နိုင်ငံအသီးသီး ဒေသအသီးသီးမှာ မတူညီတဲ့ ရိုးရာယဉ်ကျေးမှုတွေ၊ အလှအပတွေ ရှိကြတယ်။ အယူအဆတွေလည်း ကိုယ်စီရှိကြပါတယ်။ မြန်မာအပါအဝင် အချို့နိုင်ငံတွေမှာ သုံးနေကြတဲ့ အလှအပရေးရာနည်းတွေက တကယ်အကျိုးရှိကြတာ တွေ့ရပါတယ်။
၁။ ပုလဲမှုန့် - တရုတ်
တရုတ်နိုင်ငံက အမျိုးသမီးတွေဟာ ညက်အောင်ကြိတ်ထားထားတဲ့ ပုလဲမှုန့်နဲ့ exfoliate လုပ်ကြပါတယ်။ အသားအရေကို တင်းရင်းတောက်ပစေတယ်လို့ ဆိုပါတယ်။ ဒီနည်းကို အစထွင်ခဲ့တာကတော့ အသားအရေလှတယ်လို့ နာမည်ကြီးတဲ့ တရုတ်ဧကရီဘရင်မ ဝူက စခဲ့တာပါ။ ပုလဲဟာ ကော်လာဂျင်တွေပြန်လည်ပြည့်ဝလာစေနိုင်စွမ်းရှိပါတယ်။
၂။ သနပ်ခါး - မြန်မာ
မြန်မာ့သနပ်ခါးကတော့ ကမ္ဘာသိတဲ့ အလှတရားတစ်ခုဆိုတော့ အထူးတလည်ပြောဖို့တောင် မလိုလောက်ဘူးနော်။ လွန်ခဲံတဲ့နှစ်ပေါင်း ၂၀၀၀ ကျော် ကတည်းက မြန်မာအမျိုးသမီးတွေဟာ သနပ်ခါးကို သုံးလာကြတာပါ။ သနပ်ခါးက နေလောင်ဒဏ်ကိုလည်း ကာကွယ်ပေးတယ်။ အသားအရေကို စိုပြေတင်းရင်းစေတယ်။ ဝက်ခြံတွေကိုလည်း ပျောက်စေတယ်။
၃။ ဒေစီပန်းရေ - တူရကီ
ဒေစီပန်းကို ဆံပင်အတွက် တူရကီအမျိုးသမီးတွေက အသုံးပြုကြတယ်။ ခွက်တစ်လုံးထဲမှာ ဒေစီပန်းတွေထည့်ပြုတ်လိုက်ရုံပဲ။ ပြီးရင် အဲ့ဒီရေနဲ့ ဆံပင်ကိုလောင်းပေးတဲ့အခါ ဆံသားတွေက သူမတူအောင် တောက်ပြောင်လှပလာပါတယ်။ ဈေးမကြီးတဲ့နည်းမို့ အဒ်မင်ကတော့ စမ်းလုပ်ကြည့်မယ်စိတ်ကူးမိတယ်။
၄။ ပန်းရောင်ဆား - ပီရူး
ပီရူးနိုင်ငံသူတွေ နုပျိုပြီး အသားအရေလှနေတာ ဒီဆားကြောင့်ဆိုပဲ။ ပန်းရောင်ရှိတဲ့ တွင်းထွက်ဆားတစ်မျိုးကို ရေချိုးတဲ့အခါ သုံးကြတယ်။ ဝိတ်ချနေသူတွေကလည်း ဒီဆားကို စားကြတယ်။ အလှအပအတွက်တော့ ပန်းရောင်ဆားနဲ့ exfoliate လုပ်ကြပါတယ်။ ခုတော့ ကမ္ဘာတစ်ဝန်းမှာပါ ဒီဆားကို သုံးနေကြပါပြီ။
Source : Be Beauty