စကော့ချ်ဝီစကီတွေဆိုတာ ကမ္ဘာပေါ်မှာ အကောင်းဆုံးဝီစကီတွေထဲမှာ ပါဝင်ပါတယ်။

ဝီစကီဆိုရင် စကော့တလန်နိုင်ငံကလုပ်တဲ့ စကော့ချ်ဝီစကီတွေက အကောင်းဆုံးနဲ့အထင်ရှားဆုံးပါပဲ။ မုယောစပါးနဲ့လုပ်တဲ့အရက်ပဲဖြစ်ဖြစ်၊ နှံစားပြောင်းနဲ့လုပ်တဲ့အရက်ပဲဖြစ်ဖြစ် စကော့တလန်နိုင်ငံမှာလုပ်တဲ့ အရက်တွေဖြစ်လို့ စကော့ချ်ဝီစကီလို့ပဲခေါ်ကြပါတယ်။ ၁၈ ရာစုနောက်ပိုင်းမှာတော့ စီးပွားဖြစ်အရက်ချက်စက်ရုံတွေက ရိုင်းစပါးနဲ့ ဂျုံကိုအသုံးပြုပြီး အရက်တွေကိုထုတ်လုပ်ရောင်းချခဲ့ကြပါတယ်။ စကော့ချ်ဝီစကီ အမျိုးပေါင်းများစွာရှိပြီး လူတွေက စကော့ချ်ဝီစကီတွေကို ပျော်ရွှင်မှုအထိမ်းအမှတ်အတွက်၊ ဝမ်းနည်းမှုအထိမ်းအမှတ်အတွက်၊ အထီးကျန်မှုကိုဖြေဖျောက်နှစ်သိမ့်ဖို့အတွက် စတဲ့အကြောင်းရင်းပေါင်းစုံနဲ့ သောက်သုံးနေကြပါတယ်။ Pirates of the Caribbean ခေါင်းဆောင်မင်းသား Johnny Depp (ဂျွန်နီ ဒိပ်) ဟာဆိုရင် စကော့ချ်ဝီစကီတွေ စုဆောင်းရတာ ဝါသနာကြီးသူတစ်ဦးအဖြစ် နာမည်ကြီးပါတယ်။ ကမ္ဘာပေါ်က လူတော်တော်များများနှစ်နှစ်ခြိုက်ခြိုက်သောက်သုံးနေကြတဲ့ စကော့ချ်ဝီစကီတွေထဲကမှ ဈေးအကြီးဆုံးစကော့ချ်ဝီစကီတွေကို ယမကာလုလင်တွေ သွားရည်ကျလို့ရအောင်ဖော်ပြပေးလိုက်ပါတယ်နော်။

၁၀။ GLENFIDDICH 1937 (တန်ဖိုး- ဒေါ်လာ ၂၀၀၀၀ )



ဒီစကော့ချ်ဝီစကီဟာ ကမ္ဘာပေါ်မှာတန်ဖိုးအကြီးဆုံးစကော့ချ်အရက်ပုလင်းတွေထဲက တစ်လုံးဖြစ်ပါတယ်။ ဒီစကော့ချ်ဝီစကီ ဒီလောက်ဈေးကြီးနေရတဲ့အကြောင်းရင်းတစ်ခုကတော့ ကမ္ဘာပေါ်မှာ ဒီလိုအရက်ပုလင်းမျိုး တစ်လုံးပဲထုတ်လုပ်ခဲ့ပြီး ၂၀၀၆ ခုနှစ်တုံးက စကော့ချ်ဝီစကီချစ်မြတ်နိုးသူတစ်ဦးမှာ အထက်ပါတန်ဖိုးအတိုင်းဝယ်ယူခဲ့လို့ပါပဲ။ ဒီစကော့ချ်အရက်ဟာဆိုရင် ကမ္ဘာ့အဆင့်မီ မုယောစပါးနဲ့ ပြုလုပ်ထားပြီး အရောင်အဆင်း၊ အနံ့၊ အရသာ အားလုံးမှာ ပြိုင်စံရှားပါတယ်။ ဒီအရက်ပုလင်းဟာ ကမ္ဘာပေါ်မှာအကောင်းဆုံးနဲ့ သက်တမ်းအရင့်ဆုံး စကော့ချ်ဝီစကီတွေထဲမှာ တစ်လုံးအပါအဝင်ပါပဲ။

