ဆံပင်ဆိုတာ လူသားတိုင်းရဲ့ခေါင်းထက်မှာနေတာဆိုတော့ အလွန်အရေးကြီးတဲ့အစိတ်အပိုင်းတစ်ခုပါပဲ။
 

ဆံပင်ဆိုတာ လူသားတိုင်းရဲ့ခေါင်းထက်မှာနေတာဆိုတော့ အလွန်အရေးကြီးတဲ့အစိတ်အပိုင်းတစ်ခုပါပဲ။ ဆံပင်အနည်းအများနဲ့ ဆံပင်ပုံစံဟာ မျက်နှာကိုလည်း အများကြီးအကျိုးသက်ရောက်မှုရှိပါတယ်။ အကြောင်းအမျိုးမျိုးကြောင့် ဆံပင်တွေကျွတ်ပြီး ထိပ်ပြောင်ချင်နေတဲ့ ဦးပြောင်ရှင်းတွေအတွက် သဘာဝအတိုင်းဆံပင်ပြန်ပေါက်စေတဲ့ ဆေးမြီးတိုလေးတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။

၁။ နှိပ်နယ်ခြင်း

maxresdefault (3).jpg 

ဦးရေပြားကိုနှိပ်နယ်ပေးခြင်းက ထိပ်ပြောင်ချင်နေတဲ့ကိုကိုတို့အတွက် ဆံပင်ပြန်ပေါက်လာစေဖို့ ကူညီပေးနိုင်ပါတယ်။ အကျိုးအာနိသင်ပိုမိုကောင်းမွန်စေဖို့အတွက်တော့ ဆီတွေ၊ ဆေးမြီးတိုတွေနဲ့ နှိပ်ပေးတာ ပိုကောင်းပါတယ်။ ဒီလိုုလုပ်ပေးခြင်းဖြင့် ဦးရေပြားဆဲလ်တွေကို နှိုးဆွပေးပြီး ဆံသားပြန်လည်ထူထပ်လာစေနိုင်ပါတယ်။

နေ့စဉ်နေ့တိုင်း မိမိရဲ့ဦးရေပြားကို နှိပ်နယ်ပေးဖို့အတွက် အချိန်တစ်ခုပေးခြင်းက စိတ်ဖိစီးမှုနဲ့ စိတ်တင်းကြပ်မှုကိုလည်း လျော့ကျစေပါတယ်။ အဓိက ကတော့ နှိပ်နယ်ပေးခြင်းမှာ ထည့်သွင်းလိုက်တဲ့ဖိအားတွေက ဆံပင်ပြန်ပေါက်စေဖို့နဲ့ ဆံသားပြန်လည်ထူထပ်လာစေဖို့ ကူညီပေးနိုင်ပါတယ်။ 

၂။ ရှားစောင်းလက်ပတ်

natural-acne-treatment-aloe-vera.jpg 

ရှားစောင်းလက်ပတ်ကို ဆံပင်နဲ့ဆိုင်တဲ့ထုတ်ကုန်ပစ္စည်းတွေမှာ အသုံးပြုနေတာကြာပါပြီ။ ရှားစောင်းလက်ပတ်ဟာ ဆံပင်လျော့နည်းခြင်းပြဿနာကိုဖြေရှင်းပေးနိုင်ရုံသာမက ဦးရေပြားကိုလည်း ချောမွေ့စေပါတယ်။ ဒါတင်မက ရှားစောင်းလက်ပတ်က ဗောက်ပျောက်စေပြီး အဆီပိုတွေကြောင့်ပိတ်ဆို့နေတဲ့ဆံပင်မွှေးညှှင်းပေါက်လေးတွေကိုလည်း ပြန်ပွင့်စေပါတယ်။

ရှားစောင်းလက်ပတ်ဂျယ်လ်ကို လက်ဝါးထဲထည့်ပြီး ဦးရေပြားနဲ့ဆံပင်ပေါ်မှာ တစ်ပတ်ကို (၃) (၄) ကြိမ်လောက်လိမ်းပေးနိုင်ပါတယ်။ ဒါမှမဟုတ် ရှားစောင်းလက်ပတ်ပါဝင်တဲ့ ခေါင်းလျှော်ရည်တွေ၊ ပေါင်းဆေးတွေကိုလည်း အသုံးပြုနိုင်ပါတယ်။

