ပုံမှန်မဟုတ်တဲ့စိတ်ကြီးဝင်စိတ်အခြေအနေ (NPD)ကို ခံစားနေရတာ ဖြစ်ပါတယ်။
 

မောက်မာသူတွေဟာ သာမန်လူတွေထက် ပိုမြင့်မားတယ်လို့ ကိုယ့်ကိုယ်ကိုယ်ထင်မြင် ယုံကြည်နေသူတွေပါ။ သူတို့က ပိုထင်ပေါ်တယ်၊ သူတို့က ပိုအောင်မြင်တယ်၊ ပိုကောင်းမွန်တဲ့ ဘဝရှိတယ်လို့ ထင်နေကြတာ ဖြစ်ပါတယ်။ ကမ္ဘာ့လူဦးရေရဲ့ ၁ ရာခိုင်နှုန်းဟာ megalomania လို့ခေါ်တဲ့ ပုံမှန်မဟုတ်တဲ့စိတ်ကြီးဝင်စိတ်အခြေအနေ (NPD)ကို ခံစားနေရတာ ဖြစ်ပါတယ်။ သင့်ဘဝတစ်လျှောက် ဒီလိုလူမျိုးတွေကို တွေ့ကိုတွေ့ရမှာ ဖြစ်ပြီး သူတို့နဲ့တွေ့ရင် သင့်ဘက်ကဆက်ဆံတတ်ဖို့အတွက် ဒီအချက်လေးတွေ သိထားသင့်ပါတယ်။  

၁ - အခြားစိတ်ရောဂါ

NPD လို့ခေါ်တဲ့ အဆိုပါ စိတ်ကျန်းမာရေးပြသနာ ခံစားနေရသူတွေဟာ သူတို့ရဲ့ အရေးပါမှုကို အလွန်အကျွံ တွက်ဆတာ ဖြစ်ပါတယ်။ ဒီလိုတွက်ဆထားတဲ့ အခြေအနေကြောင့် သူတို့ဟာ အခြားလူတွေနဲ့ ဆက်ဆံရာမှာ အဆင်မပြေတော့တာ ဖြစ်ပါတယ်။  ဒီလိုစိတ်အခြေအနေရှိသူတွေဟာ စိတ်အတက်အကျ မြန်မှု၊ စိတ်ကစဉ့်ကလျားဖြစ်မှုနဲ့ စတဲ့ စိတ်ရောဂါတွေကိုပါ ခံစားရနိုင်တာ ဖြစ်ပါတယ်။

(သင်စိတ်ဝင်စားနိုင်တဲ့ဆောင်းပါး - ကိုယ်ဝန်ယူဖို့ စဉ်းစားပြီဆို စတင်ရမယ့် အဆင့် ( ၇ ) ဆင့်)

 

၂ - လက္ခဏာတွေ

NPD လက္ခဏာရှိပြီး မောက်မာတတ်သူတွေကို  ရုတ်တရက် မသိသာတာမျိုးလည်း ရှိပါတယ်။ ဒါပေမယ့် သူတို့နဲ့ စကားကြာကြာပြောကြည့်ရင်တော့ သိသာလာပါတယ်။ တကယ်မဟုတ်ပေမယ့် သူတို့ချဲ့ကားပြောနေတာတွေကို သူတို့ကိုယ်တိုင် ယုံကြည်နေတယ်ဆိုတာကို တွေ့ရပါမယ်။ သူတို့ဟာ အားကစားမှာ ပေါက်ရောက်ခဲ့သူတွေ၊ ဆယ်လီဘရီတီတွေနဲ့ ငယ်ပေါင်းကြီးဖော်တွေ၊ အောင်မြင်သူတွေနဲ့ အလွန်ရင်းနှီးသူတွေ စတဲ့ ပုံစံမျိုးတွေ ပြောတတ်ကြပါတယ်။ တကယ်ဟုတ်လို့ ပြောသူတွေရှိသလို NPD ရှိသူတွေကတော့ ချဲ့ကားပြောကြားတတ်ပြီး သူတို့ပြောနေတဲ့အတိုင်းလည်း သူတို့ကိုယ်တိုင် ယုံတတ်ကြပါတယ်။

၃ - ဖြေရှင်းနည်း

ဒီလိုလူမျိုးမှန်းသိပြီဆိုတာနဲ့ သင့်ဘက်က ဝေးဝေးကနေ ရှောင်ရမှာပါ။  သူတို့ကမ္ဘာထဲ မဝင်ပါနဲ့။ သူတို့နဲ့ စကားလက်ဆုံမကြပါနဲ့။ ပတ်သက်မိပြီဆိုရင်လည်း သင့်ဘက်က အပြုသဘောဆောင်ပါ။ သင်ဘက်က မခံချိမခံသာ ဖြစ်တယ်၊ စိတ်အနှောင့်အယှက်ဖြစ်ရတယ်ဆိုတဲ့ အပြုအမူတွေပြလိုက်ရင် သူတို့ဘက်က ပိုဆိုးလာပါလိမ့်မယ်။

 

၄ - ရှောင်ပါ

 သင့်မှာ ဟာသညဏ်ရှိတာ မှန်ပါတယ်။ အခြေအနေတစ်ခုမှာ သင့်ဘက်က ဘယ်လိုဟာသစကားမျိုးပြောရမယ်ဆိုတာကို ချက်ချင်း သိပါတယ်။ ဒါပေမယ့် သူတို့နဲ့တော့ ဒီလိုစကားမျိုး သွားမပြောပါနဲ့။ သင်ပြောတဲ့ဟာသစကားဟာ သူတို့ကို ထေ့တာ၊ သူတို့ကို သရော်တာ၊ ပြောင်တာလှောင်တာလို့ ထင်သွားတတ်ပါတယ်။

Photos & Source: Lifehack

Share

Loading Next Article...
က္က