ှကဲ... ဒီတစ်ခါ "Saw sheep Large" လို့ လာမေးရင် "Mad Sheep Dog Bad Fish Large?" လို့ပြန်ဖြေပြီး ဒီဆောင်းပါးအောက်ကိုသာ မန်းရှင်းခေါ်ပေးလိုက်ပါ... အားတီတို့၊ အောမေတို့ရေ။


ဘော်ဒါတွေအကုန်လုံးက RS ဖြစ်နေပြီး ကိုယ့်ကို "Saw Sheep Large= စော်ရှိလား" "Bell Sheep Large= ဘဲရှိလား" ဆိုပြီး နှိမ်လာတဲ့အခါ ဘာမှစိတ်ဓာတ်ကျစရာမလိုပါဘူး။ "Mad Sheep boobs= မရှိဘူး" လို့ ရဲရဲဝံ့ဝံ့ပြန်ပြောနိုင်စေဖို့ Single (Not FA) ရဲ့ကောင်းကွက်လေးတွေကိုဝေမျှပေးလိုက်ပါတယ်။

၁။ မိမိကြိုက်နှစ်သက်ရာတီဗွီအစီအစဉ်ကို ကြည့်လို့ရပါတယ်

5-reasons-being-single-in-your-teens-is-the-best.jpg

တီဗွီရီမု လိုက်လုနေစရာမလိုတော့ပါဘူး။ ညနေရုံးဆင်းလို့ ရေမိုးချိုးထမင်းစားပြီး တီဗွီရှေ့ထိုင်မယ်ကြံလိုက်တာနဲ့ ကိုရီးယားကားနဲ့တိုးနေတာမျိုး ကြုံစရာမရှိတော့ပါဘူး။ မိန်းကလေးတွေဆိုလည်း ပရီးယားလိဂ် ပွဲကောင်းနေလို့ ဖေ့စ်ဘွတ်ခ်ပေါ်မှာ စတေးတပ်ခ်တက်ရေးပြီး စိတ်ကောက်ပြနေစရာမလိုတော့ပါဘူး။ မိမိတို့ကြိုက်နှစ်သက်ရာ တီဗွီအစီအစဉ်ကို လွတ်လွတ်လပ်လပ်ကြည့်လို့ရပါပြီ။

၂။ သတင်းလိုက်ပို့နေစရာမလိုတော့ပါဘူး

ဘယ်သွားမယ်၊ ဘာလုပ်မယ်၊ ဘယ်နေရာကိုရောက်နေပြီ၊ ဘယ်အချိန်ပြန်ရောက်မယ် စသဖြင့် သတင်းလိုက်ပို့နေရတာ စိတ်ရှုပ်ဖို့ကောင်းပါတယ်။ တစ်ခါတလေ မေ့ပြီးသတင်းမပို့မိရင် အရစ်က ခံရနိုင်ပါသေးတယ်။ Single ဘဝမှာတော့ ဘယ်သူ့ကိုမှသတင်းပို့နေစရာမလိုတော့ဘဲ ကိုယ်သွားချင်တဲ့နေရာကို သွားချင်သလိုသွား၊ နေချင်သလိုနေလို့ရပါတယ်။ Night လေး Out လိုက်၊ ဘားလေး ထိုင်လိုက်နဲ့ သာသာယာယာပါပဲ။

၃။ အွန်လိုင်းမှာ အေးအေးဆေးဆေးကြူလို့ရပါပြီ



လူမှုကွန်ရက်တွေတအားတွင်ကျယ်လာပြီး ရွေးချယ်စရာလူမှုကွန်ရက်တွေလည်း မှိုလိုပေါက်လာတဲ့အခါ လူတွေရဲ့ဆက်သွယ်မှုကွန်ရက်နယ်ပယ်ကလည်း ပိုကျယ်လာပါတယ်။ အရင်တုံးကဆို ရပ်ကွက်ထဲကို အသစ်ပြောင်းလာတဲ့ကောင်မလေးအိမ်ရှေ့မှာ သီချင်းသွားဆိုရုံလောက်ပဲ ကြူလို့ရပေမယ့် ဒီခေတ်မှာတော့ စမတ်ဖုန်းတစ်လုံးရှိရင် ကြူချင်သလောက်ကြူလို့ရပါပြီ။ Facebook Messenger ထဲက My Days မှာ Wow လေးသွားပေးလိုက်၊ Love လေးသွားပေးလိုက်လုပ်ရင်း ကြူချင်ကြူလို့ရသလို Tinder လို Dating App တွေကလည်း သွားကြူနိုင်ပါသေးတယ်။ အဲလိုကြူမိတဲ့အတွက် ကွိုင်အရှာခံရမှာမဟုတ်သလို ဗိုက်ခေါက်ကြောလည်း လိမ်ဆွဲခံရမှာမဟုတ်ပါဘူး။



