ဆယ်နာရီမတိုင်ခင် အလုပ်လုပ်ရတာဟာ ခေတ်သစ်ညှင်းပန်းမှုတစ်မျိုးလို့တောင် သုံးသပ်ကြည့်လို့ ရသလိုပါပဲတဲ့။
 

မနက် ဆယ်နာရီမတိုင်ခင် အလုပ်လုပ်ရတဲ့ ဝန်ထမ်းတွေဟာ ကိုယ်တွင်း အချိန်မှတ် ဖြစ်စဉ်မှာ ပြသနာတွေ ဖြစ်ပွားလာနိုင်ပြီး ခန္ဓာကိုယ်အလုပ်လုပ်မှု ဟန်ချက်မညီတာတွေ ဖြစ်လာတယ်လို့ သိရပါတယ်။ အောက်စဖို့ဒ် တက္ကသိုလ်က သုတေသနသမား ပေါကယ်လီပြုလုပ်ခဲ့တဲ့ သုတေသနတစ်ခုမှာ မနက် ဆယ်နာရီမတိုင်ခင် အလုပ်လုပ်ရတာဟာ ခေတ်သစ်ညှင်းပန်းမှုတစ်မျိုးလို့တောင် သုံးသပ်ကြည့်လို့ ရသလိုပါပဲတဲ့။

သူ့အဆိုအရ လူသားရဲ့ ခန္ဓာကိုယ်မှာ သဘာဝအရကို သူ့ကိုယ်ပိုင် ဇီဝနာရီဆိုတာ ရှိပါတယ်။ ဒါကို circadian rhythm (ကိုယ်တွင်းသဘာဝအချိန်မှတ်ဖြစ်စဉ်) လို့ခေါ်ပါတယ်။ အဆိုပါဖြစ်စဉ်ဟာ ဦးနှောက်ရဲ့လှုပ်ရှားမှု၊ စွမ်းအင်အဆင့်၊ ဟော်မုန်းထုတ်လုပ်မှုကနေ ခန္ဓာကိုယ်ရဲ့ အချိန်ပေါ် သိရှိမှုတွေကိုပါ သက်ရောက်တာ ဖြစ်ပါတယ်။  ၁၀ နာရီမတိုင်ခင် အလုပ်လုပ်သူတစ်ဦးမှာ ကိုယ်တွင်းသဘာဝအချိန်မှတ်ဖြစ်စဉ် အပြောင်းအလဲ ဖြစ်တယ်လို့ ဆိုပါတယ်။

(သင်စိတ်ဝင်စားနိုင်တဲ့သတင်း - အောင်မြင်မှုမရှိသူတွေထံမှာ တွေ့ရလေ့ရှိတဲ့ အကျင့် (၈) ခု)

 

များသောအားဖြင့်တော့ လူတွေဟာ သူတို့အလုပ်တွေကို မနက် ၇ နာရီ၊ ၈ နာရီမှာ စတတ်ပါတယ်။ စုစုပေါင်း ၈ နာရီကြာအောင် လုပ်တတ်ကြပါတယ်။ ကယ်လီရဲ့ အဆိုအရ အလုပ်ချိန်တစ်နေ့ရှစ်နာရီဆိုတာ လူတစ်ယောက်ဆီက ထုတ်လုပ်နိုင်မှုကို အများဆုံးရယူဖို့ ပြုလုပ်ထားတာ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီစည်းမျဉ်းဟာ လူရဲ့ ကိုယ်တွင်း သဘာဝအချိန်မှတ်ဖြစ်စဉ်ကို သတိမပြုမိဘူးလို့ ဆိုပါတယ်။

"ကျွန်တော်တို့မှာ အိပ်ချိန်မလောက်လူ့အဖွဲ့စည်းတစ်ခုရှိပါတယ်။ ဒါဟာ နိုင်ငံတကာ ပြသနာလည်း ဖြစ်ပါတယ်။ လူတိုင်းဟာ သူတို့ခံစားဖို့မလိုတာကို ခံစားနေရပါတယ် " လို့  UK သိပ္ပံပွဲတော်မှာ ပြောကြားခဲ့ပါတယ်။

မနက် ၁၀ နာရီမတိုင်ခင် အစောကြီး အလုပ်လုပ်ရသူတွေဟာ စိတ်ပိုင်းဆိုင်ရာဖိအားတွေ တွေ့ကြုံရမယ့် အလားအလာရှိနေပါတယ်။ ရေရှည်မှာ အန္တာရယ်ရှိတဲ့ ရောဂါတွေ ဖြစ်ပွားလာနိုင်တာလည်း ဖြစ်ပါတယ်။ ပျော်ရွှင်မှုနဲ့ အလုပ်လုပ်နိုင်မှု နှစ်ခုစလုံးကို ရရှိဖို့ အလုပ်သမားတွေရဲ့ အလုပ်ချိန်တွေကို ပြင်ဆင်ဖို့ လိုအပ်တယ်လို့ ကယ်လီက ပြောကြားထားပါတယ်။

Photos & Source: Articles of Health Care

Share

Loading Next Article...
က္က