ကမ္ဘာပေါ်မှာ ရိုးရာပုံပြင်တွေနဲ့အတူ ကြောက်မက်ဖွယ်ရာမကောင်းဆိုးဝါးပုံပြင်တွေရှိပါတယ်။
ငယ်ငယ်တုံးက မကောင်းဆိုးဝါးတွေအကြောင်းအိပ်ယာဝင်ပုံပြင်တွေကို မှတ်မိကြသေးလား။ ကျွန်တော်တို့မြန်မာနိုင်ငံမှာဆိုရင် အိမ်ခြေရင်းမှာ "ကလေးအသားခါးတယ်။ ခွေးအသားချိုတယ်" ဆိုပြီးရေးပြီး ခြောက်လှန့်ရတဲ့ကလေးတွေကို ဖမ်းစားတတ်တယ်ဆိုတဲ့ မဖဲဝါတို့၊ သုဿာန်စောင့်ကျောပေါက်ကြီးတို့ စတဲ့မကောင်းဆိုးဝါးပုံပြင်တွေပေါ့။ နိုင်ငံတကာမှာလည်း အဲဒီလိုမကောင်းဆိုးဝါးတွေ အများကြီးရှိပါတယ်။ အဲဒီလို ကမ္ဘာတလွှားမကောင်းဆိုးဝါးတွေထဲက တချို့ကိုဖော်ပြပေးလိုက်ပါတယ်နော်။

၁။ Bloody Mary (အင်္ဂလန်)

 

အရင်တုံးက သရဲဂိမ်းတွေတင်ပေးတဲ့ Dr.Aung ဆိုတဲ့ Facebook Page မှာတောင် Bloody Mary ခေါ်တဲ့ ဂိမ်းတင်လိုက်ပါသေးတယ်။ Bloody Mary ကတော့ လန်ဒန်မြို့၊ စိန့်ဂျိမ်းစ်နန်းတော်မှာ နေထိုင်ပါတယ်။ Bloody Mary ကို လူတွေကိုခြောက်လှန့်ပြီး အန္တရာယ်ပြုတတ်တယ်လို့ လူတွေကအထင်မှားကြပေမယ့် အဲလိုမဟုတ်ပါဘူး။ သူဟာမှန်တစ်ချပ်ထဲမှာနေပြီး သူ့ကိုဆင့်ခေါ်တဲ့ လူတွေကို တစ်နေ့သူတိုနဲ့လက်ထပ်ရမယ့်သူကိုပြချင်ပြ၊ မပြရင်အရိုးခေါင်းတစ်လုံးကိုပြသတတ်ပါသတဲ့။

၂။ Bogey Man (ကလေးဆိုးတွေနေတဲ့ အိမ်တိုင်းမှာရှိတယ်)

 

Bogeyman မှာပုံပန်းသဏ္ဍာန်အတိအကျမရှိပါဘူး။ သူဟာကြောက်မက်ဖွယ်ကောင်းမယ့် ပုံပန်းသဏ္ဍာန်မျိုးစုံကို ဖန်ဆင်းနိုင်တယ်လို့ အဆိုရှိပါတယ်။ ကလေးလေးတွေ ပြောစကားနားမထောင်ရင် Bogeyman ကြီးလာလိမ့်မယ်ဆိုပြီး မိဘတွေက ခြောက်လှန့်တတ်ကြပါတယ်။ တချို့ကလည်း bogeyman ကို Devil မကောင်းဆိုးဝါးရဲ့ နာမည်ပြောင်ဖြစ်တယ်လို့ ဆိုကြပါတယ်။

၃။ Bukavac (ခရိုအေးရှား)

 

Bukavac ဟာ ဆလာ့ဗ်ရှေးဟောင်းဒဏ္ဍာရီပုံပြင်တွေထဲက ဂျို (ချို) ကောက်ကြီးတွေ၊ အညှိအချွဲတွေတက်နေတဲ့အရေပြားတွေရှိပြီး အမြီးရှည်ကြီးနဲ့ ခြေထောက် (၆) ချောင်းမကောင်းဆိုးဝါးကြီးတစ်ကောင် ဖြစ်ပါတယ်။ သူဟာမြစ်ချောင်းအင်းအိုင်တွေထဲမှာ နေထိုင်ပြီး ညဘက်ဆိုအသံအကျယ်ကြီးနဲ့ ခုန်ထွက်လာပြီး လူတွေ၊ တိရစ္ဆာန်တွေကို အန္တရာယ်ပြုတတ်ပါသတဲ့။

၄။ CandyMan (အမေရိက)

ချီကာဂိုပြည်နယ်၊ နယူးအော်လင်းက CandyMan ဟာ နာမည်ရင်း Daniel Robitaille ဖြစ်ပြီး နတ်ဆိုးစိတ္တဇလူသတ်သမားတစ်ယောက် ဖြစ်ပါတယ်။ သူ့ရဲ့စွမ်းအားကတော့ မြင့်မားတဲ့ ဉာဏ်ရည်နဲ့ မသေနိုင်တဲ့အစွမ်းဖြစ်ပြီး ချိတ်ကောက်ကြီးတစ်လက်ကို လက်နက်အဖြစ်အသုံးပြုပါတယ်။ သူ့ရဲ့သားကောင်တွေကိုသေဆုံးသည်အထိ ခြောက်လှန့်တတ်ပါတယ်။

