ခင်ဗျားသာ အင်တာနက်ပုံမှန်သုံးစွဲသူတစ်ယောက်ဆိုရင် ဒီ trend တွေနဲ့ ရင်းနှီးကျွမ်းဝင်နေမှာပါ။


အချိန်တွေပြောင်းလဲလာတာနဲ့အမျှ အင်တာနက်ပေါ်က trend တွေဟာလည်း လိုက်ပြောင်းလဲနေပါတယ်။ အဲဒီအချက်တွေဟာ လူမှုကွန်ရက်ပေါ်မှာတော့ အရမ်းသိသာပါတယ်။ လူမှုကွန်ရက်သုံးတာ တစ်ရက်လွတ်သွားတာနဲ့ ကိုယ့် friend list ထဲကလူတွေ ဘယ် trend နောက်လိုက်ပြီး ဘာ ဗန်းစကားတွေကိုသုံးနေလဲဆိုတာ လိုက်မီတော့မှာမဟုတ်ပါဘူး။

ဒီနေ့ခေတ်မှာတော့ ပိုဆိုုးပါတယ်။ မိုဘိုင်းဖုန်းတွေအလွန်ပေါများလာပြီး app တွေလည်း မှိုလိုပေါက်နေတဲ့ခေတ်ကြီးထဲမှာ ကျွန်တော်တို့အတွက် နေ့တိုင်း နေ့တိုင်းဟာ အသစ်တွေပါပဲ။ ဒီနေ့မှာတော့ အင်တာနက်ပေါ်မှာ လက်ရှိခေတ်စားနေဆဲ အင်တာနက် trend လေးတွေကို မျှဝေပေးလိုက်ပါတယ်နော်။

ဆယ်လ်ဖီယဉ်ကျေးမှု

 

စမတ်ဖုန်းတွေမှာပါတဲ့ ရှေ့ဘက်ကင်မရာတွေ အရည်အသွေးကောင်းမွန်အောင် ထုတ်လုပ်လာကြပြီးနောက် ကျွန်တော်တို့ရဲ့ဓာတ်ပုံရိုက်တဲ့ အလေ့အထတွေ ပြောင်းလဲခဲ့ပါပြီ။ လွန်ခဲ့တဲ့ ဆယ်စုနှစ်တွေတုံးက အလှဓာတ်ပုံရိုက်ချင်ရင် ဖြီးလိမ်းပြင်ဆင်ပြီး အလှဓာတ်ပုံရိုက်ပေးတဲ့ ဓာတ်ပုံဆိုင်လေးတွေမှာ သွားရိုက်ရတာပါ။ ပြီးရင် အခုခေတ်လို Facebook ပေါ်တင်လို့လည်းမရဘဲ ကိုယ့်ဖာသာကိုယ် ဓာတ်ပုံအယ်လ်ဘမ်လေး လုပ်ပြီးပဲ သိမ်းရတာပါ။ ယနေ့ခေတ်မှာတော့ ပြောင်းလဲသွားပါပြီ။ စမတ်ဖုန်းတွေထုတ်၊ ဆယ်လ်ဖီရိုက်၊ ပြီးရင် Instagram လို လူမှုကွန်ရက်ပေါ် တင်လိုက်တာနဲ့ Photo Edit လုပ်ဖို့ Filter တစ်ခုကအသင့်စောင့်နေပြီးသားပါ။ ဓာတ်ပုံမတင်ခင် မိမိစိတ်တိုင်းကျ edit လုပ်ပြီး တင်ရုံပါပဲ။ ဒီခေတ်ကြီးမှာ ဆယ်လ်ဖီပုံ တင်မထားတဲ့ လူမှုကွန်ရက်အကောင့်ဆိုတာ လက်ချိုးရေလို့ရပါတယ်။ (အကောင့်တုတွေက လွဲရင်ပေါ့။)

GIF ပုံ လှုပ်လှုပ်ရွရွလေးတွေ

GIF (အသံထွက်=ဂျစ်ဖ်) ဟာ ဓာတ်ပုံနဲ့ ဗီဒီယိုအတိုကြားက format တစ်ခုပါပဲ။ GIF ကိုဖန်တီးခဲ့တဲ့သူဟာ ဟယ်ရီပေါ်တာရုပ်ရှင်တွေထဲက သက်ဝင်လှုပ်ရှားနေတဲ့ သတင်းစာတွေကို အတုယူခဲ့ပုံပေါ်ပါတယ်။ အခုဆိုရင် GIF တွေဟာ လူမှုကွန်ရက်ပေါ်မှာ အရမ်းဟော့နေတဲ့ topic တစ်ခု ဖြစ်နေဆဲပါ။ (သိပ်မကြာခင်ကပဲ Facebook က Comment မှာပါ GIF လေးတွေ မန့်လို့ရတဲ့ Feature ကို ထည့်သွင်းခဲ့ပါတယ်။) GIF အများစုကတော့ ဟာသဗီဒီယိုအတိုလေးတွေကို ပြုလုပ်ထားတာဖြစ်ပြီး GIF Search Engine တစ်ခုဖြစ်တဲ့ GIPHY ပေါ်မှာတော့ အကြောင်းအရာစုံလင်တဲ့ GIF တွေကို တွေ့ရှိနိုင်ပါတယ်။ Google ကြီးကလည်း မကြာသေးခင်က GIF တွေကိုရှာဖို့ ရုပ်ပုံရှာဖွေရေး filter တစ်ခုကို မိတ်ဆက်ပေးခဲ့ပါသေးတယ်။

