အခုမှတက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်ပြီး နိုင်ငံခြားမှာကျောင်းသွားတက်ဖို့ စိတ်ကူးနေတဲ့ကျောင်းသားလေးတွေအတွက်လည်း ဘယ်အသက်မွေးဝမ်းကြောင်းလိုင်းကို လိုက်သင့်လဲဆုံးဖြတ်ရာမှာ တစ်ထောင့်တစ်နေရာကအထောက်အကူပြုနိုင်မှာပါ။
 

Global Finance မဂ္ဂဇင်းရဲ့အဆိုအရဆိုရင် စင်္ကာပူနိုင်ငံဟာ ကမ္ဘာ့အချမ်းသာဆုံးနိုင်ငံ (၃၀) ထဲမှာ နံပါတ် (၄) ချိတ်နေပါပြီ။ နိုင်ငံရဲ့ GDP အရကော၊ နိုင်ငံသားတွေရဲ့လုပ်ခလစာမြင့်မားမှုကြောင့်ပါ စင်္ကာပူဟာ ပညာရှင်အဆင့်လုပ်သားတွေအတွက် လုပ်လို့ကိုင်လို့ကောင်းတဲ့နေရာတစ်ခုပါပဲ။



စင်္ကာပူမှာ ပညာရှင်အဆင့်လုပ်သားတစ်ဦးအနေနဲ့ အလုပ်သွားလုပ်တော့မယ်ဆိုရင် မိမိလုပ်ကိုင်မယ့်ရာထူးနေရာဟာ လုပ်ခလစာဘယ်လောက်ရနိုင်တယ်ဆိုတာကို သိထားရင် အင်တာဗျူးမှာ လစာညှိရတာ အဆင်ပြေစေမှာပါ။ နောက်ပြီး အခုမှတက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်ပြီး နိုင်ငံခြားမှာကျောင်းသွားတက်ဖို့ စိတ်ကူးနေတဲ့ကျောင်းသားလေးတွေအတွက်လည်း ဘယ်အသက်မွေးဝမ်းကြောင်းလိုင်းကို လိုက်သင့်လဲ ဆုံးဖြတ်ရာမှာ တစ်ထောင့်တစ်နေရာကအထောက်အကူပြုနိုင်မှာပါ။

သင်စိတ်ဝင်စားမယ့်အကြောင်းအရာ (စင်္ကာပူမှာ လစာအကောင်းဆုံးအလုပ်အကိုင်တွေ)

၅။ Marine Superintendent Engineers (သင်္ဘောကြီးကြပ်စစ်ဆေးရေး အင်ဂျင်နီယာ)

shutterstock_112081082.jpg 

သင်္ဘောသားအခေါ် စူပါဆိုတဲ့ Marine Superintendent Engineer တွေကတော့ ကုမ္မဏီပိုင်သင်္ဘောတွေ ကမ်းရိုးတန်းတလျှောက် (သို့) ပင်လယ်ရေနက်ထဲမှာ အဆင်ပြေပြေသွားလာနိုင်ရေးအတွက်လိုအပ်တဲ့ စစ်ဆေးမှုတွေ၊ သင်္ဘောပေါ်ကဝန်ထမ်းတွေ လုံလောက်တဲ့ကျွမ်းကျင်မှုရှိ မရှိစစ်ဆေးမှုတွေ၊ သင်္ဘောပြုပြင်ထိန်းသိမ်းရေးအတွက်လိုအပ်တဲ့ ကုန်ကျစရိတ်သက်သာနိုင်သမျှ သက်သာအောင် စာရင်းပြုစုရေးဆွဲမှုတွေကို လုပ်ဆောင်ရပါတယ်။

သူတို့ဟာဆိုရင် အင်ဂျင်နီယာလောကမှာ လစာအမြင့်ဆုံးရတဲ့ထဲမှာ ပါပါတယ်။ ဘာလို့လဲဆိုတော့ သူတို့ရဲ့တစ်လစာဝင်ငွေဟာ ဒေါ်လာ (၉) ထောင်နဲ့ (၁၁၀၀၀) ကြားမှာ ရှိလို့ပါပဲ။ ဒီရာထူးကိုလျှောက်ဖို့ ဘာတွေလိုအပ်လဲဆိုတော့ အင်ဂျင်နီယာ အလုပ်အများစုလိုပဲ ပင်လယ်ရေကြောင်းအင်ဂျင်နီယာဘာသာရပ် (သို့) စက်မှုလက်မှုအင်ဂျင်နီယာဘာသာရပ်မှာ ဘွဲ့တစ်ခု ရထားဖို့လိုအပ်ပါလိမ့်မယ်။