၄။ ဘယ်ဝက်ဘ်ဆိုဒ်တွေကိုဝင်ကြည့်ထားလဲ သူများသိမှာမစိုးရိမ်ရတော့ပါဘူး

တစ်နေ့တစ်ခါ Google Chrome Browser ရဲ့ Browsing history (ကိုယ်ဒီနေ့ဘယ်ဝက်ဆိုဒ်တွေကို ဝင်ကြည့်ထားလဲဆိုတာကိုမှတ်သားပေးထားတဲ့ history) ကို ပြန်ရှင်းနေစရာမလိုတော့ပါဘူး။ ခင်ဗျား ဘာဝက်ဘ်ဆိုဒ်တွေကြည့်နေတယ်ဆိုတာကို လိုက်စစ်ဆေးမယ့် စော်မှမရှိပဲ။ အေးအေးလူလူကိုယ်ကြည့်ချင်တဲ့ ဝက်ဘ်ဆိုဒ်ကို စိတ်ဖြောင့်လက်ဖြောင့်ကြည့်လို့ရပါပြီ။ (Ya know what I mean ;) )

၅။ အရစ်မခံရတော့ပါဘူး

တွဲလာတာကြာပြီဖြစ်တဲ့ RS သမားတွေဆိုရင် ဘယ်ဆိုင်မှာဘာသွားစားမယ်၊ ပြီးရင်ဘာသွားလုပ်မယ်ဆိုတာက အစ ငြင်းခုန်နေရတာစိတ်ရှုပ်ဖို့ကောင်းပါတယ်။ ပြီးရင် သွားရင်းလာရင်း ကောင်မလေးတွေ လှလို့ ငေးမိရင် အရစ်ခံရနိုင်ပါသေးတယ်။ Single သမားဆိုရင်တော့ ကိုယ်ကြိုက်တဲ့နေရာကိုကြိုက်သလိုသွား၊ ကြိုက်တဲ့ကောင်မလေးကို ကြိုက်သလိုထိုင်ငမ်းလို့ရပါတယ်။ ဘယ်လောက်တောင် လွတ်လပ်လိုက်တဲ့ single ဘဝပါလဲ။

၆။ မင်္ဂလာဆောင်အတွက် ပိုက်ဆံကြိုစုနေစရာမလိုတော့ပါဘူး



ခင်ဗျားသာ RS ရှိမယ်ဆိုရင် သမီးရည်းစားဘဝမှာပဲတစ်သက်လုံးနေလို့မရပါဘူး။ တစ်နေ့မှာလက်ထပ်ဖို့အတွက် ကြိုတင်ပြင်ဆင်ရ၊ ငွေစုရမှာပါ။ အဲဒီလိုအနာဂတ်ရည်မှန်းချက်မရှိတဲ့လူနားလည်း ဘယ်မိန်းမ (သို့) ယောကျ်ားမှကြာကြာမခံပါဘူး။ အဲဒီလိုမင်္ဂလာဆောင်ဖို့အတွက် စုရဆောင်းရတာလည်း လွယ်ကူတဲ့အလုပ်တော့မဟုတ်ပါဘူး။ မသုံးရက်၊ မစွဲရက်၊ မစားရက်၊ မသောက်ရက်နဲ့ စုရတာပါ။ Single တွေကတော့ ဒါတွေတွေးပူနေစရာမလိုတော့ပါဘူး။ ကိုယ်ရှာထားတဲ့ပိုက်ဆံကို ကိုယ်ကြိုက်သလိုလွတ်လွတ်လပ်လပ်သုံးလို့ရတာ RS တွေမရနိုင်တဲ့ ဘဏ္ဍာရေးလွတ်လပ်မှုပါပဲ။

၇။ သူများတနေ့ထားသွားမလားဆိုပြီး တွေးပူနေစရာမလိုတော့ပါဘူး

RS တွေလည်း အမြဲတမ်းချစ်ချစ်ခင်ခင် နေနိုင်ကြမှာမဟုတ်ပါဘူး။ စနိုက်ကြော်တွေ၊ ကြာကူလီတွေပေါလွန်းတဲ့ခေတ်ကြီးထဲမှာ ကိုယ့်လူ ဘယ်အချိန်သူများနောက်ပါသွားမလဲဆိုတာ ကိုယ်ကြိုသိနိုင်တဲ့ကိစ္စ မဟုတ်ပါဘူး။ လောကမှာ ကိုယ့်ဘက်ကချစ်နေပါရက်နဲ့ အထားခဲ့ခံရတာဟာ ခံစားလို့သိပ်ကောင်းလှတဲ့ခံစားချက်တော့မဟုတ်ပါဘူး။ တစ်ခါခဲမှန်ဖူးတဲ့စာသူငယ်တွေဆို နောက်တစ်ခါ ခဲများလာမှန်လေမလားဆိုပြီး သံသယဝင်လာတတ်တာလည်းအဆန်းတော့မဟုတ်ပါဘူး။ Single ဘဝနဲ့အပူမရှာဘဲနေမယ်ဆိုရင်တော့ ကိုယ့်လူဘယ်အချိန်သူများနောက်ပါသွားမလဲ ပူနေစရာမလိုတော့သလို တစ်နေ့နေ့တစ်ချိန်ချိန်မှာ စိတ်ကုန်သွားမှာကိုလည်းပူနေစရာမလိုတော့ပါဘူး။

ှကဲ... ဒီတစ်ခါ "Saw sheep Large" လို့ လာမေးရင် "Mad Sheep Dog Bad Fish Large?" လို့ပြန်ဖြေပြီး ဒီဆောင်းပါးအောက်ကိုသာ မန်းရှင်းခေါ်ပေးလိုက်ပါ... အားတီတို့၊ အောမေတို့ရေ။

 

Share

Loading Next Article...
က္က