စိတ်ဓာတ်ကြံ့ခိုင်မှုဆိုတာ လူတိုင်းမှာ မရှိနိုင်ဘူး။ စိတ်ညစ်တိုင်း မငိုဖို့၊ အားမငယ်ဖို့ဆိုတာ တော်တော်ခက်တယ်။ စိတ်ဓာတ်ကြံ့ခိုင်သူတွေကျတော့ စိတ်မညစ်ဘူးလားမေးရင် သူတို့လည်း စိတ်ညစ်စိတ်ဓာတ်ကျတာပဲ။ ဒါပေမဲ့ အဲ့ဒီမှာတင် ရပ်မနေဘူး။
လုပ်စရာရှိတာ ဆက်လုပ်တယ်။ ဒါကြောင့်မို့လို့လည်း စိတ်ဓာတ်ကြံ့ခိုင်သူတွေဟာ အောင်မြင်သူတွေအဖြစ် ရောက်ရှိသွားကြတယ်လေ။ စိတ်ပိုင်းဆိုင်ရာကုထုံးပညာရှင် အေမီမော်ရင်ကတော့ ဒီအချက်တွေနဲ့ ကိုက်ညီနေသူကို စိတ်ဓာတ်ကြံ့ခိုင်သန်မာသူလို့ ဆိုပါတယ်။
၁။ စိတ်ခံစားချက်နဲ့ ယုတ္တိကျတာကို မျှမျှတတဖြစ်အောင် ထိန်းတတ်တယ်။ ခံစားချက်ကိုလည်း အလိုမလိုက်သလို လက်တွေ့ဆန်၊ ယုတ္တိကျတဲ့ ခံစားချက်မဲ့အရာတွေကိုချည်းပဲလည်း လုပ်နေတာမျိုးမဟုတ်ဘးူ။ စိတ်ဓာတ်ကြံ့ခိုင်သူတွေကသာ ဒီနှစ်ခု ဟန်ချက်ညီအောင် ထိန်းနိုင်တာ။
၂။ အလုပ်လုပ်တဲ့အခါ အလုပ်ပြီးမြောက်ဖို့ပဲတွေးတယ်။ အချိန်မဖြုန်းဘူး။ အလုပ်မတွင်မယ့်အရာတွေက ကိုယ့်ကိုနှောင့်ယှက်တာကိုလည်း လက်မခံဘူး။
၃။ အပြောင်းအလဲတွေကို လက်ခံဖို့အတွက် ကိုယ့်ရဲ့စွမ်းရည်ကို ယုံကြည်တယ်။ အခြေအနေသစ်တစ်ခုကို လက်ခံဖို့အတွက်ဆိုတာ လူတိုင်းမလုပ်နိုင်ဘူးမဟုတ်လား။
၄။ ကိုယ့်ကိုနောက်တွန့်သွားစေမယ့် ကြောက်လန့်စရာတွေ လူတိုင်းမှာရှိတယ်။ ဒါကို ရှောင်ပြေးမနေဘဲ လက်တွေ့ရင်ဆိုင်တာက စိတ်ဓာတ်ခွန်အားရှိသူတွေပဲ တတ်နိုင်တယ်။
၅။ အမှားတွေလုပ်မိရင်လည်း အမှားကနေ သင်ခန်းစာယူတယ်။ ရှေ့ဆက်လျှောက်တယ်။
၆။ ကိုယ်ကဘာလဲဆိုတာ ကိုယ်တိုင်သိတယ်။ ကိုယ်ဖြစ်ချင်တာ ဘာလဲဆိုတာကိုလည်း ကောင်းကောင်းသိတယ်။ ဒီနှစ်ခုကို ဟန်ချက်ညီအောင် ထိန်းတတ်ပါတယ်။
၇။ တပါးသူတွေ အောင်မြင်နေတဲ့အပေါ် မနာလိုဖြစ်ရင်း အချိန်ကုန်မခံဘူး။ ချီးကျူး ဂုဏ်ပြုပေးလိုက်တယ်။
