ကမ္ဘာကျော်ပုဂ္ဂိုလ်တွေမှာလည်း ကျွန်တော်တို့တွေ ထင်မထားတဲ့အတိတ်တွေ ရှိကြပါတယ်။


ကမ္ဘာကျော်ပုဂ္ဂိုလ်တွေမှာလည်း ကျွန်တော်တို့တွေ ထင်မထားတဲ့အတိတ်တွေ ရှိကြပါတယ်။ သူတို့လည်း ပုထုစဉ်လူသားတွေပေမို့ စိတ်ခံစားမှုအလျောက် လုပ်လိုက်မိတဲ့ ပြစ်မှုတွေအရ တရားဥပဒေရဲ့အပြစ်ပေးခြင်းကို ခံခဲ့ရဖူးတာပါပဲ။ အောက်မှာဖော်ပြထားတာ ကတော့ ထောင်နန်းစံခဲ့ရဖူးတဲ့ ကမ္ဘာကျော်အဆိုတော် (၅) ယောက်ပဲဖြစ်ပါတယ်။



၁။ အော်ဇီ အော့ဇ်ဘုန်း (Ozzy Osbourne)




အော်ဇီ အော့ဇ်ဘုန်း (Ozzy Osbourne) ဟာ Black Sabbath တီးဝိုင်းနဲ့အတူ လူထောင်ပေါင်းများစွာရဲ့ရှေ့မှာ မတီးခင်၊ အောင်မြင်မှုတွေကိုမရရှိခင်တုံးက John ဆိုတဲ့သာမန်လူငယ်လေးတစ်ယောက်ပါပဲ။ John ဆိုတဲ့ လူငယ်ဘဝမှာတုံးကတော့ အော်ဇီဟာ တော်တော်လေးဆိုးသွမ်းခဲ့ပါတယ်။ ၁၉၆၅ ခုနှစ်တုံးက သူ့အသက် (၁၇) နှစ်ပဲရှိသေးပေမယ့် ဘာမင်ဟမ်မြို့က ဝင်ဆမ်ဂရင်းထောင်မှာ (၇) ပတ် ချုပ်နှောင်ခံခဲ့ရပါတယ်။ ပြစ်မှုကတော့ အဝတ်အစားဆိုင်တစ်ဆိုင်ထဲကို ဖောက်ထွင်းဝင်ရောက်ခဲ့လို့ပါတဲ့။

၂။ ဘွိုင်းဂျော့ချ် (Boy George)





ဘွိုင်းဂျော့ချ်နဲ့သူ့ရဲ့ Culture Club တီးဝိုင်းဟာ ၁၉၈၀ ပြည့်နှစ်တွေတုံးကတော့ အအောင်မြင်ဆုံးတီးဝိုင်းတွေထဲမှာ တစ်ခုအပါအဝင်ပါပဲ။ ဒါပေမယ့် Bill Board နံပါတ် (၁) တွေဘာတွေရခဲ့တဲ့ Karma Chameleon လိုသီချင်းမျိုးကလည်း ဂျော့ချ်အတွက် ကံကောင်းခြင်းတွေယူဆောင်မလာခဲ့ပါဘူး။ မူးယစ်ဆေးဝါးသုံးစွဲနေတယ်လို့ လူသိရှင်ကြားဝေဖန်ခံရမှုတွေကြားမှာ ဂျော့ချ်ဟာ ရုန်းကန်ခဲ့ရပြီး ၂၀၀၈ ခုနှစ်မှာတော့ ယောကျ်ားလေးအစောင့်တစ်ယောက်ကို နံရံမှာလက်ထိပ်နဲ့ပူးခတ်ပြီး သံကြိုးနဲ့ ရိုက်နှက်ခဲ့တဲ့အတွက် ထောင် (၁၅) လကျခဲ့ပါတယ်။ ဒါပေမယ့် ဂျော့ချ်ဟာ ထောင်ထဲမှာကောင်းကောင်း နေပြခဲ့တာကြောင့် (၄) လနဲ့ပြန်လွတ်လာခဲ့ပါတယ်။

၃။ ဆစ်ဒ် ဗစ်ရှပ်စ် (Sid Vicious)





