အရသာရှိတဲ့ လစ်မနစ် (Lemonade) ဆိုတာ ရာသီမရွေးဘယ်တော့မှရိုးမသွားနိုင်တဲ့ အဖျော်ယမကာတစ်မျိုးပါပဲ။ ဆိုဖာပေါ်မှာထိုင်ပြီး တီဗီကြည့်နေရင်းပဲဖြစ်ဖြစ်၊ အိမ်ကိုပါလာတဲ့စာရင်းတွေထိုင်လုပ်ရင်း ခေါင်းတွေမူးလာလို့ပဲဖြစ်ဖြစ် သောက်သုံးလို့ကောင်းတဲ့ ဖျော်ရည်လေးတွေပါ။ လစ်မနစ်ကိုမှ နည်းနည်းလေးအဆန်းထွင်ပြီး ကော့တေးလ်ဆန်ဆန် လုပ်သောက်လို့လဲ ရပါသေးတယ်။ ဘယ်လိုလဲ။ သိချင်နေကြပြီ... ဟုတ်။
အဲဒါဘာလဲဆိုတော့ လစ်မနစ်ထဲမှာ ကြိတ်ခြေထားတဲ့ စတော်ဘယ်ရီသီးတွေရယ်၊ ရမ် (သို့မဟုတ်) ဗော့ဒ်ကာနည်းနည်းရယ်ကို ရောလိုက်တာပါပဲ။ တခြားကော့တေးလ်တွေကို ဘာမှ ခက်ခက်ခဲခဲလည်း မဟုတ်ဘဲနဲ့ အရသာရှိစေတဲ့ လစ်မနစ်ကော့တေးလ်လေးပါ။
ရမ် (သို့) ဗော့ဒ်ကာထည့်ရခြင်းရည်ရွယ်ချက်က စတော်ဘယ်ရီနဲ့ သံပုရာသီးရဲ့ ချိုချဉ်အရသာလေးမှာ အခါးဓာတ်လေး မသိမသာစွက်ပေးဖို့ပါပဲ။ နောက်ပြီး အရောင်ကိုလည်း လှပစေတယ်လေ။ အရက်မထည့်ချင်တဲ့သူတွေအတွက်ကတော့ ရမ်ထည့်မသောက်ရင်လည်း မော့ခ်တေးလ်ဆန်ဆန်အရသာကို ရရှိမှာပါပဲ။
ပြုလုပ်နည်း
ပါဝင်ပစ္စည်းတွေကတော့ လှီးပြီး ခြမ်းပြီးသား စတော်ဘယ်ရီသီး တစ်ပေါင်ရယ်၊ သံပုရာသီး ခပ်ကြီးကြီး (၄) လုံးလောက်ရယ်၊ ရမ်အဖြူရောင် တစ်ခွက်ခွဲလောက် (သို့) ဗော့ဒ်ကာ တစ်ခွက်ခွဲလောက်ရယ်၊ ရေခဲရယ် ဖြစ်ပါတယ်။ ပြုလုပ်နည်းကတော့ အရင်ဆုံး လစ်မနစ်ဖျော်ဖို့အတွက် သံပုရားသီးတွေကို အကွင်းလေးတွေဖြစ်အောင် လှီးပြီး ဖန်ပုလင်းတစ်လုံးထဲထည့်ပါ။ ပြီးရင်စတော်ဘယ်ရီသီး အခြမ်းလေးတွေကိုလည်း ဖန်ပုလင်းထဲ ထည့်ပါ။
ပြီးရင်တော့ လစ်မနစ်ဖျော်ဖို့ လစ်မနစ်အနှစ်နည်းနည်းထည့်ပါ။ အရက်ရောမယ့်သူတွေကတော့ အဲဒီအချိန်မှာ ရမ် (သို့) ဗော့ဒ်ကာနည်းနည်းထည့်ပါ။ ပြီးရင် ရေခဲနည်းနည်းနဲ့ sparkling rose water နည်းနည်းရောပါ။ (ဒါမှမဟုတ် စပါကလင် နည်းနည်းရောပါ။) ကလပ်ဆိုဒါနည်းနည်းပါရောလိုက်ပါဦး။ ပြီးရင် သမအောင်မွှေပေးလိုက်ရင် လှပတဲ့အရောင်အဆင်းနဲ့ စွဲမက်ဖွယ် စတော်ဘယ်ရီ လစ်မနစ် ကော့တေးလ်တွေကို ရရှိပါပြီ။ မိမိနှစ်သက်ရာနဲ့ တွဲဖက်သောက်သုံးနိုင်ပါပြီ။
Source: Bloglovin