ထင်ထားတာထက်ကို ပိုပြီးတော့ ဆိုးကျိုးများတယ်။
 

အုန်းဆီကိုစားသုံးခြင်းဟာ အမဲဆီနဲ့ထောပတ်ဆီတို့ကို စားသုံးခြင်းထက် ကျန်းမာရေးကို ပိုမိုထိခိုက်စေနိုင်တယ်ကြောင်း အမေရိကန်ကျန်းမာရေးပညာရှင်တွေက သတိပေးလိုက်ပါတယ်။ အုန်းဆီမှာပါဝင်တဲ့ ပြည့်ဝဆီ (saturated fat) ဟာ ခန္ဓာကိုယ်တွင်းမှာမကောင်းတဲ့ ကိုလက်စထရောပမာဏကို မြင့်တက်လာစေတာကြောင့် နှလုံးရောဂါတွေ ဖြစ်လာနိုင်စေပါတယ်။



 

အလှအပအတွက် အုန်းဆီကို အမျိုးမျိုး အသုံးပြုကြသလို ကျန်းမာရေးအတွက်ကောင်းစေတဲ့အစားအစာအဖြစ်နဲ့လည်း အုန်းဆီကို ရောင်းချနေကြပါတယ်။ အုန်းဆီမှာပါတဲ့ဆီက အခြားသော ပြည့်ဝဆီတွေထက် ပိုပြီးကောင်းတယ်လို့ ယုံကြည်ကြပြီး သောက်သုံးမှီဝဲနေသူတွေလည်း ရှိတာကြောင့် အမေရိကန် နှလုံးကျန်းမာရေးဆိုင်ရာအဖွဲ့အစည်းက ယခုလို ထုတ်ပြန်ကြေညာခဲ့တာပါ။ အုန်းဆီက ကျန်းမာရေးအတွက်ကောင်းမွန်ကြောင်း ထောက်ခံဖို့အတွက် ဘယ်လိုလေ့လာတွေ့ရှိမှုမှ မရှိဘူးလို့လည်းဆိုတယ်။

 

စားသုံးသင့်တဲ့ဆီနဲ့ မစားသုံးသင့်တဲ့ဆီကို ခွဲခြားတဲ့အခါ ပြည့်ဝဆီ (saturated fat) တွေဟာ မစားသင့်ဘူးလို့ ကျန်းမာရေးပညာရှင်တွေက ဆိုထားခဲ့ပါတယ်။ အုန်းဆီဟာလည်း မပြည့်ဝဆီတစ်မျိုးဖြစ်ပါတယ်။ မပြည့်ဝဆီကို စားသုံးရင် မကောင်းတဲ့ကိုလက်စထရော (LDL)တွေ သွေးထဲမှာ များပြားလာပြီး သွေးကြောတွေပိတ်စေပါတယ်။ အဲ့ဒီနောက်မှာ နှလုံးရောဂါနဲ့ လေဖြတ်တာတွေ ဖြစ်စေပါတယ်။ AHA ရဲ့ အဆိုအရ အုန်းဆီမှာပါဝင်တဲ့ဆီ ၈၂%က ပြည့်ဝဆီတွေလို့သိရပါတယ်။ ထောပတ်ဆီမှာ ပြည့်ဝဆီပါဝင်မှုက ၆၃ %၊ အမဲဆီမှာ ပြည့်ဝဆီပါဝင်မှုက ၅၀ % နဲ့ ဝက်ဆီမှာ ပါဝင်တဲ့ ပြည့်ဝဆီက ၃၉ % သာ ရှိပါတယ်။ အုန်းဆီက ယင်းဆီတွေထက် ပြည့်ဝဆီပါဝင်မှု ပိုများတာကြောင့် ကျန်းမာရေးကို ပိုမိုထိခိုက်စေနိုင်ကြောင်း အမေရိကန်ကျန်းမာရေးပညာရှင်တွေက သတိပေးလိုက်တာ ဖြစ်ပါတယ်။

Source : BBC


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က