မနက်အိပ်ယာထချိန်ဆိုတာ တစ်နေ့တာလုံးမှာအရေးအကြီးဆုံးအချိန်ပါပဲ။ မနက်အိပ်ယာထချိန်မှာ ကိုယ်လုပ်လိုက်တဲ့အရာလေးတွေကပဲ ကိုယ့်ရဲ့တနေ့တာ ကောင်းမလား ဆိုးမလားဆိုတာကို အဆုံးအဖြတ်ပေးပါတယ်။ ကောင်းမွန်တဲ့နေ့ရက်တွေကို ပိုင်ဆိုင်နိုင်နေဖို့ မနက်တိုင်းလုပ်သင့်တဲ့အလေ့အထလေးတွေကို ဝေမျှပေးလိုက်ပါတယ်။
၁။ စောစောထပါ
အိပ်ယာစောစောထခြင်းက စိတ်ကိုကြည်လင်လန်းဆန်းစေပြီး မနက်ခင်းရဲ့တိတ်ဆိတ်မှုနဲ့ ငြိမ်းချမ်းမှုကိုခံစားရစေပါတယ်။ တချို့က တိတ်ဆိတ်မှုနဲ့ ငြိမ်းချမ်းမှုကိုလိုချင်လို့ ညာဉ့်နက်တဲ့အထိအလုပ်လုပ်တတ်ကြ ပါတယ်။ အဲဒီလိုလုပ်မယ့်အစား ညဘက်ကိုစောစောအိပ်ပြီး မနက်စောစောထကြည့်လိုက်ပါ။ ခင်ဗျားလိုချင်တဲ့တိတ်ဆိတ်မှုနဲ့ ငြိမ်းချမ်းမှုကိုရရှိနိုင်သလို ကျန်းမာရေးအတွက်လည်း ပိုကောင်းပါတယ်။ အာရုံစူးစိုက်မှု ကိုလည်း မြှင့်တင်ပေးပါတယ်။
၂။ သံပုရာရည်နွေးနွေးလေးတစ်ခွက်သောက်ပါ
မနက်နိုးနိုးချင်း သံပုရာရည်နွေးနွေးလေးတစ်ခွက်သောက်လိုက်ခြင်းက ခင်ဗျားရဲ့ခန္ဓာကိုယ်အတွက် တစ်နေ့တာကိုစတင်ဖို့အတွက်အကောင်းဆုံးနည်းလမ်းပါပဲ။ သူကခင်ဗျားရဲ့ခန္ဓာကိုယ်ထဲက အတွင်းကလီဇာတွေကို ကောင်းကောင်းအလုပ်လုပ်ဖို့အတွက် နှိုးဆော်ပေးလိုက်တဲ့ချောဆီလိုပါပဲ။
၃။ လျှာကို သန့်ရှင်းပေးပါ
မနက်ပိုင်းအချိန်တွေမှာ လျှာကိုသန့်ရှင်းရေးလုပ်ဖိုု့အချိန်ပေးတာက အာပုပ်နံ့တွေ၊ အစာကြွင်းအစာကျန်တွေကို သန့်ရှင်းရေးလုပ်ပေးရာကျပါတယ်။ နောက်ပြီး အဲဒီလိုလုပ်ပေးခြင်းက အိပ်စက်ခြင်းနဲ့ အပြည့်အဝနိုးထခြင်းကြားက အသွင်ကူးပြောင်းမှုဖြစ်စဉ်ကိုလည်း ပိုမိုမြန်ဆန်စေပါတယ်။ လျှာကိုသန့်ရှင်းရေးလုပ်ပေးခြင်းဖြင့် အစားအစာတွေရဲ့အရသာကို ပိုမိုခံစားနိုင်စေပါတယ်။
၄။ ကိုယ်ကာယလေ့ကျင့်ခန်းတွေလုပ်ပေးပါ
၅။ စိတ်ကိုရွှင်လန်းစေတဲ့သီချင်းတွေကိုနားဆင်ပါ
ခင်ဗျားရဲ့မနက်ခင်းတွေကို ခင်ဗျားအနှစ်သက်ဆုံး၊ ခင်ဗျားစိတ်ကိုလန်းဆန်းတက်ကြွစေတဲ့ သီချင်းသံတွေနဲ့စတင်လိုက်တာက တနေ့တာအောင်မြင်မှုဆီဦးတည်နိုင်တဲ့အကောင်းဆုံးနည်းလမ်းပါပဲ။ ဂီတဆိုတာ နှလုံးသားကို နူးညံ့စေတဲ့၊ ဦးနှောက်ကိုလှုံ့ဆော်ပေးနိုင်တဲ့ အနုပညာတစ်မျိုးဆိုတော့ ခင်ဗျားရဲ့တနေ့တာအတွက် မျှော်လင့်ခြင်းတွေကို ပေးစွမ်းနိုင်ပါတယ်။
ခင်ဗျားအနေနဲ့ ဘယ်နေ့တွေမှာ ဘာသီချင်းတွေကို နားထောင်မလဲဆိုပြီး ကြိုတင်ပလန်ချထားလို့ရပါတယ်။ ဥပမာ အလုပ်များမယ့်နေ့တွေမှာ ခင်ဗျားရဲ့စိတ်ကို တက်ကြွစေမယ့်သီချင်းတွေကိုနားထောင်ပြီး စိတ်ဖိစီးမှုတွေများမယ့်နေ့မှာ စိတ်နှလုံးကို ငြိမ်သက်စေမယ့် ဂီတကိုရွေးချယ်နားထောင်တာမျိုးပေါ့။
၆။ မိနစ်အနည်းငယ်လောက်တရားထိုင်ပါ
၇။ တနေ့တာလုပ်ရမယ့်အလုပ်တွေကိုချရေးပါ
ခင်ဗျားသာအလုပ်များတဲ့လူတစ်ယောက်ဆိုရင် တနေ့တနေ့လုပ်ရမယ့်အရာတွေက များပြားလွန်းတော့ တစ်ခါတလေမှာ ဘာတွေဆက်လုပ်ရမှန်းမသိလောက်အောင် မေ့လျော့နေတတ်ပါတယ်။
ဒီလိုမဖြစ်ရလေအောင် မှတ်စုစာအုပ် (သို့) ဖုန်းထဲမှာ app တစ်ခုခုနဲ့ တနေ့တာလုပ်ရမယ့်အလုပ်တွေကိုချရေးမှတ်ထားသင့်ပါတယ်။ နောက်ပြီး အရေးအကြီးဆုံး (၃) ခုလောက်ကို ရှေ့ဆုံးမှာ တင်ထားပြီး အလုပ်တစ်ခုချင်းစီရဲ့ ဦးစားပေးမှုကို ခွဲထားတာလည်း အလေ့အကျင့်ကောင်းတစ်ခုပါပဲ။
Source: Lisa-christiansen