အိပ်ရာကလည်း သက်တောင့်သက်သာဖြစ်နေပါစေ။

ညညဆို တော်တော်နဲ့အိပ်မပျော်ဘူး။ အတွေးတွေနဲ့တင် သံသရာလည်နေတာ။ ညဉ့်နက်ချိန်တွေကို ကျော်သွားပြီး အိပ်ရေးပျက်တဲ့နေ့တွေများလာပြီ။ အဓိကဖြစ်နေတာက အိပ်ခါနီး အတွေးနယ်ချဲ့နေမိတာပဲ။ ခေါင်းထဲကအတွေးတွေကို ရှင်းထုတ်မှ အိပ်ပျော်မှာ။ စိတ်အေးလက်အေး အိပ်ပျော်ဖို့ဆိုရင် ဒီလိုလုပ်ကြည့်ပါလား။

၁။ အတွေးတွေကိုချရေးပါ

original.jpg 

ခေါင်းထဲမှာ စဉ်းစားနေတာတွေ များနေပြီဆို ဘယ်လိုလုပ်အိပ်ပျော်တော့မလဲ။ တွေးမိသမျှကို စာရွက်ပေါ်မှာ ချရေးထားလိုက်။ ပြီးရင် စာကို ပြန်ဖတ်မနေနဲ့။ စိတ်ထဲရှိသမျှ ချရေးပြီး အိပ်ရာဝင်လိုက်ပါ။ စာရွက်ပေါ်မှာ ချရေးခိုင်းရတာကတော့ ဖုန်း/ကွန်ပျူတာတို့လို့ screen တွေက အိပ်စက်မှုကို အနှောင့်အယှက်ဖြစ်စေလို့ပါ။

၂။ ပုံဖော်ကြည့်ပါ

shutterstock_56412598.jpg 

အိပ်ရာပေါ်ရောက်တာနဲ့ အတွေးတွေက တရစပ်ထိုးနှက်တာ ခံနေရတာလား။ စိတ်တွေတည်ငြိမ်သွားအောင်လို့ စိတ်ကူးပုံဖော်ကြည့်တဲ့နည်းကိုလည်း သုံးကြည့်ဖို့တိုက်တွန်းပါရစေ။ ကိုယ့်ရဲ့အိပ်ရာဘေးမှာ ခြင်းတောင်းအကြီးကြီးတစ်လုံး ရှိနေတယ်လို့ တွေးကြည့်လိုက်။ အတွေးတွေကလည်း ခြင်းတောင်းထဲဝင်သွားတယ်၊ ကိုယ့်အတွေးတွေက လုံခြုံစိတ်ချရတဲ့ဆီရောက်သွားတယ်၊ နောက်မှ လိုတဲ့အချိန် ပြန်ကြည့်လို့ရတဲ့ခြင်းတောင်းကြီးထဲ အတွေးတွေရောက်သွားပြီလို့ မြင်ယောင်ကြည့်ပါ။ ခေါင်းထဲကအတွေးတွေ ရှင်းသွားနိုင်ပါတယ်။

၃။ တရားမှတ်ပါ

beditation.jpg 

ငြိမ်ငြိမ်လေးနေရင်း အသက်ရှုတာကိုပဲ သိအောင်လုပ်နေရတာဖြစ်ပါတယ်။ ဝင်လေ၊ ထွက်လေတိုင်းကို သိနေအောင် သတိလေးထားကြည့်ပါ။ စိတ်လည်းငြိမ်မယ်၊ နှစ်နှစ်ခြိုက်ခြိုက်လည်း အိပ်ပျော်စေတယ်။ အာရုံစူးစိုက်မှုအားကောင်းလာစေပါတယ်။

၄။ လုပ်စရာရှိတာတွေအကုန်လုပ်ပြီးမှအိပ်

iStock-642029922.jpg 

မပြီးပြတ်သေးတဲ့ကိစ္စတွေရှိရင် အပြတ်ဖြတ်ပါ။ ကိစ္စတွေမပြတ်သေးဘဲ အိပ်ရာထဲဝင်လိုက်တော့ စိတ်ကမဖြောင့်တော့ဘူး။ စိတ်ဖြောင့်ဖြောင့်နဲ့ အိပ်ရာထဲရောက်ရင် မြန်မြန်ဆန်ဆန် အိပ်ပျော်ပါလိမ့်မယ်။

Source : Pick The Brain

Share

Loading Next Article...
က္က