သံဓာတ်နဲ့ ကယ်ဆီယမ်အပါအဝင် အဟာရဓာတ်ပါဝင်မှုမြင့်မားတာ ဖြစ်ပါတယ်။
 

ခန္ဓာကိုယ်မှာ ဒဏ်ရာအနာတရတွေ ဖြစ်တဲ့အခါ ရောင်ရမ်းမှုတွေ ဖြစ်လာပါတယ်။ ဒီအခါမှာ ရှောင်ရမယ့် အစားအသောက်တွေ ရှိပါတယ်။ ဒီလိုပါပဲ၊ ရောင်ရမ်းမှုကျဆင်းဖို့အတွက် စားသုံးသင့်တဲ့ အစားအသောက်တွေလည်း ရှိပါတယ်။ အဆိုပါ အစားအစာတွေကို ဖော်ပြပေးချင်ပါတယ်။

၁ - အစိမ်းရောင်အသီးအရွက်

ရောင်ရမ်းမှုတွေကို ဖြစ်စေတဲ့ ကိုယ်တွင်း ဓာတ်ပစ္စည်းတွေကို ကာကွယ်ရာမှာ ဗီတာမင် အီးက အဓိက ကျပါတယ်။ ဗီတာမင်အီးကို အဓိကရနိုင်တာကတော့ အစိမ်းရောင်ရှိတဲ့ အသီးအရွက်တွေမှ ဖြစ်ပါတယ်။ အစိမ်းရင့်ရောင်ရှိတဲ့ အသီးအနှံတွေဟာ သံဓာတ်နဲ့ ကယ်ဆီယမ်အပါအဝင် အဟာရဓာတ်ပါဝင်မှုမြင့်မားတာ ဖြစ်ပါတယ်။

(သင်စိတ်ဝင်စားနိုင်တဲ့ဆောင်းပါး -သွေးလည်ပတ်မှုမကောင်းသူတွေအတွက် ချက်ချင်းဆိုသလို ထိရောက်မယ့် လေ့ကျင့်ခန်းများ )

 

၂ - ငါး

အဆီများတဲ့ငါးတွေကိုလည်း စားပေးသင့်ပါတယ်။ သူတို့မှာ အိုမီဂါ သရီး ဖက်တီးအက်ဆစ် ပါဝင်မှုမြင့်မားတာကြောင့် ရောင်ရမ်းမှုတွေကို လျှော့ချပေးပါတယ်။ ငါးကို ကြော်စားတာမျိုးအစား ပေါင်းထားတာမျိုးကို ပိုမိုစားသုံးပေးသင့်ပါတယ်။

၃ - အစေ့အဆန်

သီဟိုစေ့လို အစေ့အဆန်တွေကလည်း ဗီတာမင်အီး၊ ကယ်ဆီယမ်နဲ့ အမျှင်ဓာတ်တွေ ကြွယ်ဝပြီး ရောင်ရမ်းမှုတွေကို တိုက်ဖျက်နိုင်တာ ဖြစ်ပါတယ်။ အစေ့အဆန်တွေဟာ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေလည်း ကြွယ်ဝပြီး ရောင်ရမ်းမှုကြောင့်ဖြစ်ပေါ်လာတဲ့ ပျက်စီးမှုတွေကိုလည်း ပြန်လည်ကုသပေးပါတယ်။

 

၄ - ပဲပိစပ်

သုတေသနတွေအရ ပဲပိစပ်ကလည်း ရောင်ရမ်းမှုတွေကို တိုက်ဖျက်ရာမှာ ထိရောက်မှုရှိပါတယ်။ နှလုံးနဲ့ဆိုင်တဲ့ရောဂါတွေ၊ အရိုးနဲ့ဆိုင်တဲ့ရောဂါတွေကိုလည်း ပျောက်ကင်းစေတယ်လို့ သိရပါတယ်။

၅ - ငရုတ်ပွ

ငရုတ်ပွမှာ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ မြင့်မားပြီး ဗီတာမင်စီလည်း ပါဝင်ပါတယ်။ ဒါကြောင့် ရောင်ရမ်းမှုကို သိသာစွာ ကျဆင်းစေတဲ့ အစွမ်းသတ္တိမျိုးတွေလည်း ပိုင်ဆိုင်တာ ဖြစ်ပါတယ်။

၆ - ခရမ်းချဉ်သီး

အနီရောင်အရည်ရွှမ်း ခရမ်းချဉ်သီးတွေမှာ lycopene ကြွယ်ဝပါတယ်။ lycopene ဟာ ခန္ဓာကိုယ်ရောင်ရမ်းမှုကို လျှော့ချပေးနိုင်တယ်လို့ လူသိများပါတယ်။ ခရမ်းချဉ်သီးကို ချက်စားပေးခြင်းကနေလည်း  lycopene ပိုမိုများပြားစွာ ရရှိစေမှာ ဖြစ်ပါတယ်။

 

၇ - ကြက်သွန်ဖြူ

အနံ့စူးတဲ့ ဒီစားသောက်ကုန်နှစ်မျိုးဟာ ရောင်ရမ်းမှုကို ကျစေရာမှာ အလွန်အသုံးဝင်ပါတယ်။ ကြက်သွန်ဖြူဟာ ရောင်ရမ်းမှုကိုကျစေတဲ့ ကိုယ်တွင်းပစ္စည်းတွေကို တိုးမြှင့်ပေးနိုင်တာ ဖြစ်ပါတယ်။ ကြက်သွန်ဖြူကို အစိမ်းစားပေးခြင်းဟာ အထိရောက်ဆုံးဆေး ဖြစ်ပါတယ်။

၈ - ဆနွင်း

ဆနွင်းကတော့ အနာရောင်ရမ်းမှုတွေကို ကျစေတယ်လို့ နာမည်အကြီးဆုံးဖြစ်ပါတယ်။ ရိုးရာဆေးနည်းတွေမှာလည်း သူ့ကို အသုံးအများဆုံး ဖြစ်ပါတယ်။ အရောင်ကျဆင်းစေတဲ့ ပစ္စည်းတွေ အမြောက်အများ ပါဝင်တာ ဖြစ်ပါတယ်။

၉ - ဂျင်း

ဂျင်းကလည်း အစွမ်းထက် ဆေးတစ်လက်ပဲ ဖြစ်ပါတယ်။ ရောင်ရမ်းမှုကို ကျစေရုံတင်မကဘဲ အခြားရောဂါတွေအတွက်လည်း ထိရောက်တဲ့ ဆေးစွမ်းတစ်လက်ဖြစ်ပါတယ်။ ဂျင်းလဘက်ရည်ကို ပုံမှန်သောက်သုံးပေးခြင်းနဲ့ ကြွက်သားတွေနာကျင်တာ၊ အရိုးအဆစ်တွေ ရောင်ရမ်းကိုက်ခဲတာမျိုးတွေကို ပျောက်ကင်းစေနိုင်ပါတယ်။

Photos & Source: Lifehack

Share

Loading Next Article...
က္က