Boo ဆိုတဲ့ခွေးလေးဟာ အင်တာနက်ပေါ်မှာနာမည်ကြီးခဲ့တဲ့ ချစ်စရာခွေးလေးတစ်ကောင်ပါပဲ။ သူ့ရဲ့သခင်ဖြစ်သူဟာ (၂၀၀၉) ခုနှစ်တုံးက Facebook page တစ်ခုထောင်ပြီး သူ့ဓာတ်ပုံလေးတွေ တင်ခဲ့ပါတယ်။ ဒါတင်မကသေးပါဘူး။ ဒီချစ်စရာ ပိုမာရေနီးယန်း (pomeranian) မျိုးစိတ်ခွေးလေးကို ချစ်စရာကောင်းတဲ့ခွေးအဝတ်အစားလေးတွေဆင်ပေးပြီး သူ့ရဲ့ဘော်ဒါဖြစ်သူ Buddy (သူ့ရဲ့ ပိုမာရေးနီးယန်းခွေးသူငယ်ချင်း) နဲ့အတူ ပေါက်ကရတွေလုပ်တာတွေကို ဗီဒီယိုလေးတွေရိုက်တင်ခဲ့ပါတယ်။ သူ့ကို ကမ္ဘာပေါ်မှာ ချစ်စရာအကောင်းဆုံးခွေးလေး လို့သတ်မှတ်ထားတာကြာပါပြီ။ နောက်ပြီး ခုဆိုရင် သူ့ရဲ့ page က like (၁၇) သန်းကျော်တောင် ရနေပါပြီ။
Maru ဟာ ဂျပန်မှာသူ့ရဲ့သခင်ဖြစ်သူတွေနဲ့အတူ နေထိုင်တဲ့ချစ်စရာရှီဗာ အီနူခွေးကလေးတစ်ကောင်ဖြစ်ပါတယ်။ ပြီးခဲတဲ့နှစ်တွေတုံးက အင်တာနက်ပေါ်မှာအလွန်ခေတ်စားခဲ့တဲ့ Doge meme တွေကြောင့် ဒီခွေးကလေး Instagram ပေါ်မှာ ဖော်လိုဝါ (၁.၃) သန်းရနေတာ အံ့သြစရာတော့မရှိပါဘူး။ ဒါပေမယ့် Instagram ပေါ်မှာတော့ သူ့ရဲ့ဓာတ်ပုံတွေပေါ်မှာ comic sans ဖောင့်နဲ့ ရေးထားတဲ့ "wow" တို့ "much cuteness" တို့ကိုတော့ တွေ့ရမှာမဟုတ်ပါဘူး။
ချီဝီးနီး (Chiweenie) ဆိုတဲ့ခွေးမျိုးစိတ်ဟာ ချီဟွားဟွား (Chihuahua) ခွေးမျိုးစိတ်နဲ့ ဒတ်ရှန်း (Dachshund) ခွေးမျိုးစိတ်တို့ စပ်ပြီးဖောက်ထားတဲ့မျိုးစိတ်ဖြစ်ပါတယ်။ Tuna လေးက သူများနဲ့ မတူပါဘူး။ သူခွေးပေါက်စလေးဘဝတုံးက သူ့ကို သူ့ရဲ့မူလသခင်က ကယ်လိုဖိုးနီးယားပြည်နယ် ဆန်ဒီးယားဂိုးနားက လမ်းဘေးမှာစွန့်ပစ်ထားခဲ့ပါတယ်။ အဲဒီလိုအစွန့်ပစ်ခံရဖူးတဲ့ အတွေ့အကြုံကြောင့် Tuna လေးဟာစိတ်ပိုင်းဆိုင်ရာဒဏ်ရာ ရသွားခဲ့ပြီး ဗိုက်အားသုံးပြီးပဲ တရွတ်တိုက်သွားတတ်တဲ့အကျင့် ဖြစ်လာခဲ့ပါတယ်။
