၁၀ ကြိမ်မှ ၁၅ ကြိမ် လုပ်ရမှာဖြစ်ပြီး ၃ ခေါက် ပြုလုပ်ရပါမယ်။

ခန္ဓာကိုယ်တွင်း သွေးလည်ပတ်မှုစနစ်ဟာ ကောင်းမွန်နေဖို့ အရေးကြီးပါတယ်။ မိနစ်စီတိုင်းမှာ ခန္ဓာကိုယ်တွင်းရှိ သွေးငါးပုံတစ်ပုံ ပမာဏကို နှလုံးကနေ ခန္ဓာကိုယ်တွင်းက သွေးကြောတွေဆို မှုတ်ထုတ်ပေးပါတယ်။ သွေးလည်ပတ်မှုစနစ် ကောင်းမွန်နေမယ်ဆိုရင် ခန္ဓာကိုယ်တွင်းမှာ အောက်ဆီဂျင်စီးဆင်းမှုလည်း ကောင်းမွန်နေမှာဖြစ်ပြီး သွေးလည်ပတ်မှု မကောင်းတဲ့အခါမျိုးမှာ ခြေဖျား၊လက်ဖျားလေးတွေ ထုံကျင်နေတတ်ပါတယ်။ ခန္ဓာကိုယ်ကလည်း အားမရှိတော့ဘူး။ သွေးလည်ပတ်မှုမကောင်းဘူး၊ လူကနုံးပြီး ခြေလက်တွေလည်း ထုံနေတယ်ဆိုရင် ဒီလေ့ကျင့်ခန်းလေးတွေ ခုချက်ခြင်းလုပ်လိုက်ပါ။ ချက်ခြင်းသက်သာလာပါလိမ့်မယ်။

၁။ ထိုင်ထ

squat-3_0.jpg 

သားရေကြိုးနဲ့လုပ်ရတဲ့ ထိုင်ထလေ့ကျင့်ခန်းဖြစ်ပါတယ်။ ခါးလည်အမြင့်လောက်မှာ သားရေကြိုးကိုထားပြီး ထိုင်၊ထ လုပ်ရတာပါ။ မတ်တပ်ရပ်လျက် အနေအထားကနေ ကြိုးကိုဆွဲပြီး ထိုင်ထ လုပ်ရမှာဖြစ်ပါတယ်။ ခြေကိုခွဲပြီး ရပ်ပါ။

၂။ ဒိုက်ထိုးခြင်း

pushup6upgood-1.jpg 

ရိုးရိုးဒိုက်ထိုးတာပါပဲ။ သွေးလည်ပတ်မှုလည်း ကောင်းစေသလို သက်လုံလည်း ကောင်းစေပါတယ်။ နှလုံးအားကောင်းစေတဲ့ လေ့ကျင့်ခန်းဖြစ်ပြီး လက်မောင်း၊ ပခုံး၊ ရင်ဘတ်နဲ့ ဝမ်းဗိုက်ကြွက်သားတွေကိုလည်း သန်မာကျစ်လျစ်စေပါတယ်။ ခြေမလေးနဲ့ထောက်ပြီး ဒိုက်ထိုးတဲ့လေ့ကျင့်ခန်းကို မလုပ်နိုင်လည်း ကိစ္စမရှိပါဘူး။ ခြေချောင်းထိပ်တွေအကုန် ကြမ်းနဲ့ထိထားလို့ရတယ်။ ဒူးသာ မကွေးစေနဲ့။

၃။ Punch-And-Twist

punchrotation1.jpg 

နှလုံးကြွက်သားတွေကို သန်မာစေတဲ့ လေ့ကျင့်ခန်း ဖြစ်ပါတယ်။ သွေးပူလေ့ကျင့်ခန်းတစ်မျိုးပါပဲ။ မတ်တပ်ရပ်ပြီး ခြေနဲ့လက်သီးကို ဆန့်ထုတ်ကာ လက်သီးက လေထဲကိုထိုးလိုက်ရတာ ဖြစ်ပါတယ်။

Source : Prevention

Share

Loading Next Article...
က္က