ပြင်သစ်ဒီဇိုင်နာ Jacquemus က ဒီဝတ်စုံကို ဖန်တီးပေးထားတာပါ။ ကောက်ရိုးခြောက်ဦးထုပ် ၈ လုံးကို အတူပူးတွဲချုပ်ထားပြီး ဝတ်စုံအဖြစ်နဲ့ ထုတ်ဖော်ပြသခဲ့ပါတယ်။
ဦးထုပ်တွေကိုပဲ ကြိုးတစ်ချောင်းနဲ့ တွယ်ဆက်ပြီး ပခုံးမှာချည်ကာ ဝတ်ပြထားပါတယ်။ ကောက်ရိုးခြောက်တွေနဲ့ပဲ လုပ်ထားတာဆိုတော့ ဝတ်လို့လည်း သက်တောင့်သက်သာရှိတယ်လို့ ဆိုတယ်။ ယားယံတာတွေလည်း မဖြစ်တာမို့ နွေရာသီအတွက် ရည်ရွယ်ပြီး ဖန်တီးထားပါသတဲ့။
Sssense စတိုးဆိုင်တွေမှာသာ အထူးတလည်ရောင်းချတဲ့ ဝတ်စုံဟာ တစ်ထည်ကို အမေရိကန်ဒေါ်လာ ၃၀၅၀ (ကျပ် သိန်း ၄၀ ကျော်) နဲ့ ရောင်းချနေပါတယ်။ ဦးထုပ်တွေကိုပဲ တွယ်ထားတာဆိုတော့ ဝတ်ထားရင်တောင် ဘယ်လိုထိုင်မလဲ၊ ဘယ်လို အိမ်သာသွားမလဲဆိုတာကတော့ စဉ်းစားစရာပါ။
Source : Cosmo