၈။ ကိုယ့်ဘဝကို ကိုယ်တိုင်ရပ်တည်တယ်။ ကိုယ့်ကိုယ်ကိုယ်တန်ဖိုးထားတတ်တယ်။ ဆုံးဖြတ်ချက်တွေကိုလည်း ကိုယ်တိုင်ပဲချမှတ်တတ်သူမျိုးပါ။ ဆုံဖြတ်ချက်ချနိုင်တဲ့စွမ်းရည်က လူ့စိတ်ကို ပိုမိုသန်မာစေတယ်။
၉။ ကိုယ့်ရဲ့စွမ်းရည်ကို တိုးတက်ဖို့ ပိုဂရုစိုက်တယ်။ ကိုယ်ဘယ်လိုတော်ကြောင်းတတ်ကြောင်း သူများသိအောင်ပြဖို့ထက် ကိုယ့်အရည်အချင်းတိုးတက်ဖို့ပဲ လုပ်နေသူတွေ။ အမြဲတမ်းလိုလို လေ့လာသင်ယူနေကြသူတွေလို့ ပြောရမယ်။
၁၀။ ကိုယ့်ကိုယ်ကိုယ် တန်ဖိုးထားတယ်။ ပိုင်ဆိုင်ထားတဲ့အရာတွေအပေါ် ကျေနပ်တယ်။ မရနိုင်တဲ့အရာတွေအပေါ် ပူဆွေးဝမ်းနည်းမနေဘူး။ ဒါကြောင့်မို့လို့ အနိုင်အရှုံးကို အဓိကမထားကြပါဘူး။
၁၁။ လိုချင်တာကိုရဖို့ စိတ်ရှည်ရှည်နဲ့ စောင့်ဆိုင်းတယ်။ ဘယ်လိုစောင့်နေရမလဲဆိုတာကိုလည်း ကောင်းကောင်းသိတယ်။
၁၂။ တာဝန်ယူတတ်သူတွေလည်း ဖြစ်ကြတယ်။ ကိုယ်လုပ်လိုက်တာတွေက အမြဲမှန်နေလိမ့်မယ်လို့ အာမမခံနိုင်ပေမဲ့ အကျိုးဆက်ကိုတော့ တာဝန်ယူနိုင်သူတွေဖြစ်ပါတယ်။
၁၃။ စိတ်ပျော့ညံ့သူတွေက အခက်အခဲတွေမြင်ရင် နောက်ဆုတ်သွားကြတယ်။ စိတ်ကြံ့ခိုင်သူတွေကတော့ အခက်အခဲတွေဟာ အခွင့်အလမ်းတွေပဲလို့မြင်ပြီး ကြိုးစားကြတယ်။
၁၄။ ကိစ္စတစ်ခုခု လုပ်ရတော့မယ်ဆိုရင် ကိုယ့်ဆီမှာရှိတဲ့အရာတွေနဲ့ ရတဲ့အချိန်နဲ့ပေါ် မူတည်ပြီး အကောင်းဆုံးလုပ်ကြတယ်။
၁၅။ လဲကျသွားတိုင်း ရပ်တန့်တာမျိုးမဟုတ်ဘူး။ လဲကျချိန်တိုင်းမှာ ပြန်ထကြတာပဲ။
၁၆။ အကောင်းမြင်တတ်သူတွေလည်း ဖြစ်ကြတယ်။ ပြီးတော့ အမှန်ကို အမှန်အတိုင်းပဲ မြင်တတ်ကြတယ်။
၁၇။ ကိုယ့်အားနည်းချက်ကို သေသေချာချာသိတယ်။ စိတ်ပျော့သူတွေက အားနည်းချက်ကိုဖုံးကွယ်ဖို့ ကြိုးစားကြပေမဲ့ စိတ်မာသူတွေကတော့ ကိုယ့်အားနည်းချက်ကိုလည်းသိပြီး အဲ့ဒီ့အပေါ်ဘယ်လိုမျိုး ရင်ဆိုင်ရမလဲဆိုတာ သိကြပါတယ်။
၁၈။ ပြဿနာတွေ ကြုံလာရင် မှိုင်တွေမနေဘူး။ ရင်ဆိုင်လိုက်တာပဲ။
Source : Bright Side
Share