hashtag (# ) သုံးတာတွေ



Twitter က hashtag ကို စတင်မိတ်ဆက်ပေးခဲ့တဲ့ လူမှုကွန်ရက်ဖြစ်ပေမယ့် အခုဆိုရင် Facebook, Instagram, Tumblr စတဲ့လူမှုကွန်ရက်တွေမှာ hashtag တွေကို ကျယ်ကျယ်ပြန့်ပြန့်အသုံးပြုနေကြပါပြီ။ Facebook ပေါ်မှာ ဆယ်လ်ဖီတင်ပြီး အောက်က ကိုယ့်နာမည်ကိုယ် hashtag ခံနေကြတာတွေကို တွေ့ဖူးမှာပေါ့။ တကယ်တော့ hashtag က လူမှုကွန်ရက်တွေပေါ်က တနေ့သိန်းနဲ့သောင်းနဲ့ချီတဲ့ content တွေ (စာတွေ၊ ရုပ်ပုံတွေ၊ ဗီဒီယိုတွေ) ကို သူ့အမျိုးအစားနဲ့သူ ခွဲခြားထားနိုင်ဖို့ တီထွင်ထားတာဖြစ်ပါတယ်။ အမှန်တကယ်လည်း အသုံးဝင်ပါတယ်။ ဥပမာ ခင်ဗျားက ပန်းသီး စားချင်လို့ #apple (Hashtag apple) ဆိုပြီး Search bar မှာရိုက်ရှာလိုက်တယ်ဆိုပါစို့။ #apple တပ်ပြီးတင်ထားသမျှ content တွေ ခင်ဗျားဆီမှာ လာပေါ်မှာဖြစ်ပါတယ်။ ဒီနည်းနဲ့ လူမှုကွန်ရက်ပေါ်မှာ မိမိလိုချင်တဲ့သတင်းအချက်အလက်ကိုရှာရတာ ပိုမိုလွယ်ကူမြန်ဆန်စေပါတယ်။ ဒါဟာလည်း လွယ်လွယ်နဲ့ ပျောက်သွားဦးမယ့် trend မဟုတ်ပါဘူး။
meme (မီးမ်) တွေ

 

အင်တာနက်သုံးစွဲသူတွေဟာ meme (မီးမ်) တွေ share ရတာကို နှစ်သက်ကြပါတယ်။ Meme (မီးမ်) trend တွေဟာလည်း လူမှုကွန်ရက်တွေပေါ်မှာ နေ့စဉ်ပြောဆိုနေတဲ့ ဗန်းစကားတွေကို အကျိုးသက်ရောက်စေပါတယ်။ ဥပမာ… meme culture က ဖြစ်လာတဲ့ “ဟဟ ပဲရမယ်” တို့၊ “စဆရက လုပ်တယ်” တို့ အစရှိတဲ့ဗန်းစကားတွေဟာလည်း လူမှုကွန်ရက်ပေါ်မှာ လူသုံးများတဲ့အသုံးအနှုန်းတွေ ဖြစ်လာပါတယ်။ Buzzfeed တို့၊ Know Your Meme တို့၊ I Can Haz Cheeseburger တို့လို ဝက်ဘ်ဆိုဒ်တွေဟာ meme တွေတင်ရာကနေ အွန်လိုင်းစီးပွားရေးလုပ်ငန်းတွေ ဖြစ်လာခဲ့တာပါ။ မြန်မာနိုင်ငံမှာဆိုရင်လည်း meme page တွေ၊ Group တွေအများကြီးပါ။ လူမှုရေး၊ နိုင်ငံရေး၊ လတ်တလော ဟော့နေတဲ့အကြောင်းအရာ အကုန်လုံးကို meme တွေမှာ တွေ့ရပါတယ်။ meme culture (မီးမ်ယဉ်ကျေးမှု) ဟာလည်း တော်ရုံနဲ့ ပျောက်ကွယ်သွားမယ့် အင်တာနက် trend တစ်ခု မဟုတ်ပါဘူး။

Source: Lifewire

Share

Loading Next Article...
က္က