အမည်ရင်း ဂျွန် ဆိုင်မွန် ရစ်ချီဖြစ်တဲ့ ဆစ်ဒ်ဟာ နာမည်ကျော် Sex Pistol တီးဝိုင်းရဲ့ဘေ့စ်ဂစ်တာသမားနဲ့ အဆိုတော်ဖြစ်ပြီး ပဋိပက္ခဖြစ်ရပ်တွေနဲ့မစိမ်းပါဘူး။ ဒါပေမယ့် punk ဂီတသမားတွေရဲ့စံနှုန်းနဲ့ ကြည့်မယ်ဆိုရင်တောင် သူ့ကိုထောင်ကျစေပြီး သေဆုံးသွားတဲ့အထိ ဖြစ်စေတဲ့ဖြစ်ရပ်တွေက တုန်လှုပ်ဖွယ်ရာပါပဲ။

နယူးရော့ခ်မြို့ကဟိုတယ်ခန်းတစ်ခန်းထဲမှာ သူ့ရဲ့ရည်းစားဖြစ်သူ နမ်စီ စပန်ဂမ် ဓားဒဏ်ရာတွေနဲ့သေဆုံးနေတာကို တွေ့ရှိခဲ့ရပြီးနောက် ဆစ်ဒ်ကို ဖမ်းဆီးထိန်းသိမ်းခဲ့ကြပါတယ်။ အာမခံနဲ့လွတ်လာပြီးမှ ရိုက်နှက်မှုနဲ့တစ်ခါ ထပ်မံထိန်းသိမ်းခံ ရပါတယ်။ ဒါကိုလည်းအာမခံနဲ့လွှတ်ပေးလိုက်တဲ့အတွက် ဘိန်းဖြူအသုံးလွန်ပြီး သေဆုံးခဲ့ပါတယ်။ သူသေတုံးက သူ့အသက် (၂၁) နှစ်ပဲရှိပါသေးတယ်။

၄။ ဂျော့ချ် မိုက်ကယ် (George Michael)





ထောင်ချခံခဲ့ရဖူးတဲ့ နာမည်ကြီးအဆိုတော်တွေထဲမှာ လူချောလေးဂျော့ချ် မိုက်ကယ်ပါနေမယ်လို့တော့ ခင်ဗျားဘယ်ထင်မိမလဲ။ သူဟာ ၈၀ ပြည့်နှစ်တွေတုံးက ဂီတလောကထဲဝင်ရောက်လာပြီး သူ့ဘော်ဒါ အန်ဒရူး ရစ်ဂယ်လီနဲ့အတူ Wham! တီးဝိုင်း ကိုတည်ထောင်ခဲ့ပါတယ်။ သူမသေခင်အချိန်ထိ သူ့ရဲ့အယ်လ်ဘမ်တွေဟာ (၁၁၅) သန်းတောင်ရောင်းခဲ့ရပါတယ်။ ဒါဟာ သူ့ကို အရောင်းရဆုံးဂီတပညာရှင်ထဲမှာ တစ်ဦးအပါအဝင်ဖြစ်စေခဲ့ပါတယ်။ ဒါပေမယ့် ၂၀၁၀ ခုနှစ်မှာ ဂျော့ချ်ဟာ ဆေးသုံးပြီး ကားမောင်းခဲ့တဲ့အတွက် ထောင် (၂) လကျခဲ့ပါတယ်။

၅။ မစ်ခ် ဂျက်ဂါ (Mick Jagger)





ကမ္ဘာကျော် Rolling Stones တီးဝိုင်းကိုတော့ သိကြမှာပါ။ Rolling Stones ဂီတဝိုင်းရဲ့ခေါင်းဆောင်အဆိုတော် မစ်ခ်ဂျက်ဂါကြီးလည်း ထောင်ကျခဲ့ဖူးပါတယ်။ ၁၉၆၇ ခုနှစ်မှာ ရဲတွေက Rolling Stones တီးဝိုင်းက မစ်ခ်ရဲ့ဘော်ဒါကြီး ကိထ် ရစ်ချတ် (Keith Richard) ရဲ့အိမ်ကိုဝင်ရောက်စီးနင်းခဲ့ပါတယ်။ အဲဒီမှာ မစ်ခ်ကို စိတ်ကြွဆေးပြားလက်ဝယ်တွေ့ရှိမှုနဲ့ ထောင် (၃)လ ချခဲ့ပါတယ်။ ဒါပေမယ့် နောက်တစ်နေ့မနက်မှာပဲ သူ့ကို ထောင်ကပြန်လွှတ်ပေးလိုက်ကြပါတယ်။ သူကတော့ ထောင်ထဲမှာ (၄၈) နာရီပဲနေလိုက်ရတာပေါ့။

Source: LifeDeathprize

Share

Loading Next Article...
က္က