ဒီဘက်နှစ်ပိုင်းတွေထဲမှာ ခန္ဓာကိုယ် အချိုးအစားလှပရေးအတွက်သာမက၊ ကျန်းမာရေးအတွက်ပါရည်ရွယ်ပြီး စနစ်တကျ ကိုယ်ကာယလေ့ကျင့်ခန်းလုပ်တဲ့သူတွေအရင်ထက်ပိုများလာတာ အမှန်ပါပဲ။ အဲဒီလို စနစ်တကျကိုယ်ကာယလေ့ကျင့်ခန်း လုပ်တဲ့သူတွေများလာတာနဲ့အတူ ရန်ကုန်မြို့ရဲ့နေရာအသီးသီးမှာလည်း Gym တွေအရင်ထက်ပိုဖွင့်လှစ်လာနေတာ ကိုတွေ့ရမှာပါ။ ဒါပေမဲ့ တည်နေရာနဲ့ နေရာအကျယ်အဝန်းအရ၊ လေ့ကျင့်ပေးတဲ့နည်းစနစ်ပိုင်းနဲ့ စက်ပစ္စည်းတွေအရ၊ Facility တွေအရ ကမ္ဘာ့အဆင့်မီ Gym မျိုးကတော့ ရန်ကုန်တစ်မြို့လုံးအနှံ့လိုက်ရှာလို့တောင် များများစားစားတွေ့ရမယ် မထင်ပါဘူး။ ဒါကြောင့်ပဲ ရန်ကုန်မြို့ရဲ့ အချက်အချာကျတဲ့နေရာမှာတည်ရှိပြီး နေရာအကျယ်အဝန်းအစ သုံးထားတဲ့စက်ပစ္စည်းတွေ အဆုံး ကမ္ဘာ့အဆင့်မီ Gym တစ်ခုဖြစ်တဲ့ Training Ground Fitness Club အကြောင်းကို အားလုံးသိရအောင် ညွှန်းပေးချင်ပါတယ်။
ပထမဆုံးအနေနဲ့ ကာယလေ့ကျင့်ခန်းလုပ်တဲ့နေရာမှာ အရေးကြီးဆုံးဖြစ်တဲ့ ကျယ်ဝန်းလွတ်လပ်ပြီး အဆင့်မီတဲ့ အပြင်အဆင်ပိုင်းရှိ၊ မရှိကို ကြည့်မယ်ဆိုရင် Training Ground ဟာ စတုရန်းပေ ၈၀၀၀ ကျယ်ဝန်းပြီး ခေတ်မီသေသပ်တဲ့ အပြင်အဆင်ရှိတာကြောင့် Gym ကိုရောက်တာနဲ့ လေ့ကျင့်ခန်းလုပ်ရမှာပျင်းနေတဲ့သူတွေတောင် စိတ်ဓါတ်တက်ကြွ လာနိုင်တာကိုတွေ့ရမှာပါ။
ရန်ကုန်မြို့ရဲ့ အချက်အချာနေရာမှာတည်ရှိပြီး ကားအစီး ၂၀၀ ကျော်အထိအခမဲ့ရပ်နားနိုင်တဲ့ မြေအောက်ကားပါကင်ရှိတာကြောင့် ကားပါကင်အတွက်လည်းစိတ်ပူစရာ မလိုပါဘူး။ ကြမ်းခင်းပိုင်းကိုကြည့်မယ်ဆိုရင် Sport Flooring မှာကမ္ဘာကျော်တဲ့ Tinsue ကိုအသုံးပြုထားပြီး EV Professional အသံစနစ်နဲ့ မြူးကြွတဲ့ဂီတသံစဉ်တွေကြောင့် စိတ်ဓါတ်တက်ကြွစရာကောင်းတာအမှန်ပါပဲ။
Training Ground ရဲ့နောက်ထပ် အထင်ကြီးလောက်စရာ Facility တစ်ခုကတော့ Locker ခန်းတွေပါပဲ။ သားနားကျယ်ဝန်းပြီး ခေတ်မီတဲ့ အပြင်အဆင်အပြင် အဆင့်မြင့်လုံခြုံရေးနည်းပညာတွေကိုပါ အသုံးပြုထားတာကိုတွေ့ရပါတယ်။ သော့တံတွေ၊ ကဒ်တွေနဲ့မဟုတ်ဘဲ လက်ကောက်ဝတ်မှာပတ်ထားလို့ရတဲ့ Sensor နည်းပညာသုံးလုံခြုံရေးစနစ်ကို အသုံးပြုထားတာ ကြောင့် ကိုယ်လေ့ကျင့်ခန်းလုပ်နေချိန်မှာ ကိုယ့်ရဲ့ပိုက်ဆံအိတ်၊ ဖုန်းနဲ့ အခြားတန်ဖိုးကြီးပစ္စည်းတွေအတွက် နောက်ဆံ တင်းနေဖို့ လုံးဝမလိုအပ်တော့ပါဘူး။ နောက်ပြီးအားကစားလုပ်သူတွေအတွက် ကျန်းမာရေးနဲ့အညီ သောက်သုံးနိုင်မယ့် Healthy Juice Bar ကလည်းအသင့်ရှိနေတာကြောင့် အဆင်ပြေပါတယ်။
Training Ground ဟာကမ္ဘာ့ထိပ်တန်းအမှတ်တံဆိပ်ဖြစ်တဲ့ Hammer Strength ရဲ့ တရားဝင်ခွင့်ပြုချက်ရ Training Center တစ်ခုဖြစ်ပါတယ်။ ဒါကြောင့် စက်ပစ္စည်းပိုင်းကိုကြည့်လိုက်မယ်ဆိုရင် Hammer Strength နဲ့ Life Fitness စက်တွေကိုချည်းပဲအသုံးပြုထားတာကိုတွေ့ရမှာပါ။နောက်ဆုံးပေါ်နည်းပညာမြင့်စက်တွေဖြစ်တာနဲ့အညီ ခန္ဓာကိုယ်မရွေး အစားမရွေးကစားနိုင်ပြီး ခန္ဓာကိုယ်အစိတ်အပိုင်းအလိုက် ကြွက်သားတစ်ခုချင်းစီအတွက် ထိရောက်အောင်လေ့ကျင့်နိုင်မှာ ပဲဖြစ်ပါတယ်။