၉။ GLENFIDDICH 50 YEARS OLD (တန်ဖိုး- ဒေါ်လာ ၂၂၀၀၀)



ဒီစကော့ချ်ဝီစကီပုလင်းတွေ ဘာကြောင့်ဈေးကြီးလဲဆိုတော့ အရက်ပုလင်းတွေရဲ့အဖုံးပေါ်မှာ ဖယောင်းနဲ့အမှတ်တံဆိပ်ရိုက်ခတ်ထားပြီး ပုလင်းတွေပေါ်မှာလည်း ငွေနဲ့ကွပ်ပြီး အလှတန်ဆာဆင်ထားပါတယ်။ ဒါတင်မကသေးပါဘူး။ ဒီစကော့ချ်အရက်ပုလင်းတွေကို သားရေဘူးတွေနဲ့ထုပ်ပိုးထားပြီး အရက်ပုလင်းထုတ်လုပ်သူတွေက သားရေဘူးထဲမှာစာအုပ်တစ်အုပ်နဲ့ လက်မှတ်ရေးထိုးထားတဲ့ အသိအမှတ်ပြုလက်မှတ်စာတမ်းတစ်ခုကိုပါ ထည့်သွင်းပေးထားပါသေးတယ်။ ဒီအရက်ပုုလင်းတွေဟာ ၁၉၅၅ ခုနှစ်ကနေ အခုချိန်ထိ ပုလင်း (၅၀၀) ပဲပြုလုပ်ခဲ့ပြီး တစ်နှစ်မှာ ပုလင်း (၅၀) ပဲ ဈေးကွက်ကို ဖြန့်ဖြူးရောင်းချပါတယ်တဲ့။

၈။ DALMORE SELENE 1951 (တန်ဖိုး- ဒေါ်လာ ၂၄၀၀၀)



Dalmore Selene အရက်ပုလင်းတွေဟာ ကမ္ဘာပေါ်မှာတန်ဖိုးအကြီးဆုံး ဝီစကီအရက်ပုလင်းတွေထဲမှာ ပါ ပါတယ်။ ရှေ့ဖက်မှာ Dalmore အမှတ်တံဆိပ်ကိုခတ်နှိပ်ထားပြီး တန်ဖိုးကြီးသားရေဘူးနဲ့ ထုပ်ပိုးထားပါတယ်။ ဒါတင်မကသေးပါဘူး။ အပြင်ဘက်အထုပ်အပိုး အပြင်အဆင်ကလည်း အရမ်းမိုက်ပါတယ်။ သံမဏိကို သားရေကွပ်ထားတဲ့ဘူးနဲ့ အရက်ပုလင်းကို ထုပ်ပိုုးပေးထားပါသေးတယ်။ သစ်ကြမ်းပိုးခေါက်၊ ကော်ဖီ၊ ချောကလက်နဲ့ လိမ္မော်ခွံယို တို့ကိုအရက်ပုလင်းထုတ်လုပ်ရာမှာ ထည့်သွင်းပြုလုပ်ထားပြီး အနံ့၊ အရသာထူးခြားကောင်းမွန်တဲ့ ဒီစကော့ချ်ဝီစကီပုလင်းတွေကိုလည်း လူတွေက ဈေးကြီးပေးဝယ်ပြီး စုဆောင်းကြပါတယ်။

၇။ MORTLACH 70 YEARS OLD (တန်ဖိုး- ဒေါ်လာ ၂၈၀၀၀)



အဝင်ကောင်းပြီး တဖြည်းဖြည်းချင်းနွေးထွေးထားတဲ့ ခံစားမှုကိုပေးစွမ်းနိုင်တဲ့ ဒီဝီစကီပုလင်းဟာ အလွန်တောက်ပတဲ့ပုံပန်းသဏ္ဍာန်ရှိပါတယ်။ ဒါဟာလည်း သူ့ကို ကမ္ဘာ့ဈေးအကြီးဆုံး စကော့ချ်ဝီစကီ တွေထဲမှာ ပါဝင်စေတဲ့အကြောင်းရင်းတစ်ခုပါပဲ။ ဝီစကီရဲ့အရသာက ရှောက်ပန်းသီးအရသာရောစွက်နေသလိုခံစားရပြီး သူ့ရဲ့ရနံ့ကတော့ ဆေးရွက်ကြီးရယ်၊ သဖန်းသီးရယ် ပေါင်းစပ်ထားသလိုပါပဲ။ အဝင်ချောပြီး အသီးအရသာကြောင့် သောက်သုံးနေစဉ်မှာ ပျော်ရွှင်လာစေမှာပါ။ ဒီစကော့ချ်ဝီစကီမှာတော့ အယ်လ်ကိုဟောပါဝင်မှု ၄၆.၁ ရာခိုင်နှုန်းရှိပြီး Speyside မှာရှိတဲ့ Mortlach အရက်ချက်စက်ရုံမှ ထုတ်လုပ်ထားပါတယ်။

