Duwun Talks စကားဝိုင်းဆွေးနွေးပွဲတွေကို ၂၀၁၆ ခုနှစ်ကတည်းက စတင်ကျင်းပခဲ့တာ ဖြစ်ပါတယ်။
Sponsored bylogo

Chivas The Venture ရဲ့ အဓိက ကူညီပံ့ပိုးပေးမှုနဲ့ ဇူလိုင်လ ၂ ရက် Park Royal ဟိုတယ်မှာ ကျင်းပပြုလုပ်မယ့် Duwun Talks ဆွေးနွေးပွဲမှာ ပါဝင်ဆွေးနွေးသွားမယ့် ကိုကြည်သာဟန် Founder & M.D (KL Seven Car Sales Centre), Vice President of MAMDA (Yangon) ရဲ့ ကိုယ်ရေးအကျဉ်း ဖြစ်ပါတယ်။



ကိုကြည်သာဟန်ကို မင်္ဂလာဒုံစစ်ဆေးရုံကြီးတွင် ၁၉၈၃ ခုနှစ် ဇန်နဝါရီလ (၁၇) ရက်နေ့မှာ မွေးဖွားခဲ့ပါတယ်။ ငယ်စဉ်ကမိဘများ တာဝန်ကျရာ နယ်မြို့များမှာနေထိုင်ရင်း ပညာဆည်းပူးခဲ့ပါတယ်။  ၁၀ တန်း အောင်မြင်ပြီးနောက် ကားအရောင်းအဝယ်အလုပ်ကို လုပ်ကိုင်ရင်း အဝေးသင်တက္ကသိုလ်မှာ ပညာဆည်းပူးခဲ့သူ ဖြစ်ပါတယ်။

အသက်၂၀ အရွယ်မှာပင် မိမိ ကိုယ်ပိုင်ဝင်ငွေနှင့် ကိုယ်ပိုင်ကားတစ်စီး ဝယ်ယူခဲ့ပြီး ကားအရောင်းအဝယ်လုပ်ငန်းကို professional အဖြစ် ရပ်တည်လုပ်ကိုင်ခဲ့ပါတယ်။ ၂၀၁၁ခုနှစ်မှာ KL Seven Car Sales Centre ကို စတင် တည်ထောင်ခဲ့ပါတယ်။

ဆောက်လုပ်ရေးလုပ်ငန်းနဲ့ ကားအရောင်းအဝယ်လုပ်ငန်းတို့ကို လုပ်ကိုင်လျက်ရှိပြီး နာမည်ရ KL Seven Car Sales Centre ကို ဦးအောင်နေသူ ဖြစ်ပါတယ်။ ဒါ့အပြင် မြန်မာ့ မော်တော်ယာဉ်ထုတ်လုပ်ရေးနဲ့ ဖြန့်ဖြူးရောင်းဝယ်ရေး လုပ်ငန်းရှင်အသင်း (MAMDA) ရန်ကုန်ရဲ့ ဒုဥက္ကဌအဖြစ်လည်း တာဝန်ယူထားသူလည်း ဖြစ်ပါတယ်။



Duwun Talks စကားဝိုင်းဆွေးနွေးပွဲတွေကို ၂၀၁၆ ခုနှစ်ကတည်းက စတင်ကျင်းပခဲ့တာဖြစ်ပြီး Entrepreneurship Journey: Overcoming the Odds to Win, Entrepreneurship : The Stories (Dreams into Reality), BRANDING in the world of Entrepreneurship  စတဲ့ ခေါင်းစဉ်တွေနဲ့လည်း ဆွေးနွေးပွဲတွေ ကျင်းပခဲ့ပါတယ်။

ယခု ဇူလိုင်လ ၂ ရက် Duwun Talks ကို စိတ်ပါဝင်စားသူ မည်သူမဆို အခမဲ့ တက်ရောက်နိုင်မှာဖြစ်ပြီး ဆွေးနွေးပွဲကို ညနေ ၃း၃၀ နာရီကနေ ၆း၀၀ နာရီအထိ ကျင်းပပြုလုပ်သွားမှာ ဖြစ်ပါတယ်။

Share

Loading Next Article...
က္က