အိပ်ရေးပျက်တာများလို့ မျက်ကွင်းညိုနေပြီလား။ ဒီအတွက်တော့ ဘာမှမပူပါနဲ့နော်။


နောက်နေ့စာမေးပွဲရှိလို့ တစ်ညလုံးမအိပ်ဘဲ စာကျက်ထားလို့ပဲဖြစ်ဖြစ်၊ အိပ်ရေးပျက်နေလို့ပဲဖြစ်ဖြစ် နောက်နေ့မနက်တွေမှာ လူက နုန်းချိနေတတ်ပါတယ်။ ဒါတင်မကသေးပါဘူး။ မျက်စိနားမှာ မျက်ကွင်းတွေညိုမဲပြီး အလှပျက်စေတတ်ပါတယ်။ ဘာမှတော့စိတ်မပူပါနဲ့။ မျက်ကွင်းညိုခြင်းကို ကုသပေးနိုင်တဲ့ သဘာဝဆေးနည်းလေးတွေ ရှိနေပါသေးတယ်။
၁။ ရှားစောင်းလက်ပတ်

 

မျက်ကွင်းညိုတွေကို ရှားစောင်းလက်ပတ်လိမ်းပေးပါ။ ရှားစောင်းလက်ပတ်ဟာ အရေပြားကိုကျန်းမာလှပစေတဲ့ သဘာဝအာဟာရဓာတ်တွေပါဝင်တာမို့ မျက်ကွင်းညိုခြင်းကိုလည်း သက်သာပျောက်ကင်းစေပါတယ်။

၂။ လက်ဖက်ခြောက်ထုပ်

အသုံးပြုပြီးသား လက်ဖက်ခြောက်ထုပ်ဟောင်းကိုယူပြီး မျက်လုံးပေါ်ကို (၁၀) မိနစ်ခန့်အုပ်ပေးပါ။ နေ့စဉ်လုပ်ပေးပါ။ လက်ဖက်ခြောက်ထဲမှာပါဝင်တဲ့ tannin က မျက်စိအရေပြားနားမှာ အရောင်မဲတာတွေနဲ့ ရောင်ရမ်းခြင်းတွေကိုု လျှော့ချပေးပါတယ်။

၃။ အုန်းဆီ

 

မျက်စိအနားတဝိုက်ကို အုန်းဆီးလေးနဲ့လိမ်းပြီး နှိပ်နယ်ပေးပါ။ ပြီးရင်တစ်ညသိပ်ထားပေးလိုက်ပါ။ မနက်ကျရင်ရေဆေးချပေးလိုက်ပါ။ ဆီက ထိခိုက်လွယ်တဲ့အရေပြားကို အာဟာရပြန်လည် ဖြည့်တင်းပေးပါတယ်။

၄။ နို့အေး

 

ဝါဂွမ်းလုံးလေးတစ်လုံးကို နို့အေးထဲမှာစိမ်လိုက်ပါ။ ညတိုင်းမအိပ်ခင် မျက်စိပေါ်မှာ (၁၀) မိနစ်၊ (၁၅) မိနစ်လောက်ကြာအောင် အုပ်ထားပေးလိုက်ပါ။ မျက်ကွင်းညိုတာတွေကို သက်သာစေပါတယ်။

၅။ ပူစီနံရွက်

 

ပူစီနံရွက်ကိုထောင်းပြီး မျက်ကွင်းညိုတဲ့နေရာတွေနားကို တစ်ပတ်တစ်ခါလောက် အုပ်ပေးပါ။

၆။ သခွားသီး

 

သခွားသီးလေးတွေကို စိတ်ပြီး မျက်စိအပေါ်မှာ (၅) မိနစ်လောက်ကြာအောင်အုပ်ပေးပါ။ သခွားသီးထဲမှာပါတဲ့အရည်က မျက်ကွင်းညိုတွေကို လျင်မြန်စွာကုသပေးနိုင်ပါတယ်။

၇။ အာလူး

အာလူးလေးတွေကိုအကွင်းအကွင်းလေးတွေဖြစ်အောင် လှီးပြီး မျက်စိပေါ်မှာ မိနစ်အနည်းငယ်ကြာအောင်တင်ထားပေးလိုက်ပါ။ ပြီးရင်ရေဆေးချလိုက်ပါ။ ဒီလိုမျိုး တစ်နေ့ (၂) ကြိမ်လုပ်ပေးရင် (၃) ပတ်လောက်နေရင် သိသာပြောင်းလဲလာပါလိမ့်မယ်။

Source: DailyInfographics

Share

က္က