သပ်ရပ်ကျော့ရှင်းဖို့လည်း အရေးကြီးတယ်။
 

အဝတ်အစားဆိုတာ ဈေးကြီးတာ၊ ဈေးပေါတာထက် ဝတ်တတ်၊ ပြင်ဆင်တတ်ဖို့က အရေးကြီးဆုံးပဲ။ အကျႌတစ်ထည်တည်းကိုပဲ ဝတ်တဲ့လူပေါ် မူတည်ပြီး အမြင်က ကွာသွားတာ။ ကိုယ်ဝယ်ထားတာက တန်ဖိုးကြီးပစ္စည်း မဟုတ်သည့်တိုင်အောင် တန်ဖိုးကြီးတယ်လို့ ထင်မြင်စေဖို့အတွက် နည်းလမ်းတွေ ရှိပါတယ်။

၁။ အပ်ချုပ်ဆရာ

တကယ်တော့ ကိုယ့်ရဲ့ခန္ဓာကိုယ်အတိုင်းအထွာနဲ့ ချုပ်ပြီးဝတ်တာတွေကသာ ကိုယ်နဲ့အလိုက်ဖက်ဆုံးပါ။ ခန္ဓာကိုယ်နဲ့ တစ်သားတည်းဖြစ်နေရင်ကိုပဲ အဝတ်အစားရောလူပါ စမတ်ကျနေတာ။ အပြင်ကဝယ်လာပြီးတာတွေကိုဆိုရင်လည်း ဒီတိုင်းမဝတ်နဲ့။ ပွနေတာတွေ၊ ချောင်နေတာတွေကို ပြန်ပြင်ပြီးမှ ဝတ်သင့်တယ်။

 

၂။ သပ်သပ်ရပ်ရပ်ရှိပါစေ

တွန့်ကြေနေတဲ့ အဝတ်အစားတွေက ဘယ်လောက်ပဲဈေးကြီးတယ်ဆိုဆို လှတယ်လို့ကို မထင်ရဘူး။ ဘာပဲဝတ်ဝတ် သပ်သပ်ရပ်ရပ်ဖြစ်နေဖို့ အရေးကြီးတယ်။ မီးပူတိုက်သင့်တာကိုတိုက်၊ ရေနွေးငွေ့နဲ့ အပူပေးရတာကိုတွေကိုလည်း အပူပေးသင့်တန်ပေး။ သပ်သပ်ရပ်ရပ်ရှိပါစေ။

၃။ Accessories

လည်ဆွဲ၊ နားကပ်၊ အိတ် စတာတွေနဲ့ မွမ်းမံလိုက်ပါ။ ဒါတွေက သင့်ကို ဖက်ရှင်ကျကျနဲ့ အထက်တန်းစားတစ်ယောက်ရဲ့အသွင် ဖော်ဆောင်ပေးနိုင်တယ်။

 

၄။ တစ်ရောင်တည်း

ပွဲသွားပွဲလာရှိတဲ့အခါ အဝတ်အစားကို အရောင်စပ်တာတွေ မဝတ်ဘဲ တစ်ရောင်တည်းဝတ်ကြည့်။ ဥပမာ အပေါ်အဖြူ၊ အောက်အဖြူ ... အဖြူဆွတ်ဆွတ်တွေချည်း။ ဒါမှမဟုတ် အနက်ဆိုလည်း အနက်ပြောင်ကိုမှ အပေါ်ရောအောက်ပါ ခန္ဓာကိုယ်တစ်ခုလုံး တစ်ရောင်တည်းဖြစ်သွားတာမျိုး။ ဒီလိုဆိုရင် အရမ်းကို ထည်ဝါတယ်။

၅။ တောက်ပြောင်မှု

ပြိုးပြိုးပြက်ပြက် တောက်နေရမယ်လို့ မဆိုလိုဘူး။ စီးတဲ့ဖိနပ်၊ လက်ကိုင်အိတ်မှာ ဖုန်တွေကပ်နေတာမျိုး မဖြစ်ဖို့ကို ပြောတာပါ။ တောက်ပြောင်နေအောင် တိုက်ပေးထားရမယ်နော်။

 

၆။ ခြယ်သမှု

မိတ်ကပ်၊ ဆံပင် ပြင်ဆင်ခြယ်သထားတဲ့အခါ အဝတ်အစားကိုပါ အရောင်ဟပ်သွားစေတယ်။ ပွဲတက်တဲ့အခါမျိုးမှာ ဘယ်လောက်ဈေးကြီးတာဝတ်ဝတ် ခြယ်သမှုမပါရင် မပေါ်လွင်နိုင်ဘူး။ ဆံပင်တွေရှုပ်ပွပြီး မျက်နှာအဆီပြန်နေသလားဆိုတာ ကိုယ့်ကိုယ်ကိုယ် မကြာခဏ ပြန်စစ်ဆေးကြည့်ပါဦး။

Source : Bazaar

Share

Loading Next Article...
က္က