"မိန်းမတို့ဘုန်း ဆံထုံး"ဆိုတဲ့ စကားလည်း ရှိသေးတယ်။ ဆံထုံးထုံးလို့မရရင် နေပါစေ ညှပ်လိုက်တဲ့ဆံပင်လေး မြန်မြန်ရှည်လာရင် ကျေနပ်ပါပြီ။ ဆံပင်တွေလည်း ပျက်စီးကုန်လို့ မဖြစ်မနေညှပ်လိုက်ရတာ သိပ်နှမျောတာပဲ။ ဆံပင်ရှည်မြန်ချင်တယ်ဆိုတဲ့ ပျိုမေတို့အတွက် ပညာရှင်တွေရဲ့စကားကို လက်ဆင့်ကမ်းလိုက်ပါတယ်။
ဘိုင်အိုတင်နဲ့ ဗီတာမင် E တို့ဟာ ဆံပင်သန်ဖို့အတွက် အဓိကလိုအပ်တဲ့အရာတွေ ဖြစ်ပါတယ်။ ဒါတွေကို နေ့စဉ်မှီဝဲပေးပါ။
ဆံပင်သန်ပြီး အရှည်မြန်ဖို့အတွက် ရည်ရွယ်ထုတ်လုပ်ထားတဲ့ ခေါင်းေလျှော်ရည်တွေ ရှိပါတယ်။ ဘူးမှာ Growth ဆိုတဲ့စာလုံး ပါလိမ့်မယ်။ ဒါကိုလည်း ရွေးသင့်တယ်။
ဆံပင်မှာ အရောင်လင်းလင်းလေးနဲ့ ဟိုက်လိုက်ဖောက်တာက လူငယ်ဆန်သွားစေတယ်။ ဒါပေမဲ့ ဓာတုပစ္စည်း အများကြီးသုံးရတော့ ဟိုက်လိုက်ဖောက်တိုင်း ဆံပင်တွေနာပါတယ်။ ဆံပင်သန်ချင်ရင် အရှည်မြန်ချင်ရင် ဟိုက်လိုက်မဖောက်ပါနဲ့။
ဆံပင်လေမှုတ်စက်နဲ့ အပူပေးတာ၊ အပူချောင်းနဲ့လိပ်တာ၊ ဖြောင့်စက်ဆွဲတာတွေကလည်း ဆံပင်ပျက်စီးရတာပဲ။ အရှည်မြန်ချင်ရင်တော့ ဆံပင်ကို အပူတွေ မထိပါစေနဲ့။
အိပ်ချိန်လုံလောက်ရဲ့လား၊ အစားမှန်မှန်စားရဲ့လား။ ဒါတွေကလည်း အရေးကြီးတယ်။ စိတ်ဖိစီးမှုများတဲ့အခါ ဆံပင်တွေကျွတ်တတ်ပြီး ရှည်တာလည်းနှေးသွားပါတယ်။
ဆံပင်အဖျားလေးတွေ တိပေးရင် ဆံပင်ရှည်တာ ပိုမြန်ပါတယ်။ သီတင်းပတ် ၈ ပတ် သို့မဟုတ် ၁၀ ပတ် ကြာတိုင်း ဆံပင်တိပါ။
ဆံပင်အမျိုးအစားလိုက်ပြီး ဘီးအမျိုးအစား ရွေးရပါမယ်။ ဆံပင်ကောက်ရင် ဘီးကြဲကြဲသုံးရတာပေါ့။ ဒါပေမဲ့ ဆံပင်စိုနေရင် ဘီးစိုနေရင် ခေါင်းမဖြီးရဘူးနော်။
ဆံပင်ကို လိုအပ်တဲ့ အားဖြည့်ပေါင်းတင်မှုလေးတွေ အပတ်စဉ် လုပ်ပေးသင့်ပါတယ်။ ဆိုင်မှာလည်းလုပ်နိုင်သလို အိမ်သုံးနည်းတွေလည်း ရှိပါတယ်။ ကြက်ဥနှစ်ကို ပျားရည်၊ သံလွင်ဆီတို့နဲ့ရောပြီး ဆံပင်ကိုလိမ်းထား၊ နောက်မှ ရေပြန်ဆေးချရင် ဆံပင်သန်ပါတယ်။
ဦးရေပြားကို နှိပ်နယ်ပေးတဲ့အခါ သွေးကြောလေးတွေပွင့်သွားပါတယ်။ အဲ့ဒီအခါ ဆံပင်သန်ဖို့ အထောက်အကူဖြစ်သွားရော။
Source : Red Book
Share