အနည်းဆုံး ၆၀ ရာခိုင်နှုန်းလောက်တော့ သူ့ရဲ့မျက်လုံးတွေကို ကြည့်ထားပေးဖို့ လိုပါတယ်။
 

ကိုယ်ဟန်အမူအရာတွေဟာ မပြောဘဲနဲ့ အဓိပ္ပါယ်ရှိနေတဲ့စကားတွေဖြစ်ပါတယ်။ တစ်ခါတစ်လေမှာ မပြောဘဲနဲ့ ကိုယ်ဟန်အမူအရာပဲ လုပ်ပြလိုက်တာက ပိုပြီးတော့ထိရောက်တာတွေရှိပါတယ်။ အရေးကြီးတဲ့ကိုယ်ဟန်အမူအရာနဲ့ပတ်သက်ပြီး သင်သတိထားသင့်တာလေးတွေ ရှိပါတယ်။

၁ - မျက်လုံးခြင်း ဆုံခြင်း

မျက်လုံးခြင်းဆုံတာက အရေးကြီးပါတယ်။ တစ်စုံတစ်ယောက်စကားပြောတာကို နားထောင်နေတဲ့အချိန်မှာ သူရဲ့ မျက်လုံးတွေကို ကြည့်ပေးဖို့ လိုပါတယ်။ ဒါပေမယ့် တစ်ချိန်လုံးကြည့်နေရမှာတော့ မဟုတ်ပါဘူး။ အချိန်ရဲ့ ၆၀ ရာခိုင်နှုန်းလောက်ဟာ ပြောသူရဲ့ မျက်လုံးကို ကြည့်နေဖို့လိုပါတယ်။ ဒီလိုမှမဟုတ်ရင်တော့ သင်ဟာ တစ်ဖက်လူစကားပြောရင် သိပ်စိတ်မဝင်စားတတ်သူအဖြစ် ထင်သွားတတ်ပါတယ်။

(သင်စိတ်ဝင်စားနိုင်တဲ့ဆောင်းပါး -လွန်လွန်ကဲကဲပျော်တတ်သူတွေရဲ့ အလေ့အထ (၅) မျိုး )

 

၂ - လျော့တိလျော့ရဲထိုင်တာ

အလုပ်လုပ်တဲ့အခါ အမြဲတမ်းလျော့တိလျော့စွာ ထိုင်တဲ့ဟန်ဖြစ်ပါတယ်။ အများရဲ့ စိတ်ထဲမှာ သင်လုပ်နေတဲ့အလုပ်ကို စိတ်မဝင်စားသူအဖြစ် မြင်မိနေတတ်ပါတယ်။ သင်ဟာ ပျင်းရိသူ၊ လျော့တိလျော့ရဲနိုင်သူအဖြစ် မြင်နေတတ်ပါတယ်။ ခါးကိုင်းပြီး လျော့တိလျော့ရဲထိုင်တာဟာ သင့် ကျန်းမာရေးအတွက်လည်း မကောင်းပါဘူး။

၃ - လက်ဟန်ခြေဟန်

သင် စကားပြောနေတဲ့အချိန်မှာ လက်ဟန်ခြေဟန်ကလည်း အရေးကြီးပါတယ်။ လက်ဟန်ခြေဟန်လှုပ်ရှားမှု အလွန်များတာက မကောင်းပါဘူး။ သင်ဟာ မတည်ငြိမ်သူ၊ မရင့်ကျက်သူအဖြစ် တစ်ဖက်က ခံစားမိတတ်ပါတယ်။ သင်ပြောနေတဲ့ စကားရဲ့ အဓိပ္ပါယ်ကို လိုတာထက် ပိုအနက်ပြန်မိတတ်ပါတယ်။

 

၄ - ဂဏှာမငြိမ်ခြင်း

ဂဏှာမငြိမ်ခြင်းဟာလည်း သင်သတိထားရမယ့် ကိုယ်ဟန်အမူအရာပါ။ ဆံပင်ကို လိမ်နေတာ၊ ခြေထောက် လှုပ်တာ၊ ဘောပင်ဆော့တာတွေဟာ သင့်ဘေးနားကလူတွေအတွက် မျက်စိနောက်စရာ ဖြစ်နေနိုင်ပါတယ်။ အဆိုပါ အပြုအမူကြောင့် သင်ဟာ အသင့်မဖြစ်သူ၊ စိုးရိမ်နေသူအဖြစ် ကြည့်ရတဲ့သူက ထင်မိစေပါတယ်။ 

Photos & Source: Lifehack

Share

Loading Next Article...
က္က