သူ့မှာအပြင်ကိုထင်ရှားစွာထွက်နေတဲ့ သွားခေါခေါ လေးတွေလည်းရှိပါတယ်။ သူဟာ Instagram ပေါ်မှာ ဖော်လိုဝါ (၁) သန်းကျော်ရထားတဲ့ ရှားပါးအိမ်မွေးတိရစ္ဆာန်လေးတစ်ကောင်လည်း ဖြစ်ပါတယ်။ သူ့ရဲ့သခင်ဟာ Instagram ပေါ်မှာ သူ့ပုံလေးတွေ စတင်တုံးက အဲလောက်ဖော်လိုဝါများလာပြီး ဆယ်လီခွေးလေး ဖြစ်လာလိမ့်မယ်လို့ထင်ထားခဲ့ဟန်မတူပါဘူး။ သူ့ကို အင်တာနက် meme တွေမှာလည်း သုံးကြပါတယ်။
Marnie ဟာ ထူးခြားတဲ့ခွေးမလေးတစ်ကောင်ဖြစ်ပြီး ငယ်စဉ်ကဆေးဝါးကုသမှုခံယူထားရတာကြောင့် တစ်ဖက်ကိုအမြဲစောင်းနေတဲ့ သူမရဲ့ဟန်ပန်နဲ့ ပါးစပ်အပြင်ကိုထွက်နေတဲ့ လျှာလေးကြောင့် ချစ်စရာကောင်းတဲ့ခွေးမလေးတစ်ကောင်အဖြစ် လူသိများပါတယ်။ သူမကို နယူးရော့ခ်မြို့က Brasha ဆိုတဲ့ကောင်မလေးက မွေးစားခဲ့ပြီး အခုနယူးရော့ခ်မှာပဲနေထိုင်ပါတယ်။ အခုဆိုရင် သူမဟာ ချစ်စရာအဝတ်အစားလေးတွေကို ဝတ်ဆင်လိုက်၊ အွန်လိုင်းဆယ်လီတွေနဲ့တွေ့ဆုံလိုက်နဲ့ ပျော်ရွှင်နေပါတယ်။ သူမရဲ့ instagram page ကလည်း ဖော်လိုဝါ (၉) သိန်းကျော်ရထားပါတယ်။
ဒီခွေးအတွဲကတော့ ခေါင်းကို တစ်ဖက်တစ်ချက်စီမှာစောင်းထားတဲ့ချစ်စဖွယ်ဟန်ပန်တွေကြောင့် Facebook ပေါ်မှာထင်ရှားပါတယ်။ သူတို့ဟာ Ellen တို့၊ Good Morning America တို့၊ Animal Planet တို့လို လူသိများတဲ့ တီဗီအစီအစဉ်တွေမှာ ပါဝင်ခဲ့ဖူးပါသေးတယ်။ သူတို့ရဲ့ Facebook page ပေါ်မှာဆိုရင် နေ့စဉ်တင်ထားတဲ့ ချစ်စဖွယ်ပုံလေးတွေကို တွေ့မြင်ရမှာဖြစ်ပြီး Like (၈၁၇၀၀၀) ကျော်ရထားပါတယ်။
Instagram ပေါ်မှာ ထင်ရှားတဲ့ပြင်သစ်ခွေးဘီလူးလေးတွေ အများကြီးရှိပါတယ်။ အဲဒီထဲမှာ ပြင်သစ်လေး Manny ကတော့ အထင်ရှားဆုံးပါပဲ။ သူဟာ ကမ္ဘာပေါ်မှာအထင်ရှားဆုံး ခွေးဘီလူးလေးလို့ လူသိများပြီး လှူဒါန်းမှုတွေကိုပုံမှန်ပြုလုပ်တဲ့အတွက် လူသိများပါတယ်။ Facebook like (၇၄၂၀၀၀) ကျော်နဲ့ Instagram ဖော်လိုဝါ (၆၂၂၀၀၀) ရရှိထားတဲ့ Manny ဟာ ကြော်ငြာအစီအစဉ်တွေ၊ တီဗီအစီအစဉ်တွေ၊ ရုပ်ရှင်တွေထဲမှာ ထည့်သွင်းဖော်ပြခံရဖို့ အေဂျင်စီတွေကကြိုးစားနေကြပါတယ်။
