အီတလီဖက်ရှင်အမှတ်တံဆိပ် Prada ရဲ့ ထုတ်ကုန်တွေဟာ ကျား၊ မ မရွေး နှစ်သက်ကြတဲ့ အမှတ်တံဆိပ်ခုပါ။ Prada ရဲ့ ထုတ်ကုန်တွေထဲမှာ လက်ကိုင်အိတ်၊ ဖိနပ်၊ ရေမွှေးနဲ့ အခြားသော ဖက်ရှင်အသုံးအဆောင်တွေဟာ လူကြိုက်များပါတယ်။ ဈေးကြီးကြီးပေးရတဲ့ ပစ္စည်းတွေပေါ့။ ဒါပေမဲ့ ဖက်ရှင်ပစ္စည်းမဟုတ်ဘဲ စက္ကူညှပ်တဲ့ paper clip ကိုပါ သိန်းချီပေးရတဲ့ဈေးနဲ့ ရောင်းချတော့မတဲ့။
တစ်ခုကို အမေရိကန်ဒေါ်လာ ၁၈၅ (ကျပ် နှစ်သိန်းခွဲခန့်) နဲ့ ဈေးသတ်မှတ်ပြီး ရောင်းချမယ့် Prada ရဲ့ paper clip အကြောင်းဟာ လူမှုကွန်ရက်မှာတော့ အကြီးအကျယ်ကို လှောင်ပြောင်ခံနေရပါတယ်။ အထူးသဖြင့် တွစ်တာပေါ်မှာ ဒီအကြောင်းကို တွေ့နေရတယ်။
Prada ကတော့ ဒီကလစ်လေးတွေဟာ စက္ကူညှပ်ဖို့မဟုတ်ဘဲ ပိုက်ဆံညှပ်ဖို့အတွက် ထုတ်ထားတဲ့ money clip တွေလို့ ဆိုပါတယ်။ Money clip တွေကို sterling silver နဲ့ အရောင်တင်ပြီး ပြုလုပ်ထားပါသတဲ့။
ပိုက်ဆံတွေကိုစီပြီး Prada ရဲ့ money clip လေးနဲ့ ညှပ်ထားပေါ့။ Prada ရဲ့ money clip တွေကို အမေရိကန်က Barney's New York စတိုးတွေမှာ စတင်ရောင်းချနေပါပြီ။
Source : Cnet