါသနာပါတဲ့ လူတွေရှိတယ်မလား။


သရဲတစ္ဆေပုံပြင်တွေဟာ လူ့ယဉ်ကျေးမှုရဲ့ တစ်စိတ်တပိုင်းလိုဖြစ်လာတာ နှစ်ထောင်နဲ့ချီနေပါပြီ။ လူပေါင်းများစွာ ယုံကြည်ထားတာကတော့ သရဲတွေဆိုတာ သေဆုံးပြီးသားလူတွေရဲ့ ကျန်ရစ်တဲ့ ဝိဉာဉ်တွေဆိုတာပါပဲ။ လူသားတွေဆိုတာ စွမ်းအင်အရင်းအမြစ်တစ်မျိုးဖြစ်ပြီး ကျွန်တော်တို့ သေဆုံးသွားပြီးနောက်မှာ ကျွန်တော်တို့ခန္ဓာကိုယ်ထဲကစွမ်းအင်တွေဟာ ဝိညာဉ်အဖြစ်ပုံစံပြောင်းလဲသွားတယ်လို့ လူတွေယုံကြည်ထားကြပါတယ်။ သရဲတစ္ဆေတွေဆိုတာ အကြောင်းတစ်စုံတရာကြောင့် ကမ္ဘာပေါ်မှာ တင်ကျန်ရစ်တဲ့ ဝိဉာဉ်တွေထက် မပိုပါဘူး။ သရဲတစ္ဆေတွေတည်ရှိနေကြောင်း သက်သေပြနိုင်တဲ့ ဘာသက်သေမှ ထင်ထင်ရှားရှား မရှိပေမယ့် တချို့လူတွေကတော့ သရဲတစ္ဆေတွေကို အလွန်အင်မတန်ကြောက်ရွံ့ကြပါတယ်။ သရဲမကြောက်အောင် မိမိကိုယ်ကို ဖြေသိမ့်နိုင်တဲ့နည်းလမ်းလေးတွေကို မျှဝေပေးလိုက်ပါတယ်နော်။

၁။ သင် ဘာလို့ကြောက်နေလဲဆိုတာကို ကိုယ့်ကိုယ်ကိုပြန်မေးပါ

သင့်ရဲ့ သရဲကြောက်ခြင်းကို ရင်ဆိုင်ဖို့ ပထမဆုံးအဆင့်ကတော့ သင့်ရဲ့အကြောက်တရားရင်းမြစ်ကို ဦးဆုံးရှာဖွေပါ။ အကြောက်တရား ဆိုတာ တစ်ခါတလေမှာ ကျွန်တော်တို့ကို အန္တရာယ်ရှိနေကြောင်း အချက်ပြပေးခြင်းဖြင့် ကူညီပေးနိုင်ပေမယ့် တစ်ခါတလေကျပြန်တော့ အကြောက်တရားဆိုတာ ဘာမှန်းမသိတဲ့အရာတစ်ခုကို မသိစိတ်က အလိုအလျောက်တုံ့ပြန်ခြင်းပါပဲ။ အဲဒီခံစားချက်က ဖြစ်နေတဲ့အခြေအနေကို ရှိရင်းစွဲထက် ပိုမိုဆိုးဝါးစေပါတယ်။ ဒါကြောင့် သရဲတကယ်ရှိနေတာလား ဒါမှမဟုတ် မိမိရဲ့မသိစိတ်က မိမိကို ခြောက်လှန့်နေတာလား ဆိုတာကို ကိုယ့်ကိုယ်ကိုပြန်မေးပါ။

၂။ အလွန်အကျူး စိတ်ကူးယဉ်ခြင်းကိုရှောင်ရှားပါ

ကျွန်တော်တို့ရဲ့ စိတ်ထဲမှာကျွန်တော်တို့လိုရာကို ဖန်တီးနိုင်တဲ့ စိတ်ကူးယဉ်နိုင်စွမ်းဟာ ပေါကြောင်ကြောင်အကြောက်တရားနွယ်တဲ့အတွေးတွေကိုလည်း ဖန်တီးနိုင်ပါတယ်။ သင့်အနေနဲ့ တစ်ခါမှ သရဲခြောက်မခံရဖူးရင်တောင် သင့်စိတ်က သင်မြင်ဖူးတွေ့ဖူးတဲ့ ကြောက်မက်ဖွယ်ပုံရိပ်တွေကို ပေါင်းစပ်ပေးပြီး သရဲခြောက်ရတော့မလို စိတ်ကူးတွေကိုပုံဖော်ဖန်တီးပေးတတ်ပါတယ်။ ဒါကြောင့် အဲဒီ စိတ်ကူးယဉ်ပုံဖော်မှုတွေကို သရဲကလုပ်နေတာမဟုတ်ဘဲ သင့်ရဲ့မသိစိတ်ကလုပ်နေတယ်လို့ သိထားသင့်ပါတယ်။ သင့်စိတ်ရဲ့စိတ်ကူးယဉ်ပုံဖော်နိုင်စွမ်းကို သတိရခြင်းဖြင့် သင့်အနေနဲ့ သင့်ရဲ့အတွေးတွေနဲ့ သင့်ရဲ့အကြောက်တရားတွေကို ထိန်းချုပ်လာနိုင်မှာပါ။ ဒါကြောင့် TV ကြည့်တာကိုလျှော့ခြင်းဖြင့် အလွန်အကျူးတွေးတတ်ခြင်းကို လျှော့ချပါ။ TV အစီအစဉ်တွေက ကျွန်တော်တို့ရဲ့နေ့စဉ်အတွေးတွေမှာ အဓိကနေရာက ပါဝင်နေပါတယ်။ သင့်ရဲ့နေ့စဉ် ရုပ်ရှင်နဲ့ TV အစီအစဉ်ကြည့်ရှုနှုန်းကို ထိန်းချုပ်ကန့်သတ်လိုက်ခြင်းဖြင့် မီဒီယာတွေကဖန်တီးနေတဲ့ တကယ်မရှိတာတွေကို တကယ်ရှိတယ်ထင်နေတဲ့ အမြင်တွေကို ရပ်တန့်လာနိုင်မှာပါ။ လှုပ်ရှားလွယ်တဲ့စိတ်ကို ထိန်းချုပ်ဖို့ တရားထိုင်ကြည့်ပါ။ အတွေးတွေကို ပျံ့လွင့်မနေစေဘဲ တစ်နေရာတည်းမှာ စူးစိုက်ထားခြင်းဖြင့် မလိုလားအပ်တဲ့အတွေးတွေကိုခေါင်းထဲက ဖယ်ရှားနိုင်ပါတယ်။