ဒီစာရင်းထဲမှာပါတဲ့ ခွေးအများစုနဲ့မတူတာတစ်ချက်က Mishka ဟာ သူမရဲ့ချစ်စရာကောင်းတဲ့ပုံပန်းသွင်ပြင်တစ်ခုတည်းကြောင့် ထင်ရှားတာမဟုတ်ပါဘူး။ Mishka ဟာ စကားပြောနိုင်တဲ့ ခွေးမလေးတစ်ကောင်ဖြစ်ပါတယ်။ သူမဟာ "I love you" တို့ "No" တို့ "I'm hungry" တို့လိုစကားလံုံးတွေကို အသံထွက်တတ်ပါတယ်။ ပြီးခဲ့တဲ့နှစ်အနည်းငယ်တုံးက သူမစကားပြောနေတဲ့ ဗီဒီယိုဖိုင်တွေကို သူမရဲ့ပိုင်ရှင်က အွန်လိုင်းပေါ်တင်လိုက်တဲ့အခါမှာ သူမဟာအွန်လိုင်းဆယ်လီဖြစ်လာခဲ့ပါတယ်။ သူမမှာ Youtube ဖော်လိုဝါ (၆၄၃၀၀၀) ရှိပြီး သူမရဲ့ဗီဒီယိုတွေကို ကြည့်ရှုသူပေါင်း သန်းနဲ့ချီပြီးရှိခဲ့ပါတယ်။
Instagram ပေါ်မှာ ပြင်သစ်ခွေးဘီလူးတွေလူကြိုက်များလာပြီးနောက် Sir Charles Barkley ဟာလည်း ဖော်လိုဝါတော်တော်များများ ရရှိခဲ့ပါတယ်။ သူရဲ့ပိုင်ရှင်တွေဟာ သူလသားအရွယ်လောက်ကတည်းက မိသားစုနဲ့သူငယ်ချင်းတွေကြားမှာ ဓာတ်ပုံတွေဝေမျှနိုင်ဖို့ သူ့အတွက် Instagram အကောင့်တစ်ခုဖွင့်ပေးခဲ့ပါတယ်။ မကြာခင်မှာပဲ Instagram ပေါ်ကသုံးစွဲသူတွေဟာ သူ့ရဲ့ Page ကိုရှာတွေ့ပြီး follow လုပ်လာကြပါတော့တယ်။ သူကတော့ ဖော်လိုဝါ (၃) သိန်းကျော်ရရှိထားပါတယ်။
ကော်ဂီ (Corgi) ခွေးလေးတစ်ကောင်အတွက်တော့ "corgnelius" ဆိုတဲ့နာမည်ထက်ပိုကောင်းတာ ဘာရှိဦးမလဲ။ အခုချိန်ထိတော့ သူ့မှာသိန်းနဲ့ချီတဲ့ like တွေ၊ ဖော်လိုဝါတွေမရသေးပါဘူး။ ဒါပေမယ့် တစ်နေ့နေ့မှာ စာရင်းထဲက တခြားခွေးလေးတွေနဲ့ ယှဉ်ပြိုင်နိုင်လောက်တဲ့ ချစ်စရာကောင်းမှုမျိုး သူ့မှာရှိနေပါတယ်။ Corgnelius မှာ Stumphrey လို့ခေါ်တဲ့ ညီအစ်ကို တစ်ကောင်လည်း ရှိသေးပြီး သူတို့ နှစ်ကောင်တွဲပုံတွေကို သူ့ရဲ့ Facebook နဲ့ Instagram အကောင့်တွေမှာ တွေ့မြင်နိုင်မှာပါ။ သူတို့နှစ်ကောင်လုံး အမြဲတမ်းပြုံးရွှင်နေတတ်ပြီး သူတို့ချစ်စရာမျက်နှာလေးတွေကို ပိုမိုချစ်စရာကောင်းစေပါတယ်။
Source: Lifewire
Share