အထာကျကျ ခရီးသွားချင်တယ်ဆိုရင် ဒီအချက်လေးတွေကို ကြိုတင်သိရှိထားပြီး ရှောင်ကျဉ်သင့်ပါတယ်နော်။


အလုပ်တွေဘယ်လောက်များတဲ့လူပဲဖြစ်ဖြစ် အနည်းဆုံးတစ်နှစ်မှာ တစ်ခါလောက်တော့ စိတ်ပြေလက်ပျောက်ခရီးထွက်သင့်ပါတယ်။ ဘာလို့လဲဆိုတော့ ခရီးထွက်တယ်ဆိုတာ စိတ်နှလုံုးကို ကြည်လင်စေတဲ့အပြင် ဘဝအမောတွေ၊ အလုပ်ဖိအား စိတ်ဖိအားတွေကို ပြေပျောက်စေနိုင်လို့ပါပဲ။ ခရီးသွားကြမယ်ဆိုရင် သိထားသင့်တဲ့အချက်လေးတွေကို ဝေမျှပေးလိုက်ပါတယ်နော်။

၁။ အားကစားဘောင်းဘီ

cordon-herren-sweat-shorts-kurze-jogginghose-grau-tim-shorts-gunmetal_1.jpg 

အားကစားဘောင်းဘီတွေက ချည်သားတို့၊ ထရက်ဆုအသားတို့နဲ့လုပ်ထားတော့ ပေါ့ပေါ့ပါးပါးရှိတာတော့မှန်ပါတယ်။ ဒါပေမယ့် ခရီးသွားချိန်မှာ အားကစားဘောင်းဘီတိုလေးနဲ့ပဲ သွားတာက ခင်ဗျားကို လူပျင်းတစ်ယောက်ပုံစံပေါက်စေပါတယ်။ နက်ခ်တိုင်တွေ၊ ကုတ်အင်္ကျ ီတွေနဲ့ အရမ်း formal ကျကျကြီးဝတ်ဖို့ပြောတာမဟုတ်ပေမယ့် တောင်တက်ခရီးသွားတာလိုမျိုး အရမ်းချွေးထွက်မယ့် ခရီးမျိူးမဟုတ်ရင် အားကစားဘောင်းဘီတိုက မဝတ်ဆင်သင့်တဲ့ အဝတ်အစားတစ်မျိုးပါ။



၂။ အနံ့ပြင်းတဲ့ရေမွှေး

mont-blanc-presence-men-1024x1024.jpg 

လူတစ်ယောက်နဲ့တစ်ယောက် အကြိုက်ချင်းမတူနိုင်ပါဘူး။ တချို့က အနံ့ပြင်းပြင်းရေမွှေးတွေကိုကြိုက်ပေမယ့် တချို့ကျတော့ အနံ့ခပ်အီအီလေးတွေကိုပဲ သဘောကျတာပါ။ ခရီးသွားမယ်ဆိုရင် ကိုယ်တစ်ယောက်တည်မဟုတ်တဲ့အတွက် ကိုယ့်ရဲ့ရေမွှေးနံ့က တစ်ပါးသူတွေကိုအနှောင့်အယှက်ဖြစ်စေမယ်ဆိုရင် မကောင်းဘူးလေ။

နောက်ပြီး တခြားခရီးသည်တွေထဲမှာ ရနံ့အလားဂျစ်ရှိတဲ့သူတို့ ပါမနေနိုင်ဘူးလို့ မပြောနိုင်ပါဘူး။ ဒါကြောင့် ရေမွှေးစွတ်မယ်ဆိုလည်း တစ်ကိုယ်စာအနံ့ရရုံလောက်ပဲရှိတဲ့ ရေမွှေးခပ်ပျော့ပျော့လေးတွေကိုပဲ ရွေးချယ်သင့်ပါတယ်။

၃။ ဒေါက်ဖိနပ်အမြင့်ကြီးတွေ

high heels.jpg 

ဒေါက်ဖိနပ်အမြင့်ကြီးတွေက လှပသလို ရှိရင်းစွဲအရပ်ကိုလည်း ပိုမြင့်လာသယောင်ရှိစေပါတယ်။ ဒါပေမယ့် သူတို့က ခရီးသွားနေချိန်မှာ သက်တောင့်သက်သာအဆင်ပြေပြေရှိပါသလား။ ပြည်ပခရီးသွားမယ်ဆိုရင် လေဆိပ်က လုံခြုံရေးဧရိယာမှာ ခင်ဗျားနောက်က လူတွေက ခင်ဗျားဒေါက်ဖိနပ်ချွတ်တာကို ရပ်စောင့်နေရတာနဲ့ လေယာဉ်ချိန်နောက်ကျသွားပါလိမ့်မယ်။

