ခြင်တွေ၊ ပိုးဟပ်တွေကို ခင်ဗျားအိမ်နားမကပ်အောင်တားထားနိုင်တဲ့ သဘာဝဆေးမြီးတိုလေးတစ်ခု ရှိနေပါသေးတယ်။


ကျွန်တော်တို့နေထိုင်တဲ့ ကမ္ဘာကြီးမှာ သက်ရှိမျိုးစိတ်ပေါင်းများစွာရှိပါတယ်။ ဂေဟဗေဒသဘောတရားအရ အပြန်အလှန် မှီတင်းနေထိုင်နေကြရတယ်ဆိုပေမယ့်လည်း တချို့သက်ရှိမျိုးစိတ်တွေကတော့ ပွားများနှုန်းမြန်လွန်းတဲ့အပြင် ကျွန်တော်တို့ရဲ့ကျန်းမာရေးကိုပါ အန္တရာယ်ဖြစ်စေနိုင်ပါတယ်။ သူတို့ကြောင့်စိတ်ရှုပ်ရတဲ့အကြိမ်ပေါင်းကလည်း နည်းမယ်မထင်ပါဘူး။ ဟုတ်ပါတယ်။ ကျွန်တော်ပြောနေတာ ခြင်တွေနဲ့ ပိုးဟပ်တွေအကြောင်းပါပဲ။

ခြင်တွေ၊ ပိုးဟပ်တွေကို စိုစွတ်တဲ့ရာသီတွေနဲ့ ခြောက်သွေ့တဲ့ရာသီတွေမှာအတွေ့များပြီး အထူးသဖြင့် ငှက်ဖျား၊ သွေးလွန်တုပ်ကွေးနဲ့ ဆင်ခြေထောက်ရောဂါတို့လို အသက်အန္တရာယ်ကိုထိပါးစေနိုင်တဲ့ ရောဂါပိုးမွှားတွေကို သယ်ဆောင်နိုင်တဲ့ သတ္တဝါတွေ ဖြစ်ပါတယ်။ ရောဂါပိုုးမွှားတွေကို မသယ်ဆောင်နိုင်ဘူးပဲထား။ သူတို့ရဲ့ တဝီဝီမြည်သံတွေ၊ အရေပြားကိုယားယံံအောင် ကိုက်ခဲမှုတွေက လူကိုအာရုံတကယ်နောက်စေပါတယ်။ ပိုးဟပ်တွေဆိုရင်လည်း မီးဖိုချောင်နဲ့စားစရာထားတဲ့နေရာတွေမှာ လျှောက်သွားနေတတ်ပြီး ကလေးလေးတွေအိပ်နေချိန်မှာဆို ကိုက်တတ်ပါသေးတယ်။ ဒီတော့ အဲဒီလိုအာရုံနောက်ဖို့ကောင်းတဲ့ သတ္တဝါတွေကို အိမ်မှာရှိနေစေချင်မှာမဟုတ်ပါဘူး။

ပြီးတော့ သင်းတို့က ညစ်လဲညစ်ပတ်ပါသေးတယ်။ ခြင်တွေ၊ ယင်တွေဟာ အစားအစာတွေထားတတ်တဲ့နေရာတွေမှာ လျှောက်ဝဲနေတတ်ပြီး သူတို့နားတဲ့အစားအသောက်တွေဟာ ဝမ်းပျက်ရောဂါလိုမျိုး ရာသီစာအဖျားအနာရောဂါတွေကိုလည်း ဖြစ်ပွားစေနိုင်ပါသေးတယ်။ အဆိုးဆုံးတစ်ချက်ကတော့ သူတို့ကိုဖယ်ရှားရအရမ်းခက်တာပါပဲ။ ပိုးဟပ်တွေဆို ပိုဆိုးပါတယ်။ ဒါပေမယ့် စိတ်မပူပါနဲ့။ အဲဒီကောင်တွေကို ခင်ဗျားအိမ်နားမကပ်အောင် တားထားနိုင်တဲ့ သဘာဝဆေးမြီးတိုလေးတစ်ခု ရှိနေပါသေးတယ်။

ဈေးကွက်ထဲမှာ ပိုးမွှားတွေကိုဖယ်ရှားပေးနိုင်တယ်လို့ အာမခံထားတဲ့ မှုတ်ဆေးဘူးတွေ၊ လိမ်းဆေးဘူးတွေကို ခင်ဗျားမြင်ဖူးမှာပါ။ ဒါပေမယ့် အဲဒါတွေက လုံလောက်ခြင်းမရှိသလို သူတို့ထဲမှာပါဝင်တဲ့ ဓာတုပစ္စည်းတွေက ခင်ဗျားရဲ့ကျန်းမာရေးကိုလည်း ထိခိုက်စေနိုင်ပါသေးတယ်။ နောက်ထပ်တစ်ခုကတော့ ခင်ဗျားအနေနဲ့ အဲဒီပစ္စည်းတွေကို ဈေးကြီးပေးဝယ်ရတာပါပဲ။

ဒါကြောင့် အောက်မှာဖော်ပြထားတဲ့ သဘာဝဆေးမြီးတိုလေးကို စမ်းသုံးကြည့်ဖို့အကြံပြုပါရစေ။ လုပ်နည်းကတော့...

အသီးအရွက်ဆီ ခွက် တစ်ဝက်စာ၊ ခေါင်းလျှော်ရည် ခွက် တစ်ဝက်စာ၊ ရှာလကာရည် ခွက် တစ်ဝက်စာတို့ကို စပရေးဘူးတစ်ဘူးထဲမှာထည့်ပြီး လှုပ်ခါပေးပါ။ ပြီးရင် ပိုးဟပ်တွေ၊ ခြင်တွေအတွေ့များတဲ့နေရာတွေမှာ ပက်ဖြန်းပေးပါ။ သိပ်မကြာခင်မှာပဲ... အဲဒီကောင်တွေ သုတ်ခြေတင်သွားပါလိမ့်မယ်။ နောက်ထပ်ကောင်းကွက်တစ်ကွက်ကတော့ ခင်ဗျားအနေနဲ့ ဒီ သဘာဝဆေးမြီးတိုကို ကြိုက်တဲ့နေရာမှာ ပက်ဖျန်းနိုင်တာပါပဲ။ ဘာလို့လဲဆိုတော့ သူ့ထဲမှာ ခင်ဗျားမိသားစုနဲ့အိမ်မွေးတိရစ္ဆာန်လေးတွေကို အန္တရာယ်ပြုစေနိုင်တဲ့ဓာတုပစ္စည်းတွေ မပါဝင်လို့ပါပဲ။ နောက်ပြီး ခင်ဗျားသာအလိုရှိမယ်ဆိုရင် သူတို့ကို အရေပြားပေါ်မှာ ခြင်ပြေးဆေးအဖြစ် သုတ်လိမ်းနိုင်ပါသေးတယ်။



ကဲ... sharing is caring ပါပဲ။ ဒီသဘာဝဆေးမြီးတိုလေးအကြောင်းကို ခင်ဗျားမိသားစုဝင်တွေနဲ့ သူငယ်ချင်းတွေသိအောင် share ပေးလိုက်ကြပါဦး။

Source: stoppestinfo

Share

Loading Next Article...
က္က