သင်္ဘောနဲ့ပတ်သက်တာဆိုရင်တော့ ခင်ဗျားအနေနဲ့ (သင်္ဘောသားအခေါ် စူပါဖြစ်ဖို့) Marine Superintendent Engineer ဖြစ်ဖို့ Class 1 (Deck) COC (Certificate of Competency) ဆိုတဲ့ လက်မှတ်ကို ဖြေဆိုအောင်မြင်ထားဖို့တော့လိုပါတယ်။ အဲဒီအလုပ်မှာအတွေ့အကြုံရလာရင် ခင်ဗျားဟာ Fleet Manager (ကုမ္မဏီပိုင်သင်္ဘောအားလုံးကို စီမံကွပ်ကွဲရသူ) နဲ့ Fleet Director (ကုမ္မဏီပိုင်သင်္ဘောအားလုံးနဲ့ ပတ်သက်ပြီး တာဝန်ရှိသူ) နေရာထိတက်လှမ်းသွားနိုင်မှာပါ။

၄။ University Lecturers (တက္ကသိုလ်ဆရာ)

UniversityLecturev1.jpg 

စင်္ကာပူဟာ ပညာရေးကိုအလေးပေးတဲ့နိုင်ငံတစ်ခုဖြစ်တာနဲ့အညီ တက္ကသိုလ်ဆရာတွေကို လစာကောင်းကောင်း ပေးထားလေ့ရှိပါတယ်။ တက္ကသိုလ်ဆရာတွေဟာ သူတို့ကျွမ်းကျင်တဲ့ဘာသာရပ်တွေကို တက္ကသိုလ်တွေမှာ သင်ကြားပေးရပြီး သုတေသနနဲ့ကွင်းဆင်းလေ့လာမှုတွေကိုလည်း ကိုယ်တိုင်ဆောင်ရွက်ရပါတယ်။

သူတို့ရဲ့လစာကတော့ ဒေါ်လာ (၁၁၀၀၀) နဲ့ (၁၂၀၀၀) ကြားမှာရှိပါတယ်။ စင်္ကာပူ တက္ကသိုလ်တွေမှာ ဆရာဖြစ်ဖို့ကတော့ သက်ဆိုင်ရာဘာသာရပ်နယ်ပယ်မှာ မဟာဘွဲ့ (သို့) PhD ဘွဲ့ရထားဖို့လိုအပ်ပါတယ်။ အတွေ့အကြုံရလာတာနဲ့အမျှ အကြီးတန်းဆရာ၊ အုပ်ချုပ်ရေးဆရာကနေ ပါမောက္ခအဆင့်ထိ တက်လှမ်းသွားနိုင်မှာပါ။

၃။ Forex Dealer / brooker (ငွေကြေး ပွဲစား)

forex-broker.jpg 

Forex Dealer တွေကတော့ ကမ္ဘာတဝှမ်းလုံးက ငွေကြေးဈေးနှုန်းတွေ၊ ရွှေဈေးနှုန်းတွေကို အကျိုးအမြတ်တစ်ခုရရှိစေခြင်း အလို့ငှာ ရောင်းဝယ်ဖောက်ကားပေးခြင်းဖြင့် ဖောက်သည်တွေနဲ့ဆက်ဆံရတဲ့အလုပ်ကို လုပ်ကိုင်ရပါတယ်။ သူတို့ရဲ့ဝင်ငွေကတော့ တစ်လကို ဒေါ်လာ (၁၄၀၀၀) အထက်မှာရှိပါတယ်။

ဒါပေမယ့် Forex Dealer တစ်ယောက်၊ စတော့ခ်ရှယ်ယာပွဲစားတစ်ယောက်ဖြစ်လာဖို့ဆိုတာ မလွယ်ကူပါဘူး။ ဘာလို့လဲဆိုတော့ ဒီအလုပ်အကိုင်နဲ့ပတ်သက်တဲ့ သေချာသင်ပေးနိုင်တဲ့ ပညာရေးစနစ်တိတိကျကျ မရှိသေးလို့ပါ။ များသောအားဖြင့် ဘဏ်တွေ၊ အာမခံကုမ္မဏီတွေ၊ ရင်းနှီးမြှုပ်နှံမှုကုမ္မဏီတွေ အစရှိတဲ့ ဘဏ္ဍာရေးနဲ့စီးပွားရေးနယ်ပယ်က အတွေ့အကြုံရှိပြီးသားလူတွေ ဝင်ရောက်လုပ်ကိုင်တတ်ကြပါတယ်။ ဒီနေရာမှာအလုပ်လုပ်ကိုင်ဖို့ သင်္ချာ၊ စာရင်းအင်းနဲ့ စီးပွားရေးကျွမ်းကျင်ဖို့လိုပြီး နိုင်ငံတကာငွေကြေး ဗဟုသုတနဲ့လည်း ပြည့်စုံနေဖို့လိုပါတယ်။