နောက်ပြီး အားလုံးသိတဲ့အတိုင်း ဒေါက်ဖိနပ်တွေက ပြေးဟယ်လွှားဟယ်ဆိုရင် အဆင်မပြေပါဘူး။ ခရီးထွက်မယ်ဆိုရင် အကောင်းဆုံးကတော့ ဝေါ့ကင်းရှူး (သို့မဟုတ်) ခြေညှပ်ဖိနပ်ပါပဲ။

၄။ တန်ဖိုးကြီးကျောက်မျက်ရတနာတွေ

01320a43e50893e060c4bd5d7ddf78fd.jpg 

ခင်ဗျားရဲ့ခင်ပွန်းဝယ်ပေးထားတဲ့ စိန်တစ်ပွင့်တည်းလက်ထပ်လက်စွပ်လေး ခရီးသွားနေရင်း စွန်ကုတ်လေးဟပြီး စိန်ပွင့်ဘယ်နားပြုတ်ကျနေခဲ့မှန်းမသိရင် ဘယ်လိုခံစားရမလဲ။ ဒါမှမဟုတ် အမေ အမွေပေးထားတဲ့ ကျောက်နီနားကပ်လေး ခရီးသွားရင်းပြုတ်ကျနေခဲ့မယ်ဆိုရင်ကော။ ခရီးသွားမယ်ဆိုရင် ပေါ့ပေါ့ပါးပါးရွှေဆွဲကြိုးတစ်ကုံးလောက်ဆွဲလာတာ ဘာမှမဖြစ်ပေမယ့် ရွာကအလှူမှာ ကွမ်းတောင်ကိုင် လှည့်သလို ကျောက်မျက်ရတနာတွေ တွဲလောင်းတွဲလောင်းလုပ်နေမယ် ဆိုရင်တော့ ပျောက်ရှနိုင်ခြေများပါတယ်။

နောက်ပြီး လေဆိပ်ကလုံခြုံရေးဧရိယာမှာ အဲဒါတွေအကုန်ချွတ်ပြရမှာဆိုတော့ ဖြုတ်ရ တပ်ရလည်းအလုပ်ရှုပ်ပါတယ်။ ဒါကြောင့်အကောင်းဆုံးကတော့ ဝတ်မလာတာပါပဲ။

၅။ ကျပ်ထုပ်နေတဲ့ဂျင်းဘောင်းဘီ

F5561_DM1455_m.jpg 

အချိန်အကြာကြီး ကား (သို့) လေယာဉ်စီးရမယ့်ခရီးစဉ်တွေမှာ ဂျင်းဘောင်းဘီကျပ်ကျပ်တွေက နေရထိုင်ရမသက်သာစေရုံသာမက သွေးကြောထုံးနိုင်ခြေလည်း ပိုများပါတယ်။ ဒါကြောင့် ဂျင်းဘောင်းဘီ ကျပ်ကျပ်တွေအစား ပွပွရွရွနဲ့ ဝတ်လို့အဆင်ပြေစေမယ့် အဝတ်အစားမျိုးကိုရွေးချယ်ကြည့်ပါ။ ခရီးသွားရခြင်းရဲ့အဓိကရည်ရွယ်ချက်ကိုက စိတ်လက်ပေါ့ပါးစွာနဲ့ ဒေသန္တရဗဟုသုတတွေကို ရှာမြီးနိုင်ဖို့ပဲလေ။ ဟုတ်တယ်ဟုတ်?

၆။ မျက်ကပ်မှန်

Advantages-Of-Using-Contact-Lenses.jpg 

တချို့က လှချင်ဇောနဲ့ ကျွဲကော်ကိုင်းမျက်မှန်ထူထူကြီးတွေအစား မျက်ကပ်မှန်တွေကိုသုံးကြသလို တချို့ဆို မျက်လုံးအရောင် ပြောင်းချင်လို့ဆိုပြီး အရောင်ပါတဲ့မျက်ကပ်မှန်တွေကို တပ်ဆင်ကြပါတယ်။ ဒါပေမယ့် ခရီးသွားနေချိန်မှာတော့ မျက်ကပ်မှန် မတပ်သင့်ပါဘူး။ ဘာလို့လဲဆိုတော့ လေယာဉ်ပျံတွေဆိုတာ စိုထိုင်းမှုအနည်းဆုံးနဲ့ခြောက်သွေ့တဲ့နေရာတွေ ဖြစ်ကြပါတယ်။ မျက်ကပ်မှန်တပ်ထားမယ်ဆိုရင် အဆင်မပြေဖြစ်နိုင်ပါတယ်။ ဒါကြောင့်ခရီးထွက်နေချိန်မှာတော့ ရှေးရိုးပုံစံ ကျွဲကော်ကိုင်း မျက်မှန်ကိုပဲ ခဏပြန်တပ်ထားလိုက်ပါ။ မျက်လုံးလေးတွေက ခင်ဗျားကိုကျေးဇူးတင်နေပါလိမ့်မယ်။

Source: MSN


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က