လက်နဲ့ခြေလေးကို ရှေ့နောက်လှုပ်ရှားပြရင် သင်နဲ့အတူ ဆော့ချင်တယ်လို့ ပြော

ကြောင်လေးတွေမွေးရတာ စိတ်ရှည်တတ်သူဆိုမှ အဆင်ပြေလိမ့်မယ်။ သူတို့က အယုအယလည်းကြိုက်တတ်သေးတယ်။ လူနားမှာ ပွတ်သီးပွတ်သပ်နဲ့နေပြီး တညောင်ညောင်နဲ့ နောက်ကနေ တကောက်ကောက်လိုက်တတ်ကြတယ်မဟုတ်လား။ တစ်ခါတစ်လေမှာ သူတို့ရဲ့အမူအရာကိုကြည့်ပြီး ဘာကိုဆိုလိုချင်နေမှန်းမသိ နားလည်ရခက်နေမိတယ်။ ကြောင်တွေရဲ့ အမူအရာတွေကိုကြည့်ရင် သူတို့ဘာလိုချင်တယ်ဆိုတာကို ခန့်မှန်းလို့ရပါတယ်။

 

၁။ အမြီး

- အမြီးကို အပေါ်ထောင်ထားပြီး ထိပ်ပိုင်းလေးကွေးနေရင် ပျော်နေတာ။

- အမြီးကို မကြာခဏယမ်းနေရင် စိတ်လှုပ်ရှားနေတယ်ဆိုတဲ့သဘော။

- အမြီးကိုဖွာထားရင် အရမ်းကိုစိတ်လှုပ်ရှားနေတယ်၊ ကြောက်လန့်နေတယ်။

- အမြီးလေးက ခပ်ဖြည်းဖြည်းချင်းလှုပ်ခါနေရင်တော့ သင့်ကိုမြင်ပြီးပျော်နေတာပါ။

- ခန္ဓာကိုယ်ကိုရှေ့ကိုကိုင်းပြီး အမြီးက အပေါ်ဘက်ကို တုတ်ချောင်းလို တောင့်တောင့်ကြီးဖြစ်အောင် ထောင်ထားရင်တော့ ကိုယ့်ကိုယ်ကိုယ်ကာကွယ်ဖို့ အသင့်ပြင်ထားတာပါ။

- အမြီးက တစ်ဖြောင့်တည်းပဲ။ ဒါပေမဲ့အပေါ်ကိုထောင်နေတာမဟုတ်ဘူး ခပ်စောင်းစောင်းလေးဖြစ်နေတာ။ ဒါဆိုရင်တော့ သူမကြိုက်တာ တစ်ခုခုရှိနေပြီ။

- ဘယ်ညာယမ်းနေတဲ့ အမြီးကတော့ သူစိတ်တိုနေတယ် ဒါမှမဟုတ် ဆော့ကစားချင်နေတယ်ဆိုတဲ့ သဘောပါပဲ။ တစ်ကောင်တည်း လွှတ်ထားပေးလိုက်တာ အကောင်းဆုံးပဲ။

 

၂။ မျက်လုံး

- သင့်မျက်လုံးကို တည့်တည့်ကြည့်နေတယ်ဆိုရင် ကြောင်ကလေးက သင့်ကိုယုံကြည်တဲ့သဘောပါ။ သင့်အနားမှာပဲ နေချင်ပါသတဲ့။

- မျက်လုံးလေးစွေပြီး မျက်တောင်ခတ်ရင် သူ့စိတ်တည်ငြိမ်နေတယ်။ လုံခြုံစိတ်ချမှုကို ခံစားနေရတယ်။

 

၃။ ကိုယ်ဟန်မူရာ

- ခေါင်းလေးဝှေ့၊ ကိုယ်လုံးနဲ့ပွတ်သပ်တာကတော့ သူက သင့်ကိုချစ်ခင်ကြောင်းပြသနေတာပါ။ ကြိုဆိုနှုတ်ဆက်တာလည်း ဖြစ်ပါတယ်။

- လျှာနဲ့လျက်ရင်တော့ သင့်ကို သူ့မိသားစုလိုမျိုး သဘောထားပါသတဲ့။

- တစ်ခါတစ်လေမှာ ဆံပင်တွေကို လာဝါးတယ်။ ကိုက်တယ်။ အမှန်တော့ ကြောင်တွေရဲ့သဘာဝအတိုင်း ချစ်ခင်တဲ့လူတွေကို သန့်ရှင်းရေးလုပ်ပေးနေတာ။ ချစ်လွန်းလို့နော်။

- လက်နဲ့ခြေလေးကို ရှေ့နောက်လှုပ်ရှားပြရင် သင်နဲ့အတူ ဆော့ချင်တယ်လို့ ပြောနေတာပါ။ ပူစီလေးတွေဆို ဒါမျိုးခဏခဏလုပ်ပြတယ်။

 

Source : Bright Side

Share

Loading Next Article...
က္က