ကမ်းခြေမှာ မင်္ဂလာပွဲလုပ်ဖို့ စုံတွဲအများစုက စိတ်ဝင်စားလာကြပါပြီ။ ဒီတော့ အများစုစိတ်ဝင်စားကြတဲ့ ကမ်းခြေမင်္ဂလာပွဲလေးကို အခြားသူတွေနဲ့မတူအောင် လုပ်မယ်ဆိုရင်တော့ အောက်မှာဖော်ပြထားတဲ့ အချက်လေးတွေကို ဖတ်ကြည့်ဖို့ ညွှွန်လိုက်ပါရစေ။
သူများတွေနဲ့မတူတဲ့ မင်္ဂလာပွဲအချိန်ကိုရွေးပါ
အများအားဖြင့် ကမ်းခြေမှာလုပ်တဲ့ မင်္ဂလာပွဲတွေဟာ နေ့ခင်းပိုင်းတွေမှာ ပြုလုပ်လေ့ရှိပါတယ်။ ကိုယ်တိုင်ရော ဧည့်သည်တွေရော ချွေးလေးတွေတစိုစိုတော့ ဖြစ်နေပေမယ့် နေရောင်အောက်မှာ အကောင်းဆုံးဓါတ်ပုံတွေကိုတော့ ဓါတ်ပုံဆရာက ရရှိပါလိမ့်မယ်။
မနက်အစောပိုင်း ဖြစ်ဖြစ် ဒါမှမဟုတ်ညနေခင်းကနေ ညဘက်အထိပါတီလုပ်တာမျိုးဖြစ်ဖြစ်ရွေးချယ်သင့်ပါတယ်။
အရောင်တောက်တောက်ကလေးတွေ ရွေးချယ်ပါ
ကမ်းခြေက လှပနေသလို သဲတွေကလည်း သဘာဝအလှကို ပိြုပီးတောက်ပစေပါတယ်။
ဒါကြောင့် မင်္ဂလာပွဲအတွက် အရောင်ရွေးချယ်တဲ့အခါမှာ ကမ်းခြေနဲ့ သဲတွေ ၊ ရေတွေနဲ့လိုက်ဖက်တဲ့ တောက်ပတဲ့ လိမ္မော်ရောင် ၊ စိမ်းပြာရောင် ၊ ပန်းဆီရောင်အရင့်လေးတွေ စသဖြင့်ရွေးချယ်ကြပါတယ်။
လက်ကိုင်ပန်းကို သေချာစဉ်းစားရပါမယ်
နွေရာသီမှာ ပန်းတွေအမျိုးအစားအများကြီးရှိပါတယ်။ ဒါပေမဲ့ ကိုယ့်မင်္ဂလာပွဲမှာ သင့်တော်လိုက်ဖက်တဲ့ ပန်းကိုရွေးချယ်ရမှာ က သင့်တာဝန်ပါပဲ။ လက်ကိုင်ပန်းလေးတွေကိုယ်စီနဲ့ သတို့သမီးအရံလေးတွေကလည်း သင့်မင်္ဂလာပွဲမှာ အဓိကကျတဲ့နေရာမှာပါနေတာမို့ သူများနဲ့မတူအောင်တော့ စဉ်းစားရပါမယ်။
ခရုခွံတွေကို ကျော်လိုက်ပါ
ပုံမှန်အားဖြင့် ကမ်းခြေကမင်္ဂလာပွဲတွေမှာ ခရုခွံတွေ ၊ ကြယ်ငါးပုံတွေ စသဖြင့် ဆင်တူလေးတွေ ဒီဇိုင်းဆင်လေ့ရှိပါတယ်။ ကိုယ့်ရဲ့ပွဲကို တတ်ရောက်လာမယ့်သူတွေ တအံ့တသြဖြစ်စေချင်တယ်ဆိုရင်တော့ မတူညီတဲ့ပုံစံမျိူး ကိုတွေးတောပြီး လုပ်ဖို့လိုပါတယ်။
ဧည့်သည်တွေရဲ့ စိတ်သက်သောင့်သက်သာရှိမှု ဂရုပြုပါ
