လူ့ခန္ဓာကိုယ်အပူချိန်၊ အသက်ရှုထုတ်လိုက်တဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ်တွေက ဂျပိုးတွေကို ဆွဲဆောင်မှုဖြစ်စေတယ်။

ပိုးဟပ်နဲ့ကြွက်ကို ကြောက်ကြတယ်။ ဒါပေမဲ့ ဂျပိုးကိုတော့ ခါးခါးသီးသီးကို မုန်းကြတာပဲ။ အိပ်ရာထဲမှာ နေရာယူထားပြီး ကိုယ့်သွေးတွေကို စုပ်ယူနေတဲ့ ဂျပိုးတွေက အနံ့ဆိုရင်လည်း အော်ဂလီဆန်ချင်စရာ။ ဒါတင်ပဲလားဆိုတော့ ဒီကောင်တွေက အိမ်ထဲရဲ့ ဘယ်နေရာမှာမဆို နေရာယူထားကြပြန်သေးတယ်။

 

၁။ ဘာကြောင့်ဂျပိုးတွေရှိတာလဲ

ဂျပိုးရှိတဲ့အိမ်ဆိုရင် ညစ်ပတ်လို့ ဂျပိုးတွေရှိတယ်ဆိုပြီး ထင်ကြတယ်။ တကယ်တမ်းတော့ ဂျပိုးတွေက သူ့ဘာသာသူရောက်လာကြတာ။ တော်ရုံနဲ့လည်း နှိမ်နင်းလို့မရဘူး။ ပွားတာလည်းမြန်တယ်။ အိမ်တစ်အိမ်က သန့်သည်ဖြစ်စေ ညစ်ပတ်သည်ဖြစ်စေ ဂျပိုးတွေ ရှိနိုင်ပါတယ်။

သင်အကြိုက်တွေ့မယ့်ဆောင်းပါး ---> အိမ်မှာပဲအလွယ်တကူလုပ်နိုင်တဲ့ ခြင်ပြေးဆေး/ ပိုးဟပ်ပြေးဆေး

၂။ ရောဂါပိုးတွေ

တခြားအင်းဆက်တွေနဲ့ မတူတဲ့အချက်ကတော့ ဂျပိုးတွေဟာ လူကိုဘေးဒုက္ခဖြစ်စေမယ့် ရောဂါပိုးမွှားတွေ သယ်ဆောင်လာတာကို ခုချိန်ထိ သက်သေမပြနိုင်သေးပါဘူး။ ဒါပေမဲ့ ဂျပိုးကိုက်လို့ ယားယံတာ၊ အဖုထတာတွေကတော့ ကြုံရပါလိမ့်မယ်။

 

၃။ ညမင်းသားတွေမဟုတ်

နေ့ဘက်မှာ သိပ်မမြင်ရလို့ ဂျပိုးတွေဟာ ညဘက်မှထွက်လာပြီး လူကိုကိုက်တယ်လို့ ထင်ကြတယ်။ ဂျပိုးတွေဟာ နေ့ဘက်မှာလည်း အပြင်ကိုထွက်လာပြီး လူကိုကိုက်ကြပါတယ်။ လူ့ခန္ဓာကိုယ်ရဲ့ အပူချိန်၊ ရှုထုတ်လိုက်တဲ့ ကာဘွန်ဒိုင်အောက်ဆိုဒ်တွေက ဂျပိုးတွေကို ဆွဲဆောင်နိုင်ပါတယ်။

၄။ ပစ္စည်းတွေကိုလွှင့်ပစ်ဖို့မလို

ဂျပိုးကပ်နေတဲ့ ဖျာ၊ အိပ်ရာခင်း၊ စောင် စတာတွေကို လွှင့်ပစ်လိုက်ရင် နှမျောစရာကြီး။ ဂျပိုးသတ်ဆေးတွေထက် ပိုကောင်းတာကတော့ အပူပါ။ အပူငွေ့ပေးတဲ့စက်နဲ့ အပူပေးရင် ဂျပိုးတွေကို တွေ့ရတော့မှာမဟုတ်ဘူး။

 

၅။ မြန်မြန်ရှင်းပစ်

ဂျပိုးတွေဟာ အရမ်းကို ရှင်းရခက်တဲ့အကောင်တွေပါ။ ဂျပိုးအမတစ်ကောင်ဟာ သူ့ရဲ့သက်တမ်းအတွင်းမှာ ဥပေါင်း ၅၀၀ လောက် ဥနိုင်ပါတယ်။ မျိုးပွားရလည်းမြန်သလို အကောင်ပေါက်တာလည်း မြန်တာကြောင့် ဂျပိုးတွယ်ရင် ရှင်းရခက်နေတာပါ။ မြန်မြန်သာ ရှင်းမပစ်ရင် တစ်အိမ်လုံးပျံ့ကုန်မယ်။

Source : Woman Day

Share

Loading Next Article...
က္က