၂။ Commodity/ Derivatives Brokers (စတော့ခ်ရှယ်ယာပွဲစား)

160768220-F-56a1a7595f9b58b7d0c1573f.jpg 

စတော့ခ်ရှယ်ယာပွဲစားတွေကတော့ တစ်ဦးချင်းစီလုပ်ကိုင်တဲ့ဖောက်သည်တွေကိုပဲဖြစ်ဖြစ်၊ ကုမ္မဏီကြီးတွေကိုပဲဖြစ်ဖြစ် ဆန်စပါး၊ သားငါးပုဇွန်၊ သတ္ထု၊ စတော့ခ်ရှယ်ယာ၊ ငွေကြေး အစရှိတဲ့ ရှယ်ယာတွေကို ဘယ်အချိန်မှာ ဝယ်ရမယ်။ ဘယ်အချိန်မှာ ရောင်းဝယ်ဖောက်ကားလဲလှယ်ရမယ်။ ဘယ်အချိန်မှာရောင်းရမယ် အစရှိတဲ့ အကြံဉာဏ်တွေကို ပေးရတဲ့အလုပ် လုပ်ပါတယ်။ သူတို့ရဲ့ဝင်ငွေကတော့ တစ်လကို ဒေါ်လာ (၁၇၀၀၀) ကနေ (၁၈၀၀၀) ကြားမှာရှိပါတယ်။ ဒီရာထူးမှာလုပ်ကိုင်ဖို့ကတော့ စာရင်းအင်း၊ စီးပွားရေး၊ သင်္ချာ၊ စီးပွားစီမံဘာသာရပ်တွေမှာ မဟာဘွဲ့လောက်တော့ ရထားသင့်ပါတယ်။

၁။ Specialist Medical/ Surgical Practitioners (အထူးကုဆရာဝန်/ ခွဲစိတ်ဆရာဝန်)

07-50-secrets-surgeon-surgeon-procedures.jpg 

အထူးကုဆရာဝန်/ ခွဲစိတ်ဆရာဝန်တွေကတော့ စင်္ကာပူမှာ လစာအကောင်းဆုံးပါပဲ။ ထုံဆေးမေ့ဆေးဆရာဝန်၊ နှလုံးအထူးကု ဆရာဝန်၊ အာရုံကြောအထူးကုဆရာဝန်၊ အာရုံကြောခွဲစိတ်ဆရာဝန်၊ အရိုးအကြော ဆရာဝန်၊ စိတ်ရောဂါအထူးကုဆရာဝန် တို့ဟာ စင်္ကာပူမှာ လစာအကောင်းဆုံးစာရင်းထဲမှာ ပါဝင်ပါတယ်။ အထူးကုဆရာဝန်တွေရဲ့လစာက တစ်လကို ဒေါ်လာ (၁၅၀၀၀) နဲ့ (၂၄၀၀၀) ကြားမှာရှိတတ်ပြီး ခွဲစိတ်ကုဆရာဝန်တွေကတော့ တစ်လကို ဒေါ်လာ (၁၃၀၀၀) နဲ့ (၂၇၀၀၀) ကြားမှာ ရှိတတ်ပါတယ်။

ဒီလိုလစာကိုလိုချင်တယ်ဆိုရင်တော့ အရင်ဆုံးဆေးကျောင်းက ဘွဲ့ရအောင်တက်ရပါမယ်။ ပြီးရင်တော့ အထူးကုဆရာဝန်ဖြစ်ဖို့ မိမိနှစ်သက်ရာနယ်ပယ်ကို ရွေးချယ်ပြီး Specialists Accreditation Borad အဖွဲ့မှာ မှတ်ပုံတင်နိုင်အောင်ကြိုးစားရပါမယ်။ အထူးကုဆရာဝန်ဖြစ်ဖို့ရင်းရမယ့် ပညာသင်နှစ်ကတော့ ၇ နှစ်နဲ့ ၉ နှစ်ကြားမှာရှိတတ်ပြီး ရင်းရမယ့်ငွေကြေးပမာဏကလည်း မနည်းပါဘူး။ မိဘက ပိုက်ဆံရှိမှသာ လိုက်နိုင်မယ့်လိုင်းမျိုးဖြစ်မယ်ထင်ပါတယ်။

Source: Careeraddicts


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က