ကမ်းခြေမှာ လုပ်တဲ့ ဧည့်ခံပွဲတွေဟာ လမ်းတော်တော်လျှောက်ရတာလည်း သတိပြုပါ။ ဒါကြောင့် ရေပုလင်းတွေ ၊ လက်ကိုင်ယပ်ကလေးတွေ ၊ fans သေးသေးလေးတွေ ၊ နေရောင်ကာဆေးလေးတွေ အလွယ်တကူထားရှိပေးခြင်းဖြင့် ဧည့်သည်တော်တွေ စိတ်ကျေနပ်စေမှာပါ။
ဧည့်ခံမယ့်အစားအစာ သတိပြု
အစားအသောက်ကို ပူပူလောလောနဲ့ အများကြီးဖန်တီးထားတာထက် ပေါ့ပေါ့ပါးပါး အလွယ်တကူစားသောက်နိုင်သလို လတ်ဆတ်တဲ့ အစားအသောက်တွေ ၊ အအေးတွေ ၊ သောက်စရာအစုံအလင်ပါဝင်တာက ပိုကောင်းပါတယ်။
အအေးနဲ့ သောက်စရာအစုံအလင်
ဧည့်သည်တွေအခမ်းအနားကိုရောက်လာတာနဲ့ သံပုရာရေလေး ဒါမှမဟုတ်ရေအေးအေးလေး အရင်ကမ်းခြင်းက စိတ်သက်သောင့်သက်သာဖြစ်စေပါတယ်။ ဒီအချိန်မှာ အရက်နဲ့ပတ်သတ်တာမျိုးသွားမကမ်းပါနဲ့ဦး.။ ဘာလို့လဲဆိုတော့ ပါတီမစခင်မှာ ဧည့်သည်တွေ ရေဓါတ်တွေနည်းပြီး အဆင်မပြေဖြစ်တာ သင်လည်းမလိုချင်ဘူးမဟုတ်လား။
ဧည့်ခံပွဲကိုတတ်လာတဲ့သူတွေရဲ့ ဖိနပ်ကို စောင့်ကြည့်ပေးဖို့ စီစဉ်ရပါမယ်
ကမ်းခြေမှာ လုပ်တဲ့ပွဲဖြစ်တာကြောင့် ပွဲတတ်လာသူတွေမှာ ကုတ်အကျီၤတွေမပါလာပါဘူး။ ဒါပေမယ့် သဲတွေနစ်ဝင်မှာစိုးလို့ ဖိနပ်ချွတ်ထားမယ့်သူတွေအတွက် ဖိနပ်တွေထိန်းသိမ်းပေးရပါမယ်။ ဒါအပြင့် ဖိနပ်အပါးလေးတွေလည်း ဆောင်ထားသင့်ပါတယ်။ ပြီးရင် သဲတွေအလွယ်တကူဖယ်လို့ရမယ့်နေရာလေးလည်း လုပ်ပေးထားသင့်ပါတယ်။
အသုံးဝင်တဲ့ အမှတ်တရပစ္စည်းလေးတွေ ပြန်ပေးပါ
နေကာမျက်မှန်တွေ ၊ အပေါ့စားလက်မှုထီးကလေးတွေလည်းပေးနိုင်သလို ခရီးဆောင်အိတ်မှတ်တဲ့ tags လေးတွေ ၊ မျက်နှာသုတ်ပုဝါလေးတွေ အိမ်ထဲမှာစိုက်နိုင်တဲ့ အပင်လေးတွေလည်း အမှတ်တရပေးနိုင်ပါတယ်။
အချိုပွဲလေးတွေလည်း ဆောင်ထားပါ။
ဧည့်သည်တွေပြန်တဲ့အခါ လက်ထဲမှာရေခဲမုန့်လေး မုန့်အချိုလေးတွေလည်း ထည့်ပေးလိုက်လို့ရပါတယ်။ ဒိအတွက်အချိုမုန့်သီးသန့်ပြင်တဲ့ FOOD TRUCK လိုမျိုးလေးတွေလည်းရှိပါတယ်။
ဘောလုံးလေးတွေအလှဆင်ပါ
နှင်းဆီပန်းတွေ ၊ အလှအပတွေအစား ကမ်းခြေနဲ့လိုက်ဖက်တဲ့ ဘောလုံးလေးတွေ ပြင်ဆင်ထားဖို့လိုပါတယ်။ ဧည့်သည်တွေစိတ်ဝင်စားရင် ကစားဖို့အဆင်ပြေသလို ဓါတ်ပုံတွေထဲမှာလည်း အမိုက်စားနဲ့လှနေမှာ အသေအချာပါပဲ။