၆။ MACALLAN 1928 (တန်ဖိုး- ဒေါ်လာ ၄၈၃၀၀)



၁၉၂၈ ခုနှစ်တုံးကတော့ ဒီအရက်ပုလင်းတစ်လုံးရဲ့တန်ဖိုးက ဒေါ်လာ (၈၀) ပဲရှိပါတယ်။ ဒါပေမယ့်အခုအချိန်မှာတော့ သူ့ရဲ့တမူထူးကဲတဲ့အရသာကြောင့် လက်ရှိကမ္ဘာ့ဈေးအကြီးဆုံး စကော့ချ်ဝီစကီတွေထဲမှာ အပါအဝင်ဖြစ်နေပါပြီ။ သူ့မှာတော့ အယ်လ်ကိုဟောပါဝင်မှုနှုန်း (၃၈.၆) ရာခိုင်နှုန်းရှိပြီး လူတိုင်းရဲ့အနှစ်သက်ဆုံးစကော့ချ်ဝီစကီအဖြစ် အချိန်အတော်ကြာရပ်တည်နိုင်ခဲ့ပါတယ်။ ၁၉၂၈ ခုနှစ်ကနေ အခုချိန်ထိ ဒီဝီစကီ နာမည်ကြီးရခြင်းရဲ့အကြောင်းရင်းတစ်ခုကတော့ James Bond မင်းသားတွေ ဒီဝီစကီကို ရုပ်ရှင်တွေထဲမှာ နှစ်နှစ်ခြိုက်ခြိုက် သောက်သုံးပြခဲ့လို့ပါပဲ။ ၂၀၁၂ ခုနှစ်တုံးက လက်ရှိ James Bond မင်းသား Daniel Craig တောင် ဒီဝီစကီကို သောက်ပြခဲ့ပါသေးတယ်။

၅။ DALMORE SINGLE MALT SCOTCH (တန်ဖိုး- ဒေါ်လာ ၅၈၀၀၀)



ဒီလိုအရက်ပုလင်းမျိုး ဆယ်ဂဏန်းကျော်သာထုတ်လုပ်ခဲ့ပြီး ဒါဟာ ဒီအရက်ပုလင်းကို ကမ္ဘာ့ဈေးအကြီးဆုံးတွေထဲက တစ်ခုအပါအဝင်ဖြစ်စေတဲ့အကြောင်းရင်းတစ်ခုပါပဲ။ သုတေသနတွေအရဆိုရင် အခုချိန်ထိ ကမ္ဘာပေါ်မှာ လူ (၆) ယောက်ပဲ ဒီအရက်ကိုအရသာခံဖူးပြီး ဗြိတိန်နိုင်ငံက ပန်နီဟေးလ်ဟော်တယ်မှာ ဒီအရက်ပုလင်းတစ်လုံးကို ဒေါ်လာ (၅၈၀၀၀) နဲ့လေလံတင်ခဲ့ပါတယ်။ ၁၈၆၈ ခုနှစ်ကနေ ၁၉၄၃ ခုနှစ်အတွင်းမှာ ဒီအရက်ပုလင်းမျိုးကို ရံဖန်ရံခါထုတ်လုပ်ခဲ့ပြီး အခုချိန်မှာတော့ ကမ္ဘာ့ဈေးအကြီးဆုံးစကော့ချ်ဝီစကီတွေထဲမှာ တစ်ခုအပါအဝင်ပါပဲ။

၄။ MACALLAN FINE AND RARE 1926 (တန်ဖိုး- ဒေါ်လာ ၇၅၀၀၀)



