သေချာတာကတော့ အသားအရေ ပိုလှလာမှာပဲ။

ခရမ်းချဉ်သီးဆိုတာကလည်း အသီးအရွက်သုပ်နဲ့ ဟင်းတွေမှာ အမြဲတမ်းလိုလို မပါမဖြစ် ထည့်နေရတဲ့ အသီးတစ်မျိုးလေ။ ဒါတင်မကသေးဘူး။ ခရမ်းချဉ်သီးယို၊ ခရမ်းချဉ်သီးဖျော်ရည် စတာတွေလည်း လုပ်စားလို့ရသေးတယ်။ ဖြစ်နိုင်မယ်ဆိုရင်လေ ခရမ်းချဉ်သီးကို နေ့တိုင်းစားကြပါလား လေဒီတို့ရယ်။ ဘာကြောင့်လဲဆိုတော့....

 

၁။ အရွယ်မတိုင်မီအိုမင်းရင့်ရော်မှုကို ကာကွယ်တယ်

ခရမ်းချဉ်သီးအနှစ် လက်ဖက်စားဇွန်း ၅ ဇွန်းစာကို သံလွင်ဆီလေးနဲ့ရောပြီး သုံးလဆက်တိုက် နေ့စဉ် စားပေးကြည့်ပါ။ ဘာထူးခြားသလဲဆိုရင် နေလောင်ဒဏ်ကြောင့် ပျက်စီးနေတဲ့ အသားအရေဟာ သိသိသာသာ ပြန်လည်ကောင်းမွန်လာတာ တွေ့ရပါတယ်။ ဒါတင်မက နေလောင်ဒဏ်ကိုလည်း အရင်ကထက် ပိုပြီး ခံနိုင်ရည်ရှိလာပါတယ်။ ခရမ်းချဉ်သီးဟာ ကော်လာဂျင်ထုတ်လုပ်မှုကို ပိုပြီးအားကောင်းစေတာကြောင့် အသားအရည်က ပိုမိုလှပလာပါလိမ့်မယ်။

 

၂။ လိုက်ကိုပိန်း (Lycopene)

ဓာတ်တိုးဆန့်ကျင်ပစ္စည်း (antioxidants) တွေ ပါဝင်တဲ့ အစားအစာတွေ အများကြီးရှိပါတယ်။ ဒါပေမဲ့ အဲ့ဒီထဲမှာက အရေးကြီးဆုံးတစ်ခုဖြစ်တဲ့ လိုက်ကိုပိန်း (lycopene) ပါဝင်တာကတော့ သိပ်မများပါဘူး။ ခရမ်းချဉ်သီးလို အနီရောင် သစ်သီးဝလံတွေမှာမှ တွေ့ရတာပါ။ လိုက်ကိုပိန်းဟာ ဆဲလ်တွေကို free radical တွေကနေ ကာကွယ်ပေးထားလို့ ကင်ဆာမဖြစ်အောင် ကာကွယ်ရာရောက်ပါတယ်။ ကိုယ်ခံစွမ်းအားကို အားကောင်းစေသလို သွေးတွင်းအဆီဓာတ်ကို နည်းစေတယ်။ သွေးကြောပိတ်တာတွေကိုလည်း လျော့ကျသွားစေပါသတဲ့။ ခရမ်းချဉ်သီးနဲ့ ပန်းဂေါ်ဖီစိမ်း (brocoli)ဟာ ဆီးကြိတ်ကင်ဆာကို တိုက်ထုတ်နိုင်စွမ်းရှိတယ်လို့ဆိုတယ်။ အမျိုးသမီးတွေအနေနဲ့ ခရမ်းချဉ်သီးများများစားလေလေ ရင်သားကင်ဆာဖြစ်နိုင်ခြေ နည်းလေလေပါပဲ။

 

၃။ ရောင်ရမ်းမှုတွေ သက်သာစေ

ခရမ်းချဉ်သီးအခွံလွှာမှာ တွေ့ရတဲ့ quercetin နဲ့ kaempferol ဓာတ်တွေဟာ ရောင်ရမ်းမှုတွေကို တန်ပြန်တိုက်ခိုက်နိုင်စွမ်းရှိပါတယ်။ နယူးကတ်ဆယ်တက္ကသိုလ်နဲ့ မန်ချက်စတာတက္ကသိုလ်တို့က သုတေသီတွေဟာ နေ့စဉ်အစားအစားတဲ့အခါ ခရမ်းချဉ်သီးပါတဲ့ အစားအစာကို နှစ်ကြိမ်ထည့်စားသင့်တယ်လို့ ပြောကြတယ်။ ခရမ်းချဉ်သီးဖျော်ရည်၊ အသုပ်၊ ခရမ်းချဉ်းသီးစွပ်ပြုတ်နဲ့ စပါဂတီတို့ကို စားပါလို့ အကြုံပြုထားကြပါတယ်။

Source : Steth

Share

Loading Next Article...
က္က