၅။ Cerberus (ငရဲပြည်)

 

ဂရိဒဏ္ဍာရီထဲက ငရဲပြည်မှာနေထိုင်တဲ့ ခေါင်း (၃) လုံးခွေးဘီလူးကြီးဖြစ်ပြီး ငရဲပြည်ရဲ့ဂိတ်တံခါးတွေကိုစောင့်ကြပ်ပါတယ်။ သူ့ရဲ့အလုပ်ကတော့ လူတွေကို ငရဲပြည်ကခိုးမထွက်နိုင်အောင် စောင့်ကြည့်ရတာပါ။ ဂရိဒဏ္ဍာရီထဲက ငရဲမင်း Hades ရဲ့အချစ်တော်ခွေးကြီးဖြစ်ပြီး သူရဲကောင်း Hercules (ဟာကြူလီ) ရဲ့ဖမ်းဆီးခြင်းကိုခံရဖူးပါတယ်။ တခြားနာမည်တစ်ခုကတော့ "Fluffy" ဖြစ်ပါတယ်။

၆။ Chupacabra (အမေရိကန်အလယ်ပိုင်း)

 

အမေရိကန်ကျေးလက်ပုံပြင်တွေထဲမှာထင်ရှားတဲ့ ထူးဆန်းတဲ့အကောင်ကြီးဖြစ်ပြီး ဝက်ဝံအငယ်စားတစ်ကောင်စာလောက် အရွယ်အစားရှိပါသတဲ့။ လည်ပင်းနားကနေ အမြီးနားအထိ အရိုးတွေငေါထွက်နေပါတယ်။ အကောင်တွေကို အရှင်လတ်လတ်ဖမ်းစားတတ်တဲ့ မကောင်းဆိုးဝါးတစ်ကောင်ဖြစ်ပါတယ်။

၇။ Cornish Owlman (အင်္ဂလန်)

 

Owlman ဟာ အင်္ဂလန်နိုင်ငံ ကွန်းဝဲလ်အရပ်မှာနေထိုင်ပြီး ငါးပေကျော်အရပ်ရှိတဲ့ ဇီးကွက်ပုံစံပေါက်နေတဲ့ လူတစ်ယောက် ဖြစ်ပါတယ်တဲ့။ ကြီးမားတောက်ပတဲ့မျက်လုံးကြီးတွေ၊ တောင်ပံကြီးတွေနဲ့လို့ ဆိုကြပါတယ်။ အမေရိကန်က "Mothman" နဲ့ဆက်စပ်မှုရှိနိုင်ပါသတဲ့။

၈။ Demogorgon (ငရဲပြည်)

Demogorgon ဟာ ရှေးဟောင်းဂရိနတ်ဘုရားတစ်ပါး (သို့မဟုတ်) ငရဲပြည်က နတ်ဆိုးတစ်ကောင်ဖြစ်ပါတယ်။ လှုပ်ရှားနေတဲ့အရာမှန်သမျှကိုလိုက်လံဖမ်းဆီးပြီး စားသောက်တတ်ပါတယ်တဲ့။ ဂရိ ဒဏ္ဍာရီရဲ့ရှေးဟောင်းအကျဆုံး နတ်ဘုရားတွေထဲမှာပါဝင်ပြီး ငရဲပြည်ရဲ့အနက်ရှိုင်းဆုံးအပိုင်းတွေမှာနေထိုင်ပါတယ်။

၉။ Dracula (ထရန်စီဗေးနီးယား)

 

Dracula ဟာ လူပုံစံဖန်ဆင်းထားတဲ့ ထာဝရအသက်ရှိတဲ့ သွေးစုပ်ဖုတ်ကောင်တစ်ကောင်ဖြစ်ပါတယ်။ လင်းနို့တစ်ကောင်အဖြစ် အသွင်ပြောင်းလဲနိုင်ပြီး ခေါင်းတလားတစ်လုံးထဲမှာ အိပ်စက်ပါတယ်။ "Vlad the Impaler" ဆိုတဲ့ နာမည်နဲ့လည်းထင်ရှားပါတယ်။ သူ့အပေါ်မဟုတ်တာလုပ်ဖူးရင် အညှိုးထားတတ်တဲ့နေရာမှာ အထူးကျော်ကြားပါတယ်။

၁၀။ Dullahan (အိုင်ယာလန်)

 

Dullahan ဟာ ညဘက်တွေမှာ မြင်းထွက်စီးတတ်တဲ့ ခေါင်းပြတ်မြင်းသည်တော်တစ်ယောက်ဖြစ်ပါတယ်။ သူဟာ မြင်းစီးနေချိန်မှာ သူ့ရဲ့ခေါင်းပြတ်ကြီးကို ချိုင်းကြားထဲမှာ ညှပ်ထားတတ်ပါတယ်။ Dullahan မြင်းစီးထွက်တဲ့ညတွေဆို သေခြင်းတရားက ကပ်ပါလာတတ်လို့ သေခြင်းတရားရဲ့ြ့မင်းသည်တော်လို့လည်း ခေါ်ဝေါ်ကြပါတယ်။ သူက ရွှေထည်ပစ္စည်းတွေကို ကြောက်ရွံ့ပါတယ်တဲ့။

Source: DailyInfographics

Share

Loading Next Article...
က္က