နွယ်ချိုအရသာရှိတဲ့ဒီစကော့ချ်ဝီစကီကို အရသာရဖူးတာနဲ့ တခြားဝီစကီတွေကိုသောက်ချင်တော့မှာမဟုတ်ပါဘူး။ ဒီစကော့ချ်ဝီစကီပုလင်းကို လေလံပွဲတစ်ပွဲမှာ ကိုရီးယားလူမျိုးလုပ်ငန်းရှင်တစ်ဦးက ဒေါ်လာ ၇၅၀၀၀ ပေးပြီးဝယ်ယူဖူးပါတယ်။ စစချင်းကတော့ သူ့ရဲ့ဈေးနှုန်းက ဒေါ်လာ ၃၈၀၀၀ လောက်ပဲရှိပြီး အဲဒီလေလံပွဲပြီးတဲ့နောက်မှာတော့ ဒီဝီစကီမှာ ကမ္ဘာပေါ်မှာဈေးအကြီးဆုံး ဝီစကီတွေထဲမှာ တစ်လုံး အပါအဝင် ဖြစ်လာခဲ့တော့တာပါပဲ။

၃။ GLENFIDDICH JANET SHEED ROBERTS RESERVE 1955 (တန်ဖိုး- ဒေါ်လာ ၉၄၀၀၀)



ဒီအရက်ပုလင်းကတော့ ကမ္ဘာပေါ်မှာ (၁၁) ပုလင်းပဲရှိပြီး Glenfiddich အရက်ချက်စက်ရုံလုပ်ငန်းရဲ့တည်ထောင်သူ William Grant ရဲ့မြေးမလေးဖြစ်တဲ့ Janet Sheed Roberts ကို ဂုဏ်ပြုတဲ့အနေနဲ့ မှည့်ခေါ်ထားတဲ့ နာမည်ဖြစ်ပါတယ်။ ၁၉၅၅ ခုနှစ်မှာ Glenfiddich အရက်ချက်စက်ရုံကို သူမကိုဂုဏ်ပြုတဲ့အနေနဲ့ ဒီအထူးထုတ် အရက်ပုလင်းတွေကို ထုတ်လုပ်ရောင်းချခဲ့တာဖြစ်ပါတယ်။ ဒီဝီစကီရဲ့ရနံ့ကတော့ ဗနီလာအနံ့ရှိပြီး အရောင်ကလည်း ခပ်ဖျော့ဖျော့နဲ့ ကမ္ဘာပေါ်မှာသက်တမ်းအရင့်ဆုံး ဝီစကီတွေထဲမှာ တစ်ခုအပါအဝင်ဖြစ်ပါတယ်။

၂။ DALMORE 64 TRINITAS (တန်ဖိုး- ဒေါ်လာ ၁၆၀၁၀၀)



ဒီအရက်ပုလင်းနဲ့ပတ်သက်ပြီး ထူးခြားတဲ့အချက်တစ်ချက်ကတော့ ဒီအရက်ပုလင်းမျိုး (၃) လုံးပဲ ထုတ်လုပ်ရောင်းချခဲ့ပြီး အရက်ပုလင်းဒီဇိုင်းတွေကိုလည်း Limited edition တံဆိပ်တွေကပ်နှိပ်ထားပါတယ်။ အခုလို ဒေါ်လာ (၁) သိန်းခွဲကျော်လောက်တန်ဖိုးရှိနေတာတောင် ရောင်းထွက်သွားတာက ဒီအရက်ပုလင်းရဲ့ထူးခြားတဲ့အချက်တစ်ချက်ပါပဲ။

၁။ MACALLAN 64 YEARS OLD IN LALIQUE (တန်ဖိုး- ဒေါ်လာ ၄၆၀၀၀၀)



ဒီစကော့ချ်ဝီစကီပုလင်းကိုတော့ lost wax နည်းပညာနဲ့ဒီဇိုင်းပြုလုပ်ထားပြီး အဆင့်အတန်းအလွန်မြင့်မားတဲ့ အရသာကိုပေးစွမ်းနိုင်ပါတယ်။ နယူးရော့ခ်မြို့မှာပြုလုပ်ခဲ့တဲ့ လေလံပွဲတစ်ခုမှာ ဒီအရက်ပုလင်းကို ဒေါ်လာ (၄၆၀၀၀၀) နဲ့ ရောင်းထွက်ခဲ့ပြီး ကမ္ဘာပေါ်မှာဈေးအကြီးဆုံး စကော့ချ်ဝီစကီဂုဏ်ထူးကို ရရှိခဲ့ပါတယ်။

Source: themeshnews

Share

Loading Next Article...
က္က