တနင်္လာနေ့ဆိုတာ တကယ်တော့ "အပြည်ပြည်ဆိုင်ရာ အရက်နာကျသူများနေ့" ပါပဲ။


တနင်္လာနေ့ဆိုတာ တကယ်တော့ "အပြည်ပြည်ဆိုင်ရာ အရက်နာကျသူများနေ့" ပါပဲ။ တနင်္ဂနွေညမှာ နောက်နေ့ရုံးတက်ရမယ် ဆိုတာကို မေ့ပြီး (ဒါမှမဟုတ်) မေ့ချင်ယောင်ဆောင်ပြီး တစ်ခွက်တစ်ဖလား မော့မိရာက အရှိန်မသတ်နိုင်သူတွေဟာ နောက်နေ့ကျရင်အရက်နာကျတော့တာပါပဲ။

တကယ်တော့ အရက်နာကျတယ်ဆိုတာက ခန္ဓာကိုယ်က အဆိပ်အတောက်တွေအများကြီးကို ပြန်လည်တိုက်ခိုက်ဖို့ ကြိုးပမ်းတဲ့ဖြစ်စဉ်ကိုခေါ်တာပါ။ အရက်နာကျပြီဆိုရင် နေရထိုင်ရနည်းနည်းသက်သာအောင် ဖြေရှင်းနိုင်တဲ့နည်းလမ်းလေးတွေရှိနေပါသေးတယ်။

၁။ ရေများများသောက်ပါ

water-drinking.jpg 

အရက်နာကျလို့ ရင်ပူနေတော့ ရေများများသောက်မိမှာပါပဲ။ ဒါပေမယ့် ဘာကြောင့်ရေသောက်သင့်တယ်ဆိုတာကို သိထားတာကောင်းပါတယ်။ တကယ်တမ်းကျတော့ အရက်နာကျတယ်ဆိုတာ ခန္ဓာကိုယ်ထဲက အရည်ဓာတ်တွေဆုံးရှုံးပြီး ရင်တွေပူရတာပါ။ အဲဒီတော့ရေသောက်ပေးခြင်းက ရင်ပူခြင်းကိုသက်သာစေတဲ့အပြင် ခန္ဓာကိုယ်ကဆုံးရှုံးသွားတဲ့ ရေဓာတ်တွေကိုလည်း ပြန်လည်ထိန်းညှိပေးပါတယ်။

ဒါကြောင့် ရေများများသောက်ဖြစ်စေဖို့အတွက် ရုံးကိုရေဘူးတစ်ဘူးယူသွားပါ။ ပြီးရင်ရေကိုသတိရတိုင်းသောက်ပြီး ရေဘူးကိုပြန်ပြန်ဖြည့်ပေးပါ။ နောက်ပြီး ရေဓာတ်ပြန်လည်ဖြည့်တင်းပေးတဲ့ Pocari Sweat တို့၊ Sport X တို့၊ 100 Plus တို့လို အချိုရည်တွေကိုလည်းသောက်သုံးပေးနိုင်ပါတယ်။ အကောင်းဆုံးကတော့ ရေသောက်တာပဲပေါ့။

၂။ အကိုက်အခဲပျောက်ဆေးကို သတိနဲ့သောက်သုံးပါ

painkillers.jpg 

အက်စ်ပရင်လိုပဲ အကိုက်အခဲပျောက်ဆေးတွေက hangover (အရက်နာကျနေချိန်) မှာဖြစ်တတ်တဲ့ ဆိုးဆိုးဝါးဝါးခေါင်းကိုက်ဝေဒနာကို သက်သာစေပါတယ်။ ဒါပေမယ့် အက်စ်ပရင်တွေက ခံရခက်နေတဲ့ ဝမ်းဗိုက်ကို ပိုမိုခံရခက်စေပါတယ်။ ဒါကြောင့်သတိဝီရိယနဲ့ သောက်သုံးသင့်ပါတယ်။

ပါရာစီတင်မောလို အကိုက်အခဲပျောက်ဆေးတွေကျပြန်တော့လည်း အရက်သောက်ထားလို့နာကျင်နေတဲ့အသည်းကို ပိုမိုထိခိုက်စေပါတယ်။ ဒါကြောင့်ဖြစ်နိုင်ရင် ရှောင်ရှားသင့်ပါတယ်။ အဲဒီအစား antacid လို့ခေါ်တဲ့ အစာအိမ်ဆေးပြားလေးတွေနဲ့ သစ်သီးစုံအရသာ multivitamins လေးတွေကိုပဲ အစားထိုးမှီဝဲကြည့်ပါ။ အရက်နာကျစေမှုကို သူတို့က သက်သာစေနိုင်ပါတယ်။

၃။ အစားအစာကို သတိနဲ့စားပါ

foods-that-help-a-hangover.jpg 

တချို့လူတွေကပြောပါတယ်။ အရက်နာကျနေပြီဆိုရင် မနက်စာကိုတဝကျိတ်ပါ။ ခန္ဓာကိုယ်ထဲက အရက်တွေကို သူတို့ဖိချပေးပါလိမ့်မယ်တဲ့။ တကယ်တမ်းကျတော့ ခန္ဓာကိုယ်ထဲက ဆုံးရှုံးသွားတဲ့ အာဟာရ ဓာတ်တွေကို ပြန်လည်ဖြည့်တင်းပေးဖို့က အဓိကရည်မှန်းချက်ဖြစ်သင့်ပါတယ်။

ဒါကြောင့် အသီးအရွက်စွပ်ပြုတ်လို၊ ကြက်သားဆန်ပြုတ်လို အာဟာရနဲ့ ဆိုဒီယမ်ဓာတ်ကြွယ်ဝပြီး အစာအိမ်ကိုလည်း မထိခိုက်စေတဲ့ အရည်လေးတွေက အသင့်တော်ဆုံးပါပဲ။ နောက်ပြီး ပေါင်မုန့်နဲ့ ကွတ်ကီးလေးတွေကလည်း အရက်နာကျနေချိန်မှာ အစာအိမ်အတွက်ကောင်းမွန်ပါတယ်။ အရက်နာကျနေချိန်လို အရည်ဓာတ်တွေဆုံးရှုံးနေချိန်မှာ ပိုတက်စီယမ်က အလိုအပ်ဆုံးအာဟာရဓာတ်ပါပဲ။ ဒါကြောင့် ငှက်ပျောသီးလို၊ အာလူးလို ပိုတက်စီယမ်ကြွယ်ဝတဲ့ အစားအစာတွေကို ရွေးချယ်စားသုံးပေးတာက ခန္ဓာကိုယ်ကလိုအပ်နေတဲ့ ပိုတက်စီယမ်ပမာဏကို ပြန်လည်ပြည့်ဝစေပါတယ်။

Source: Wikihow

Share

Loading Next Article...
က္က