လေ့ကျင့်ပေးမယ့် Trainer တွေက နိုင်ငံတကာအဆင့်အတွေ့အကြုံရှိတဲ့အပြင် သက်ဆိုင်ရာဘာသာရပ်အလိုက် အသိအမှတ်ပြုလက်မှတ်တွေရရှိထားတဲ့ Trainer တွေပဲဖြစ်ပါတယ်။ Trainer အရေအတွက်ကလည်း လုံလုံ လောက်လောက်ရှိတာကြောင့် တစ်ဦးချင်းကို စနစ်တကျ အနီးကပ်သင်ကြားလေ့ကျင့်ပေးနိုင်ပါတယ်။
ဒီလိုစက်ပစ္စည်းပိုင်း အရရော၊ Trainer ပိုင်းအရပါ ကမ္ဘာ့အဆင့်မီတာကြောင့် လေ့ကျင့်တဲ့အချိန်မှာ ထိခိုက်မိမှာ၊ တစ်စုံတစ်ခုမှားယွင်း သွားမှာတွေကို လုံးဝစိတ်ပူဖို့ မလိုတော့ပါဘူး။ Training Ground မှာနောက်ထပ်ထူးခြားတာက လေ့ကျင့်ခန်းတွေချည်းပဲ လုပ်နေရလို့ပျင်းလာတယ်ဆိုရင်လည်း Yoga Class၊ Zumba Class၊ Hip Hop Cardio Class တို့လို အဖွဲ့လိုက် ပျော်ပျော်ပါးပါးလုပ်ဆောင်နိုင်မယ့် Class တွေ၊ လက်ဝှေ့ကို အားကစားနည်းတစ်ခုလို လေ့ကျင့်သင်ယူလိုသူတွေအတွက် Professional Boxer တွေကလေ့ကျင့်ပေးမယ့် Fight Class တို့လို Class တွေလည်းရှိတာကြောင့် Gym သွားရမှာပျင်းနေတာမျိုးဖြစ်မှာ မဟုတ်တော့ပါဘူး။
ဒါတွေအပြင် နေ့စဉ်ဘဝကိုယ်ဟန်လှုပ်ရှားမှုတွေကို လွယ်လွယ်ကူကူလုပ်ဆောင်နိုင်ဖို့နဲ့ လေ့ကျင့်ခန်းလုပ်ရင်း ရုတ်တရက် ဖြစ်လာနိုင်တဲ့ အရိုး၊ အကြော၊ ကြွက်သားပိုင်းဆိုင်ရာ ဒဏ်ရာများနှင့် ပက်သတ်ပြီး ကာကွယ်နိုင်ရန်နှင့် ကုသပေးနိုင်ရန်အတွက် Health Professional, Physiotherapist တွေရှိတာကိုတွေ့ရပါတယ်။
Training Ground ကို မနက် ၆ နာရီကနေ ည ၁၀ နာရီအထိ ပိတ်ရက်မရှိဖွင့်လှစ်ပြီး တစ်ပတ် ကို Calss ၂၅ ခု နဲ့ တစ်လကို Class ၁၀၀ ကျော်ရှိတာကြောင့် ကိုယ်အဆင်ပြေတဲ့အချိန်၊ အဆင်ပြေတဲ့နေ့ကိုသွားရောက်နိုင်တာကလည်း အားသာချက်ပါပဲ။ နောက်ပြီး Gym ကစားတဲ့သူတွေလိုအပ်တဲ့ လေ့ကျင့်ရေးဝတ်စုံ (Workout Outfit)တွေ၊ အာဟာရ ဖြည့်စွက်စာ(Nutrition Product) တွေကိုလည်းရောင်းချပေးလျက်ရှိပါသေးတယ်။
ဒီအချက်တွေကြောင့်ပဲ Training Ground ကို ရန်ကုန်မြို့ရဲ့ ကမ္ဘာ့အဆင့်မီ Fitness Club တစ်ခုအဖြစ်ညွှန်းရတာ ဖြစ်ပါတယ်။
Training Ground နဲ့ပတ်သက်တဲ့သတင်းတွေကို အမြဲသိရှိလိုတယ်ဆိုရင် Training Ground ရဲ့ တရားဝင် Facebook စာမျက်နှာ => Training Ground Official Facebook Page ကို Like လုပ်ထားလို့ရပါတယ်။
Training Ground ရဲ့လိပ်စာကတော့ Urban Asia Center ၊ No.10(H) ၊ ၄၈ လမ်းနဲ့ မဟာဗန္ဓုလ လမ်းထောင့်၊ ဗိုလ်တထောင်မြို့နယ်၊ ရန်ကုန်မြို့ဖြစ်ပြီး အသေးစိတ်အချက်အလက်တွေကို ဖုန်းနံပါတ် - 09458887272 ကိုဆက်သွယ်ပြီးဖြစ်စေ၊ info@tgroundmm.com ကို email ပေးပို့ပြီးဖြစ်စေ ဆက်သွယ်စုံစမ်းနိုင်ပါတယ်။
Share