တချို့လူတွေရဲ့ အကျင့်ဟာ တခြားလူတွေအတွက်တော့ မျက်စိစပါးမွှေးစူးစရာ ဖြစ်နေပါတယ်။ ဒီအကျင့်တွေဟာ ရုတ်တရက်ဆို မသိပေမယ့် သေချာပေါင်းကြည့်မှ သိလာတာပါ။ ဒီလိုအကျင့်ရှိသူတွေအတွက် ဖျောက်လိုက်ရင် ရပေမယ့်လည်း တော်တော်နဲ့ မဖျောက်နိုင်ပါဘူး။
၁ - အိပ်ရာထဲမှာ မုန့်စားတယ်
အိပ်ရာထဲမှာ အစားစားတာကို လူတချို့က မကြိုက်ကြသလို လူတချို့ကလည်း အမြဲလုပ်ပါတယ်။ အိပ်ခန်းထဲမှာ တီဗီကြည့်တတ်သူတွေဆို ပိုဆိုးပါတယ်။ မထတမ်းစားပြီး၊ မထတမ်းကြည့်ပါတယ်။ သူတို့အတွက် အိပ်ရာဆိုတာ အိမ်ထဲမှာ သက်သောင့်သက်သာ အဖြစ်ဆုံးနေရာဖြစ်ပါတယ်။
(သင်စိတ်ဝင်စားနိုင်တဲ့ဆောင်းပါး - မိန်းမတွေဟာ တစ်ဖက်လူရဲ့ စိတ်ကို ပိုသိသူတွေဖြစ်နိုင်)
၂ - လက်သည်းညှပ်တယ်
လက်သည်း၊ ခြေသည်းကို ရိုးရိုးညှပ်တာ မဟုတ်ပါဘူး။ လက်သည်းစတွေကျသွားရင် သိမ်းထားဖို့တောင် အောက်ကမခံထားဘဲ ဒီအတိုင်း အိမ်ထဲမှာ ညှပ်တာ ဖြစ်ပါတယ်။ လူတချို့အတွက်တော့ ဆိုးဝါးတဲ့အပြုအမူဖြစ်ပါတယ်။ ညစ်ပတ်လွန်းပြီး သေသေသပ်သပ်မရှိတဲ့ အပြုအမူဖြစ်ပါတယ်။ ဒါပေမယ့်လည်း လူတချို့ကတော့ လုပ်ကြတာပါပဲ။
၃ - အိမ်သာတံခါးဖွင့်ပြီး သေးပေါက်တယ်
တချို့လူတွေအတွက်တော့ အသေမုန်းတဲ့ ကိစ္စပါ။ လမ်းဘေးသေးပေါက်နေတာလားလို့ ငေါ့တတ်ကြပါတယ်။ ဒါပေမယ့် ဂရုမစိုက်တဲ့လူကြတော့လည်း ဘယ်လိုမှ ပြောလို့မရပါဘူး။ အိမ်သာတံခါးကြီးဖွင့်ပြီး မတ်တပ်ရပ် ပေါက်သွားကြတာပါပဲ။
၄ - ချက်နေတုန်းလာမြည်းတယ်
ကိုယ်ချက်နေတုန်း ဇွန်းကို နှိုက်ယူပြီး မြည်းပါတယ်။ ဟိုမွှေ၊ဒီမွှေ လုပ်ပါတယ်။ ဒါနဲ့တင်မကျေနပ်သေးပဲ ဟင်းအပေါ်ဝေဖန်ရေးက လုပ်ပါသေးတယ်။ ကိုယ်တိုင်ချက်ဆိုတော့လည်း မချက်ပါဘူး။ လမ်းကြုံတိုင်းဟင်းအိုးကို ဝင်ဝင်မွှေပြီး နှိုက်မြည်းနေတော့တာပါပဲ။
၅ - လက်မဆေးဘူး
အိမ်သာကထွက်လာရင် လက်မဆေးပါဘူး။ ဘယ်လိုမှ ပြောလို့လည်းမရပါဘူး။ ကျန်းမာရေးဘာညာ ခြိမ်းခြောက်လည်း ပြောတုန်းခဏပါပဲ။ နောက်ပိုင်းပြန်မေ့သွားတော့တာပါပဲ။ အလေ့အကျင့်ကို ဖြစ်နေတာပါ။
Photos & Source: Bustle