ဘော်ဒါတွေစုပြီး အရက်သောက်ကြပြီဆိုရင် ဒီလိုကောင်မျိုးတွေ တစ်ယောက်မဟုတ် တစ်ယောက်တော့ ပါလာတတ်ပါတယ်။


TGIF ရောက်ပြီဆိုတော့ အပေါင်းအသင်းတွေနဲ့သောက်ဖို့စားဖို့ ချိန်းဆိုရမယ့်အချိန်ကိုရောက်ပါပြီ။ သောက်ကြစားကြပြီဆိုရင် တစ်ယောက်ချင်းစီရဲ့ဉာဉ်လေးတွေက ပေါ်လာတတ်ပါတယ်။ အရက်ဝိုင်းမှာ တွေ့ရတတ်တဲ့ ဘော်ဒါတွေရဲ့ type တွေကို ဖော်ပြပေးလိုက်ပါတယ်နော်။
၁။ ဘာလာလာဒေါင်းတဲ့ကောင်

 

ဘော်ဒါအုပ်စုထဲမှာ ဒီလိုကောင်တစ်ကောင်ကတော့ အမြဲပါ ပါတယ်။ ရေလျှံနေချိန်မှာ ဂျော်နီလမ်းလျှောက်တွေဘာတွေ ကစ်သလို ပြတ်နေလပ်နေချိန်မှာလည်း ဇေတို့၊ အဖြူတို့ဆွဲနိုင်တဲ့ကောင်မျိုးပါ။ အရက်ဆိုရင် ဘာလာလာဒေါင်းတယ်ဆိုတဲ့ type မျိုးဖြစ်ပြီး အရက်လေး (၃) ခွက်လောက်ဝင်ပြီးသွားရင် စကားလည်းအသေများတဲ့ကောင်တွေဖြစ်ပါတယ်။

၂။ ကောင်မလေးကိုသံတော်ဦးတင်ရတဲ့ကောင်

 

သူတို့ကျတော့ အရက်သောက်တာတောင် ဖြောင့်ဖြောင့်တန်းတန်းမသောက်ရရှာပါဘူး။ ကောင်မလေး (အရပ်သုံးစကား- စော်) က ဖုန်းဆက်ပြီး check ပြီဆိုတာနဲ့ ပျာပျာသလဲနဲ့ပလီစိခြောက်ချက်တွေ ပြောရပါတော့တယ်။ သူတို့လိုလူမျိုးတွေအတွက် ဘော်ဒါအုပ်စုထဲမှာ ကားပါတဲ့ကောင်တစ်ကောင်ပါမှဖြစ်မှာပါ။ ဒါမှသာ ကောင်မလေးနဲ့ဖုန်းပြောပြီဆိုရင် ကားထဲဝင်၊ အဲလ်ကွန်းဖွင့်ပြီး အိပ်ခန်းထဲမှာပြောနေသလိုလို ဘာလိုလိုနဲ့ ဖောလို့ရမှာကိုး။

၃။ မေမေ့သားလေး

မေမေ့သားလေးတွေကတော့ အိမ်ကအသေကြောက်ရတဲ့ type မျိုးပါ။ အိမ်ကဖုန်းဆက်ခေါ်ပြီဆိုတာနဲ့ သောက်လက်စ အရက်ခွက်လေး ဘေးချပြီးအိမ်ပြန်ပြေးရတဲ့ လူမျိုးတွေပေါ။ အိမ်မပိုင်ဘဲ ဂေါ်လီရိုက်ချင်တဲ့ကောင်တွေဆိုတော့ ဘော်ဒါတွေရစ်တာကော၊ အိမ်ကကျစ်တာကော ခံရရှာပါတယ်။ သူတို့လေးတွေအတွက် ဝမ်းနည်းခြင်းအထိမ်းအမှတ်အဖြစ် အရက်ခွက်တွေကို (၃) စက္ကန့်လောက် လေထဲမြှောက်ထားပေးလိုက်ကြရအောင်။

၄။ ဖလာကျိတ်တဲ့ကောင်

တစ်ခါတလေ ဘော်ဒါတွေ American system နဲ့ဝေမျှရှင်းကြတဲ့ဝိုင်းမှာ ပိုက်ဆံရှင်းခါနီးကျမှ အတိတ်မေ့သလို၊ ရွှေပျောက်သလိုလုပ်တတ်တဲ့ ကောင်တွေလည်း ရှိပါတယ်။ အမြည်းစားရင်လည်း လက်သွက်၊ သောက်ပြီဆိုရင်လည်း ခွက်မြန်ပေမယ့် ပိုက်ဆံရှင်းခါနီးမှ ခြေတွေ လက်တွေတုန်ယင်နေတတ်သူပေါ့။ သူတိုု့လိုလူမျိုးကိုတော့ ဖလာကောင်တွေလို့ပဲ ခေါ်ပါတယ်။

၅။ မူးလာရင် အသည်းကွဲပြတဲ့ကောင်

 

"ထန်းရည်မူး ကျွဲခိုးပေါ်" ဆိုတဲ့အတိုင်း အရက်မူးလာပြီဆိုတာနဲ့ ရင်ထဲကခံစားချက်တွေ ပွင့်အန်ထွက်လာပါတော့တယ်။ သစ်စိမ်းချိုး ချိုးသွားတဲ့ မမစိမ်းတွေအကြောင်း၊ ဖွင့်မပြောလိုက်ရခင် နောက်တစ်ယောက်နဲ့ ပါသွားတဲ့ ကောင်မလေးတွေအကြောင်း စသဖြင့် အသည်းကွဲ history တွေကို ပြန်လှန်ကြပါတော့တယ်။ အဲဒီမှာ ဖီးလ်တွေစွတ်တက်လာရင် ငိုတဲ့ယိုတဲ့ကောင်တွေတောင် ရှိပါသေးတယ်။ မနက်မိုးလင်းလို့ အဲဒီအကြောင်းတွေပြန်မေးရင်တော့ သူတို့ ဘာတစ်ခုမှသတိမရတော့တဲ့အကြောင်း ပြောပါလိမ့်မယ်။

၆။ မူးလာရင် Plan B ဆက်ချင်တဲ့ကောင်

"ဘော်ဒါတွေစုံလာပြီဆို မိုက်ခဲမယ်" ဆိုတဲ့အတိုင်း အရက်သောက်လို့နည်းနည်းလေး အရှိန်ရလာပြီဆိုရင် မိုက်ခဲဖို့အတွက် KTV ဂိုးဖို့တာဆူတဲ့ကောင်တွေလည်း ပါတတ်ပါတယ်။ တခြားဟာသာ နှမြောချင် နှမြောမယ်။ Plan B ဆက်ဖို့တော့ မနှမြောတတ်တဲ့ကောင်တွေပါ။ ဒီလိုကောင်တွေနဲ့ တူတူသောက်မိရင် အရက်မူးပြီဆိုတာနဲ့ Plan B တွေ၊ C တွေ ပါလာတတ်လို့ ငွေကုန်ကြေးကျ ပိုများတတ်ပါတယ်။

သူငယ်ချင်းတို့ ဘော်ဒါအုပ်စုထဲမှာကော ဒီလိုကောင်တွေရှိလား။ ရှိရင် မန်းရှင်းခေါ်သွားကြလေ....

Share

Loading Next Article...
က္က