လက်ရှိကျွန်တော်တို့နေထိုင်နေတဲ့ကမ္ဘာကြီးကို ပြောင်းလဲပေးတဲ့အရာထဲမှာ အင်တာနက်ဟာ တစ်ခုအပါအဝင်ပါပဲ။ အင်တာနက်ကြောင့် ကမ္ဘာကြီးက ပိုမိုနီးကပ်လာခဲ့သလို ဆက်သွယ်မှုတွေလည်း ပိုမိုမြန်ဆန်လာခဲ့ပါတယ်။ မြန်မာပြည်မှာနေတဲ့ ကျွန်တော်တို့တွေနဲ့ ကမ္ဘာတစ်ဖက်ခြမ်းမှာနေတဲ့ သူငယ်ချင်းတွေ အင်တာနက်ရဲ့ကျေးဇူးကြောင့် အလွယ်တကူ ကူးလူးဆက်သွယ်နေနိုင်ပါပြီ။ အင်တာနက်စပေါ်ခါစတုံးက အင်တာနက်မြန်နှုန်းက အလွန်နှေးကွေးပေမယ့် ၂၀၁၅ ခုနှစ်နောက်ပိုင်းမှာတော့ အင်တာနက်မြန်နှုန်းဟာအရင်ကထက် အများကြီးပိုမြန်လာခဲ့ပါတယ်။ ဒီတစ်ခါမှာတော့ ကျွန်တော်တို့က ကမ္ဘာ့အင်တာနက်လိုင်းအမြန်ဆုံးနိုင်ငံ (၁၀) နိုင်ငံကိုဖော်ပြပေးသွားမှာဖြစ်ပါတယ်။
၁၀။ စင်္ကာပူ
စင်္ကာပူနိုင်ငံက GDP တွေအရ ကမ္ဘာ့အချမ်းသာဆုံးနိုင်ငံတွေထဲမှာပါဝင်လာတာကြောင့် သူ့ရဲ့လူနေမှုစနစ်တွေကလည်း ကောင်းမွန်ပါတယ်။ နိုင်ငံရဲ့စက်မှုလက်မှုကဏ္ဍကလည်း ဖွံ့ဖြိုးတိုးတက်တာမို့ ဆက်သွယ်ရေးမှာအရေးကြီးတဲ့ အင်တာနက်မြန်နှုန်းကလည်းကောင်းမွန်ပါတယ်။ အစိုးရကလည်း Broadband (ကြိုးမဲ့အင်တာနက်စနစ်) ကိုအားပေးတဲ့အတွက် စင်္ကာပူရဲ့အင်တာနက်မြန်နှုန်းက ၃၀.၉ Mbps ခန့်ရှိပါတယ်။
၉။ အစ္စရေး
အစ္စရေးနိုင်ငံဟာ ကမ္ဘာမှာပေါ်ပေါက်တာမကြာသေးပေမယ့် နည်းပညာဖွံ့ဖြိုးတိုးတက်မှုက ထိပ်ဆုံးစာရင်းထဲမှာဝင်ပါတယ်။ နိုင်ငံဟာ နျူကလီးယားလက်နက်အများဆုံးပိုင်ဆိုင်တဲ့ နိုင်ငံတွေထဲမှာလည်း နံပါတ် (၈) စွဲပါတယ်။ အစ္စရေးနိုင်ငံက အင်တာနက်ဆက်သွယ်ရေးအတွက်လိုအပ်တဲ့ Microwave ပစ္စည်းတွေကိုလည်း ထုတ်လုပ်ရောင်းချတဲ့အတွက် သူတို့နိုင်ငံရဲ့အင်တာနက်မြန်နှုန်းဟာ အထူးကောင်းမွန်မယ်ဆိုတာကိုတော့ သံသယဖြစ်ဖွယ်မရှိပါဘူး။ အစ္စရေးနိုင်ငံတွင်းမှာ ကြိုးမဲ့ကွန်ရက်စနစ်ကို ၁၉၉၀ ခုနှစ်ကတည်းက ရရှိခဲ့ပြီး ၂၀၀၉ ခုနှစ်မှာ အင်တာနက်ဟာ ပိုပြီးမြန်ဆန်လာခဲ့တယ်လို့ ဆိုပါတယ်။ လေ့လာမှုတွေအရဆိုရင် နိုင်ငံရဲ့လူဦးရေ (၉၅) ရာခိုင်နှုန်းဟာ အင်တာနက်သုံးနိုင်နေကြတယ်လို့ဆိုပါတယ်။ အစ္စရေးနိုင်ငံရဲ့အင်တာနက်မြန်နှုန်းဟာလည်း ၃၀.၉ Mbps လောက်ရှိပါတယ်။
၈။ ဘူဂေးရီးယား
ဘူဂေးရီးယားနိုင်ငံဟာ စီးပွားရေးလျင်မြန်စွာဖွံ့ဖြိုးတိုးတက်လာတဲ့နိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်။ နိုင်ငံရဲ့လုပ်သားရင်းမြစ် လုပ်အားခသက်သာမှုကြောင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူ တော်တော်များများ မျက်စိကျကြတဲ့ နိုင်ငံတစ်နိုင်ငံလည်းဖြစ်ပါတယ်။ ဘူဂေးရီးယားနိုင်ငံရဲ့မြို့တော်မှာတော့ တခြားမြို့ကြီးတွေထက် အင်တာနက်မြန်နှုန်းပိုကောင်းပါတယ်။ နိုင်ငံမှာ အင်တာနက်သုံးစွဲသူဦးရေ (၃.၉) သန်းကျော်ရှိပြီး နိုင်ငံသားတိုင်း အင်တာနက်ကို လွယ်ကူစွာအသုံးပြုနိုင်ကြပါတယ်။ ဘူဂေးရီးယားနိုင်ငံရဲ့ပျမ်းမျှအင်တာနက်မြန်နှုန်းက ၃၂.၁ Mbps ဖြစ်ပါတယ်။
