ဘယ်အချိန်မှာ မှေးရမယ်၊ ဘယ်အချိန်တွေမှာ ရှောင်ရမယ်လို့ သိထားတာက သင့်အတွက် အထောက်အကူအများကြီး ဖြစ်စေမှာပါ။
 

ခဏလောက်မှေးလိုက်တာဟာ ခန္ဓာကိုယ်စွမ်းအင်တွေကို မြှင့်တင်ပေးနိုင်ရုံတင်မကဘဲ ဦးနှောက်စွမ်းအင်ကိုလည်း တိုးတက်စေပါတယ်။ဒါပေမယ့်လည်း သင် မမှေးသင့်တဲ့ အချိန်တွေရှိပါတယ်။ သင်မမှေးသင့်တဲ့အကြောင်းအရင်းတွေလည်း ရှိပါတယ်။ သင့်အိပ်စက်မှု အလေ့အကျင့်ကို ပျက်ပြားစေတာ၊ သင့်အိပ်စက်မှုဖြစ်စဉ်ကို အနှောင့်အယှက်ပေးတာတွေကြောင့်ပါ။  ဘယ်အချိန်မှာ မှေးရမယ်၊ ဘယ်အချိန်တွေမှာ ရှောင်ရမယ်လို့ သိထားတာက သင့်အတွက် အထောက်အကူအများကြီး ဖြစ်စေမှာပါ။

၁ - ဒီအချိန်တွေကလွဲပြီး

ခဏလောက်မှေးချင်တယ်ဆိုရင် အကောင်းဆုံးအချိန်က နေ့လယ် ၁၂ နာရီကနေ ၃ နာရီကြားဖြစ်ပါတယ်။အခြားအချိန်တွေမှာ မှေးဖို့ဟာ သင့်အတွက် အဆင်ပြေမှာ မဟုတ်ပါဘူး။ ခန္ဓာကိုယ်တွင်းအချိန်မှတ်နာရီမှာ ပြသနာရှိလာနိုင်ပါတယ်။ ညဘက်အိပ်စက်ဖို့ဟာ ပိုမိုခက်ခဲလာတာကို တွေ့ရမှာပါ။

(သင်စိတ်ဝင်စားနိုင်တဲ့ဆောင်းပါး - အိပ်ရေးမဝအောင် လုပ်နေမိတဲ့ အပြုအမူတွေ)

 

၂ - နေ့လယ်

ခဏမှေးချင်တယ်ဆိုရင် နေ့လယ်စောစောဘက်အချိန်ကို ရွေးသင့်ပါတယ်။ အတတ်နိုင်ဆုံးနောက်မကျသင့်ပါဘူး။ သင်ဟာ ညဘက်အိပ်မပျော်သူတစ်ဦးဆိုရင် နေ့ဘက်တွေမှာ မှေးအိပ်တာမျိုး ဘယ်လိုမှ မလုပ်သင့်ပါဘူး။ တရေးမှေးစက်ခြင်းဟာ ညဘက်မှာ အိပ်စက်ချင်စိတ်ကို ရယူသွားတတ်ပါတယ်။ နေ့လည်ဘက် အိပ်တဲ့အကျင့်ကို ဖျောက်ချင်တယ်ဆိုရင် ကားမောင်းတာ၊ သူငယ်ချင်းတွေဆီလည်တာ စတဲ့ အပြင်ထွက်လှုပ်ရှားမှုမျိုး လုပ်သင့်ပါတယ်။

၃ - တခြားအရပ်

အချိန်ကွာခြားတဲ့ နိုင်ငံခြားတိုင်းပြည်မျိုးကို သွားမယ်ဆိုရင်လည်း တရေးတမော မမှေးသင့်ပါဘူး။ သင်ရောက်သွားတဲ့အချိန်ဟာ နေ့အချိန်ဖြစ်နေတယ်ဆိုရင်လည်း အဆိုပါအရပ်မှာ မမှေးသင့်ပါဘူး။ သင့်ကိုယ်တွင်းက အချိန်မှတ်ဖြစ်စဉ်ဟာ ကပြောင်းကပြန်ဖြစ်လာနိုင်တာကြောင့်ပါ။

 

၄ - အာရုံစူးစိုက်မှု

အာရုံစူးစိုက်မှုအပြည့်နဲ့ အလုပ်မျိုး လုပ်ဖို့ ရှိတယ်ဆိုရင် ကြိုတင်ပြီး ပြည့်ပြည့်ဝဝ အိပ်ထားပါ။ အနားနီးမှ ခဏလောက် မှေးပြီး လုပ်တာဟာ အာရုံစူးစိုက်မှုကို လျော့ကျစေပါတယ်။ ခဏမှေးပြီးထလာတဲ့အခါ ခေါင်းမကြည်တာတွေ၊ ခေါင်းအုံနေတာတွေ ဖြစ်တတ်တာကြောင့်ပါ။

၅ - ၁၅ မိနစ် ၊ မိနစ် ၂၀

ခဏလောက်မှေးတာ အကောင်းဆုံးပါ။ အချိန်အရမ်းအကြာကြီးမှေးတာကိုတော့ ရှောင်ပါ။အကောင်းဆုံးက ၁၅ မိနစ်ကနေ မိနစ် ၂၀လောက်ထိပဲ မှေးတာအကောင်းဆုံးပါပဲ။ ဒီ့ထက်များတယ်ဆိုရင်တော့ ခေါင်းနောက်တာတွေ၊ ခေါင်းမူးတာတွေနဲ့ နိုးထလာနိုင်ပါတယ်။

Photos & Source: Bustle

Share

Loading Next Article...
က္က