အေးနေအောင်ထားပါ။ ခဲနေအောင်တော့ မထားနဲ့။

သိပ်မကြာသေးခင်ကမှ ရှန်ပိန်တစ်ပုလင်းလောက် ဝယ်လာမိတယ်ဆိုရင် အဲ့ဒီရှန်ပိန်ပုလင်းဟာ ရေခဲသေတ္တာထဲ ရောက်နေလောက်ပါပြီ။ ဘယ်သူကမှ ရှန်ပိန်ပူပူနွေးနွေးကို မကြိုက်ဘူးလေ။ အေးစက်စက်ရှန်ပိန်ကမှ အရသာရှိတာမဟုတ်လား။

 

ဒါပေမဲ့ ရှန်ပိန်ပုလင်းတွေဟာ ရေခဲသေတ္တာထဲမှာမထားရင် ပိုကောင်းပါတယ်။ အေးချင်လို့ဆိုလည်း ခဏလောက်ပဲထားပေါ့။ ဘာကြောင့်လဲဆိုတော့ ရှန်ပိန်ဟာ ရေခဲသေတ္တာထဲမှာ အချိန်ကြာကြာထားလေလေ အနံ့အရသာ လျော့သွားလေလေ မို့လို့ပါပဲ။ ရှန်ပိန်အေးအေးလေး သောက်ချင်ရင် သောက်ခါနီး ၁၅ မိနစ်လောက်အလိုမှာ ပုလင်းကို ရေခဲပုံးထဲစိမ်ထားတာက အကောင်းဆုံးဖြစ်ပါတယ်။

 

ဖွင့်သောက်ပြီးပိုနေတဲ့ ရှန်ပိန်ပုလင်းတွေကိုတော့ ရေခဲသေတ္တာထဲမှာ ၃ ရက်လောက် ထည့်ထားတဲ့အထိက ကိစ္စမရှိသေးပါဘူး။ ရေခဲသေတ္တာထဲမှာထည့်ထားတာ ၃/၄ ရက် ကျော်လာပြီဆိုရင်တော့ ရှန်ပိန်ထည့်လိုက်ရင် မြင်နေရတဲ့ ပူစီဖောင်းလေးတွေက ပြောင်းလဲသွားပါလိမ့်မယ်။ လေထုစွတ်စိုမှုနည်းတဲ့နေရာမှာ ထားလို့ ဖြစ်ပါတယ်။ ပုလင်းအဆို့လေးက ခြောက်သွေ့လာတဲ့အခါမှာလည်း ရှန်ပိန်က ဓာတ်ပြုမှု (oxidize) မြန်မြန်ဖြစ်လာပြီး အနံ့ပြောင်းသွားနိုင်ပါတယ်။ အဖုံးမဖွင့်ရသေးတဲ့ ရှန်ပိန်ပုလင်းတွေကိုတော့ အလင်းရောင်နည်းပြီး အပူချိန်တစ်သမတ်တည်းဖြစ်နေတဲ့ အေးတဲ့နေရာမှာ သိမ်းသင့်ပါတယ်။

Source : Huffpost

Share

Loading Next Article...
က္က