 

၃။ သူတို့က သင့်ကို အန္တရာယ်မပေးနိုင်ဘူးဆိုတာကို သတိရပါ

လူအများစု ယုံကြည်ထားတာက သရဲတစ္ဆေတွေဟာ ကျွန်တော်တို့လူသားတွေကို အန္တရာယ်မပေးနိုင်တဲ့ စွမ်းအားမရှိဘူးဆိုတာပါပဲ။ ဒါကြောင့် သူတို့ဟာ လူသားတွေကို ရုပ်ပိုင်းဆိုင်ရာထိခိုက်ဒဏ်ရာရအောင် မပြုလုပ်နိုင်ပါဘူး။ (သူတို့ဟာ ဝိညာဉ်တွေမျှသာ ဖြစ်ပါတယ်။) လူတွေယုံကြည်ထားတာက သရဲတစ္ဆေတွေဆိုတာ သေဆုံးသွားပြီးသား လူတွေရဲ့ ဝိညာဉ်တွေ (သင့်ကို စိတ်ဝင်စားမှာတောင်မဟုတ်ပါဘူး) ဒါမှမဟုတ် သင်ချစ်တဲ့လူတွေရဲ့ ဝိညာဉ်တွေ (ဘာပဲဖြစ်ဖြစ် သင့်ကိုဒုက္ခရောက်အောင်လုပ်မှာ မဟုတ်ပါဘူး) ပဲဖြစ်ပါတယ်။ ဒါကြောင့် သရဲတစ္ဆေတွေက သင့်ကို နှလုံးခုန်ပိုမြန်အောင်လုပ်နိုင်ရုံကလွဲပြီး ဘာအန္တရာယ်မှ မပေးနိုင်ဘူးဆိုတာကို သိထားရပါမယ်။ တကယ်တမ်းမှာလည်း သရဲတစ္ဆေတွေက လူသားတွေကို ရုပ်ပိုင်းဆိုင်ရာထိခိုက်ဒဏ်ရာရအောင် လုပ်နိုင်ခဲ့တဲ့ သက်သေလုံးဝမရှိပါဘူး။ သရဲတစ္ဆေတွေနဲ့ ပတ်သက်တဲ့ အရပ်ပြောစကားအများစုကလည်း အချက်အလက်ထက် ပုံပြင်တွေ၊ ယုံတမ်းစကားတွေပဲ များပါတယ်။

၄။ သင်ရုပ်ရှင်တွေထဲမှာ မြင်ခဲ့တွေ့ခဲ့တာတွေကို မေ့လိုက်ပါ

ရုပ်ရှင်လောကဟာ လူတွေရဲ့အကြောက်တရားတွေကို အသုံးချပြီး ပရလောကကို လူတွေလိုအပ်တာထက်ပိုပြီး ကြောက်ရွံလာအောင် ဖန်တီးခြင်းဖြင့် ငွေတွေသဲ့ယူနေပါတယ်။ ပရလောကဆိုတာ ရုပ်ရှင်တွေထဲမှာ ပြထားသလောက် ကြောက်စရာ မကောင်းပေမယ့် ရုပ်ရှင်သမားတွေဟာ သရဲတွေ၊ ဝိဉာဉ်တွေနဲ့ အကျွမ်းတဝင်မရှိတဲ့လူတွေရဲ့ အကြောက်တရားကို အသုံးချနိုင်ပါတယ်။ ရုပ်ရှင်တွေထဲမှာ ချဲ့ကားပုံဖော်ထားတဲ့ ပရလောကအကြောင်းတွေကို မေ့ပစ်လိုက်ပြီး ပရလောကဆိုတာကို ပိုပြီး ယုတ္တိတန်ပြီး သဘာဝကျတဲ့ နည်းလမ်းတွေနဲ့ လက်ခံနိုင်ဖို့ပဲ ကြိုးစားသင့်ပါတယ်။

 

Source: Wikihow

Share

Loading Next Article...
က္က