ခရီးသွားမယ်ဆို သူတို့ဘလော့တွေ အင်စတာဂရမ်တွေကို အရင်ဝင်ရှိုးလိုက်....

မသိသေးတဲ့ အကြောင်းအရာတွေ မထိတွေ့ဖူးတဲ့ နယ်မြေသစ်တွေကို သိရှိဖို့နဲ့ စိတ်အပန်းဖြေဖို့ ခရီးတွေသွားသင့်ပါတယ်။ ခရီးထွက်ခြင်းဟာ လူကို အတော်လေး ကောင်းကျိုးပေးတယ်မဟုတ်လား။ ခရီးသွားဖို့အတွက် သိသင့်သိထိုက်တာတွေကို ရောက်ဖူးသူတွေကတစ်ဆင့် ပြန်ပြီးသိချင်တယ်ဆိုရင်ဖြင့် အခုပြောပြမယ့် ဘလော့ဂါတွေကို follow လုပ်ထားနိုင်ပါတယ်။ ပထမတစ်ပုဒ်မှာ ငါးဦးကို ဖော်ပြခဲ့ပြီးပြီဆိုတော့ နောက်ထပ်ငါးဦးကိုလည်း ထပ်မံ ဖော်ပြလိုက်ပါတယ်။



ဆက်စပ်ဖတ်ရှုရန် --->

၆။ The Planet D (ကနေဒါ)

6.jpg 

Dave Bouskill နဲ့ Debra Corbeil တို့ လင်မယားဟာ The Planet D : Adventure Travel Blog ကို ပူးပေါင်းတည်ထောင်ထားကြပါတယ်။ လူငယ်စုံတွဲတော့မဟုတ်ကြဘူး။ နှစ်ယောက်လုံးက အသက် ၄၀ ဝန်းကျင်တွေ။ ဒါပေမဲ့ လူတိုင်းကို စွန့်စားရတဲ့ခရီးတွေထွက်ဖြစ်အောင် အားပေးကြတယ်။

၇။ လူးဝစ်ကိုးလ် (ယူကေ)

ကိုးလ်ဟာ ၂၀၁၂ ခုနှစ်တည်းက ခရီးသွားဘလော့ကို စတင်ခဲ့သူပါ။ Fun for Louis ဆိုတဲ့အမည်နဲ့ YouTube channel လည်း ရှိပါတယ်။ ခရီးသွားမှတ်တမ်းရုပ်ရှင်လေးတွေ တင်ပေးလေ့ရှိပါတယ်။

၈။ ဂျွန်နီဂျက် (အမေရိကန်)

8.jpg 

Forbes မဂ္ဂဇင်းကြီးကတော့ ဂျွန်နီကို "the original travel influencer" လို့ အမည်တပ်ထားပါတယ်။ ၁၉၉၅ ခုနှစ်က သွားခဲ့တဲ့ခရီးကို စာလေးရေးသားခဲ့ပြီး ၁၉၉၉ ခုနှစ်မှာတော့ ဝက်ဘ်ဆိုက်ပေါ်ကို တင်ခဲ့ပါတယ်။ Pinterest မှာ ဂျွန်နီရဲ့ပုံတွေကို အဓိကရှာတွေ့ပါလိမ့်မယ်။

၉။ ခရစ္စဘားကတ် (အမေရိကန်)

[No available link text] 

အသက် ၃၁ နှစ်အရွယ် ခရစ္စဘားကတ်ဟာ ၂၀၀၉ ခုနှစ်တည်းက ဘလော့ရေးသားနေခဲ့တာပါ။ သူ့ရဲ့အင်စတာဂရမ်မှာလည်း follower ၂.၆ သန်းကျော် ရှိနေပါပြီ။ နယ်မြေဒေသရှုခင်းတွေရဲ့ ရင်သပ်ရှုမောစရာအလှတွေကို အသေးစိတ်ကျတဲ့ စာညွှန်းနဲ့ တင်လေ့ရှိပါတယ်။ ဓာတ်ပုံရိုက်ဖြစ်ခြင်းရဲ့နောက်ကွယ်က အကြောင်းအရာတွေကအစ ရေးပြလေ့ရှိတော့ စိတ်ဝင်စားစရာကောင်းပါတယ်။

၁၀။ ကိတ် မက်ကူလီ (အမေရိကန်)

[No available link text] 

ကိတ်ဟာ အမျိုးသမီးခရီးသွားဘလော့ဂါတွေထဲမှာ ရှေးဦးကျတယ်လို့တောင် ဆိုရမယ်။ သူမရဲ့ဘလော့ Adventurous Kate မှာ ခရီးသွားခဲ့တာတွေကို ပြန်တင်လေ့ရှိပါတယ်။ နိုင်ငံပေါင်း ၇၀ ကျော်ကို သွားခဲ့ပြီးပါပြီ။ အင်စတာဂရမ်မှာလည်း စတားတစ်ယောက်ပါ။ စွန့်စားရတဲ့ခရီးတွေကို လျှပ်တပြက်ပုံရိပ်တွေ ဖမ်းခဲ့သလို ဘယ်မှာစားသင့်တယ်၊ ဘယ်မှာသောက်သင့်တယ်ဆိုတာတွေကိုလည်း ညွှန်းထားပါတယ်။ မိန်းကလေးပီပီ ဘယ်မှာအဝတ်အစားဝယ်ရင်ကောင်းသလဲ? အလှအပပစ္စည်းတွေဝယ်ဖို့ နေရာတွေကိုလည်း ညွှန်ထားပါတယ်။

Source : CNN


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က