နေ့စဉ်ဘဝထဲမှာ တစ်ခါတလေ ကြုံရတတ်တဲ့အခက်အခဲလေးတွေရှိတတ်ပါတယ်။


နေ့စဉ်ဘဝထဲမှာ တစ်ခါတလေ ကြုံရတတ်တဲ့အခက်အခဲလေးတွေရှိတတ်ပါတယ်။ အပြင်သွားခါနီးမှ လက်ကိုင်အိတ်ပေါ်မှာ မင်စွန်းနေတာတို့၊ အမှန်အကန်ရှိုင်းပြီးမှ မိုးရွာနေလို့ ဖိနပ်ထဲရေဝင်ပြီး ရှိုးပဲ့မှာ စိုးရတာမျိုးတို့ပေါ့။ ဒါတွေကိုလွယ်လွယ်ကူကူနဲ့ ဖြေရှင်းပေးနိုင်မယ့်နည်းလမ်းလေးတွေရှိပါတယ်။ "မသိသူကျော်သွား၊ သိသူဖော်စား" ဆိုတဲ့အတိုင်း တချို့အခက်အလဲလေးတွေက နည်းလမ်းသိသွားရင် လွယ်လွယ်လေးပါပဲ။ နေ့စဉ်ဘဝအခက်အခဲလေးတွေကိုဖြေရှင်းပေးနိုင်မယ့် နည်းလမ်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။

၁။ လက်ကိုုင်အိတ်ပေါ်မှာမင်စွန်းနေရင်

14798960-26822760-1-0-1497001203-1497001215-0-1497108954-0-1497339856-0-1497340065-0-1497341200-1497341208-650-1-1497341208-650-04f9ebaa03-1498133652.jpg 

အပြင်သွားခါနီးမှ ကိုယ်ကိုင်မယ့်လက်ကိုင်အိတ်မှာမင်စွန်းနေရင် ဂွမ်းစလေးတစ်ဖတ်နဲ့ ရှာလကာရည်ကိုယူပြီး ပွတ်တိုက်ပေးလိုက်ရင်ပြောင်သွားမှာပါ။ ဒီနေရာမှာ တခြားအစွန်းချွတ်ဆေးတွေကိုသုံးရင် အနံ့စွဲသွားမှာစိုးရသလို အရောင်ကျွတ်မှာလည်းစိုးရပါတယ်။ ဒါကိုရှာလကာရည်နဲ့ပွတ်ပေးရင် အကောင်းဆုံးပါပဲ။

၂။ အင်္ကျ ီတွန့်ခေါက်နေရင်

14799010-26820010-1-0-1497000309-1497000316-0-1497108920-0-1497339979-1497339985-650-1-1497339985-650-04f9ebaa03-1498133652.jpg 

အပြင်သွားခါနီးမှ ကိုယ်ဝတ်မယ့်အင်္ကျ ီက တွန့်ကြေနေပြီး ကြည့်ရဆိုးနေရင် ဖြေရှင်းဖို့နည်းလေးပါ။ မီးဖိုထုတ်တိုက်ဖို့ကလည်း အချိန်မရှိတော့ဘူးဆိုရင် ဆံပင်ဖြောင့်စက်လေးကို ထုတ်ပြီး တွန့်ကြေနေတဲ့ နေရာတွေကို ဖိဆွဲပေးလိုက်ပါ။ တွန့်ကြေနေတဲ့အစင်းကြောင်းတွေ အမြန်ပျောက်သွားပါလိမ့်မယ်။ ဒါပေမယ့် ဒီနည်းလမ်းက တီရှပ်တို့၊ ရှပ်အင်္ကျၤ ီတို့လိုပေါ့ပေါ့ပါးပါးအထည်တွေပေါ်မှာပဲ အသုံးဝင်ပါတယ်။ ကုတ်အင်္ကျ ီလိုမျိုး လေးလံတဲ့အထည်တွေမှာတော့ အလုပ်ဖြစ်မှာမဟုတ်ပါဘူး။

၃။ စိုနေတဲ့ရှူးဖိနပ်ကို  အမြန်ခြောက်စေချင်ရင်

14799060-26809560-0000-0-1496999934-1496999965-0-1497108653-0-1497338796-1497338803-650-1-1497338803-650-04f9ebaa03-1498133652.jpg 

Hair Dryer လည်းအနားမှာမရှိဘူး။ အပြင်သွားခါနီး မနေ့ကမိုးမိထားတဲ့ စိုရွှဲနေတဲ့ ရှူးဖိနပ်ကိုလည်း အမြန်ခြောက်စေချင်တယ်ဆိုရင်တော့ အမျိုးသမီးလစဉ်သုံးပစ္စည်း သန့်သန့်လေးတစ်ခုကို ဖိနပ်ထဲ ထည့်ပေးလိုက်တာက ဖိနပ်ကိုအမြန်ခြောက်သွေ့စေပြီး အနံ့ဆိုးတွေကိုလည်း စုပ်ယူပေးပါတယ်။ အချိန် (၂) နာရီလောက်ပေးလိုက်တာနဲ့ ခြောက်သွေ့သွားပါတယ်။

၄။ ရှူးဖိနပ်ကိုရေစိုခံစေချင်ရင်

14799110-27520410-1-0-1496998918-1496998923-0-1497108476-0-1497338111-1497338324-0-1497518673-0-1497603544-1497603548-650-1-1497603548-650-04f9ebaa03-1498133652.jpg 

ဖိနပ်ရေစိုသွားတာက တော်တော်ဆိုးပါတယ်။ အပြင်သွားလို့ထုတ်စီးမယ်ဆိုမှ ရေစိုနေတဲ့ဖိနပ်ပြဿနာကို ဖြေရှင်းရတာ မိုးတွင်းမှာဆိုရင် တော်တော်အလုပ်ရှုပ်ပါတယ်။ ဒါဆိုရင် နည်းလမ်းတစ်ခုတော့ ရှိပါတယ်။ ရှူးဖိနပ်ကိုဖယောင်းနဲ့တိုက်ပြီး ဆံပင်အခြောက်ခံစက် (hair dryer) နဲ့မှုတ်လိုက်မယ်ဆိုရင်ရေစိုခံစေပါတယ်။ ဒီနည်းလမ်းလေးကတော့ တောင်တက်ခရီးထွက်တာတို့၊ မိုးရာသီတို့မှာ အသုံးဝင်ပါတယ်။

၅။ ဖိနပ်ပေါ်ကအစင်းကြောင်းတွေဖျောက်ချင်ရင်

14799160-28530960-1-0-1497007081-1497007086-0-1497108775-0-1497339442-1497339448-0-1498008222-0-1498130698-1498130724-650-1-1498130724-650-04f9ebaa03-1498133652.jpg 

ရှူးဖိနပ်တစ်ရံစီးတာ ကြာလာရင်အစင်းကြောင်းတွေပေါ်လာတတ်ပါတယ်။ ဒါကိုဖျောက်ချင်ရင်တောင် vaseline အလှဆီဘူးတစ်ဘူးကိုယူပြီး နားကြပ်ဂွမ်းတံလေးနဲ့အစင်းကြောင်းရှိတဲ့ နေရာလေးတွေကို ပွတ်တိုက်ပေးလိုက်ပါ။ အစင်းကြောင်းလေးတွေ မှေးမှိန်သွားပါလိမ့်မယ်။

Source: Brightside.me

Share

Loading Next Article...
က္က