၇။ ဆွစ်ဇာလန်
၆။ ဘယ်လ်ဂျီယမ်
ဘယ်လ်ဂျီယမ်နိုင်ငံမှာ အင်တာနက်အတွက်လိုအပ်တဲ့အခြေခံအဆောက်အအုံတွေဖွံ့ဖြိုးတိုးတက်ပြီး နိုင်ငံရဲ့အင်တာနက်မြန်နှုန်းဟာ ၃၂.၇ Mbps ခန့်ရှိပါတယ်။ နိုင်ငံရဲ့အင်တာနက်သုံးစွဲသူဦးရေကတော့ (၈.၆) သန်းကျော်ရှိပါတယ်။
၅။ ရိုမေးနီးယား
ရိုမေးနီးယားနိုင်ငံဟာ အင်တာနက်အကောင်းဆုံးနိုင်ငံတစ်နိုင်ငံဖြစ်ပြီး မှတ်တမ်းတွေအရဆိုရင် တစ်နိုင်ငံလုံးမှာ အင်တာနက်သုံးစွဲသူဦးရေ စုစုပေါင်း (၁၅) သန်းခန့်ရှိတယ်လို့ဆိုပါတယ်။ ရိုမေးနီးယားနိုင်ငံဟာ ဥရောပတိုက်တစ်ခုလုံးမှာ အင်တာနက်အမြန်ဆုံးလို့ အဆိုရှိပါတယ်။ Cristesti မြို့ဟာ တစ်နိုင်ငံလုံးမှာ အင်တာနက်အမြန်ဆုံးဖြစ်ပြီး (၁၃၉) Mbps တောင်ရှိပါတယ်။ ဒါပေမယ့် တစ်နိုင်ငံလုံး ပျမ်းမျှတွက်လိုက်မယ် ဆိုရင်တော့ ရိုမေနီးယားနိုင်ငံရဲ့အင်တာနက်မြန်နှုန်းက (၃၇.၄) Mbps ရှိပါတယ်။
၄။ လက်ဗီးယား
လက်ဗီးယားနိုင်ငံဟာ ကမ္ဘာ့အဖွံ့ဖြိုးဆုံးနိုင်ငံတွေထဲမှာတော့ မပါ ပါဘူး။ ဒါပေမယ့် နည်းပညာပိုင်းမှာတော့ ဖွံ့ဖြိုးတိုးတက်တဲ့နိုင်ငံတွေထဲမှာ ပါဝင်ပါတယ်။ (လက်ဗီးယားနိုင်ငံထုတ် mikrotik အင်တာနက်ဝန်ဆောင်မှုသုံး ပစ္စည်းတွေဟာဆိုရင်လူကြိုက်များပြီး ကျွန်တော်တို့နိုင်ငံက အင်တာနက်ဝန်ဆောင်မှုကုမ္မဏီတော်တေ်ာများများ အသုံးပြုကြပါတယ်။) နိုင်ငံရဲ့အင်တာနက်မြန်နှုန်းကတော့ (၃၇.၅) Mbps တောင်ရှိပါတယ်။
၃။ ဂျပန်
ဂျပန်နိုင်ငံဟာ နည်းပညာအရကော၊ စီးပွားရေးအရပါ အဖွံ့ဖြိုးဆုံးတိုင်းပြည်တွေထဲမှာပါဝင်ပါတယ်။ နိုင်ငံမှာ အင်တာနက်သုံးစွဲသူဦးရေ သန်း (၁၀၀) ခန့်ရှိပါတယ်။ ဂျပန်နိုင်ငံဟာ 5 G အင်တာနက်ဝန်ဆောင်မှုကို သုံးစွဲနိုင်ပြီး နိုင်ငံရဲ့ဒေသတော်တော်များများကိုတော့ ဖိုင်ဘာကြိုးတွေနဲ့ဆက်သွယ်ပေးထားပါတယ်။ ဒါကြောင့်နိုင်ငံရဲ့ ပျမ်းမျှအင်တာနက်မြန်နှုန်းကတော့ (၄၂.၂) Mbps ခန့်ရှိပါတယ်။
၂။ တောင်ကိုရီးယား
၁။ ဟောင်ကောင်
ဟောင်ကောင်ဟာ ကမ္ဘာပေါ်မှာနိုင်ငံခြားရင်းနှီးမြှုပ်နှံသူအများဆုံးနိုင်ငံတစ်နိုင်ငံဖြစ်ပြီး နိုင်ငံရဲ့အထူးကောင်းမွန်တဲ့ အင်တာနက်မြန်နှုန်းကြောင့် တခြားနယ်ပယ်တွေမှာပါ အောင်မြင်မှုတွေရရှိခဲ့ပါတယ်။ နိုင်ငံရဲ့ပျမ်းမျှအင်တာနက်မြန်နှုန်းကတော့ (၅၄.၁) Mbps ဖြစ်ပါတယ်။
Source: themeshnews