၃။ အုန်းဆီ

အုန်းဆီမှာပါဝင်တဲ့ ဖက်တီးအက်ဆစ်တွေကတော့ ဦးရေပြားအပေါ်ယံလွှာကိုထိုးဖောက်ဝင်ရောက်နိုင်ပြီး ဆံပင်တွေရဲ့ ပရိုတိန်းဓာတ်ဆုံးရှုံးခြင်းကိုလည်း လျှော့ချပေးနိုင်ပါတယ်။ အုန်းဆီကို ဆံသားအခြေအနေပေါ် မူတည်ပြီး ခေါင်းမလျှော်ခင်နဲ့ ခေါင်းလျှော်ပြီးနောက် အသုံးပြုနိုင်ပါတယ်။ အုန်းဆီကိုလက်ဝါးနဲ့ထည့်ပြီး ဦးရေပြားပေါ်မှာအရင်လိမ်းပေးပါ။ ပြီးရင် နှိပ်နယ်ပေးလိုက်မယ်ဆိုရင်ရပါပြီ။

အုန်းဆီကို ဆံပင်အုံထူအောင်လုပ်ပေးနိုင်တဲ့ ဆေးမြီးတိုတစ်ခုအဖြစ် အသိအမှတ်ပြုထားတာက ဆံသားကျန်းမာရေးအတွက် ကောင်းမွန်ပြီး ဆံပင်လေးနူးညံ့တောက်ပြောင်နေအောင် စွမ်းဆောင်နိုင်လို့ပါပဲ။ ဒီဆေးမြီးတိုကို ကျွန်တော်တို့မြန်မာလူမျိုးတွေ ငယ်စဉ်တောင်ကျေးကလေးဘဝတည်းက ဂျဲလ်တွေ၊ wax တွေအစား ဆံပင်အလှကုန်တစ်မျိုးအဖြစ် အသုံးပြုခဲ့ကြတာပါ။

၄။ ငါးကြီးဆီ

gty_fish_oil_ll_130628_33x16_1600.jpg 

အိုမီဂါ ဖက်တီးအက်ဆစ်ကိုမှီဝဲခြင်းက ခင်ဗျားရဲ့ဆံပင်ကိုအတွင်းပိုင်းမှ ဖွံ့ဖြိုးလာအောင်ကူညီပေးနိုင်ပါတယ်။ ဘာလို့လဲဆိုတော့ သူ့ထဲမှာအာဟာရဓာတ်တွေ၊ ပရိုတိန်းဓာတ်တွေ ကြွယ်ဝစွာပါဝင်လို့ပါပဲ။ ဒါကြောင့် ငါးကြီးဆီကို အားဆေးတစ်မျိုးအဖြစ်သာမက ဆံသားထူထပ်လာအောင်၊ ပိုမိုရှည်လျားလာအောင် ကူညီပေးနိုင်တဲ့ အိုမီဂါအားဖြည့်ဓာတ်တစ်မျိုးအဖြစ်လည်း အသုံးပြုနိုင်ပါတယ်။ အိုမီဂါဖက်တီးအက်ဆစ်တွေက ဦးရေပြားဆဲလ်တွေကို ထောက်ကူပေးနိုင်သလို ခုခံအားကိုလည်းမြှင့်တင်ပေးတဲ့အတွက် ဆံသားကျန်းမာရေးကိုလည်း ကောင်းမွန်စေပါတယ်။

၅။ ဂျင်ဆင်း

ဂျင်ဆင်းအားဆေးသောက်သုံးပေးခြင်းကလည်း ဆံပင်မွှေးညှင်းပေါက်လေးတွေကို နှိုးဆွပေးပြီး ဆံပင်တွေကို ပြန်လည်သန်စွမ်း လာစေနိုင်ပါတယ်။ ဂျင်ဆင်းဆေးမြစ်ထဲမှာပါဝင်တဲ့ဓာတ်တွေဟာ လူ့ခန္ဓာကိုယ် အစိတ်အပိုင်းတွေအတွက်သာမက ဆံသားအတွက်လည်းကောင်းမွန်တယ်လို့ဆိုကြပါတယ်။

၆။ ကြက်သွန်နီဖျော်ရည်

Lemon-Juice.jpg 

ကြက်သွန်နီနံ့ကိုခံနိုင်တယ်ဆိုရင် ပြန်ရရှိမယ့်အကျိုးကျေးဇူးတွေကတော့ တော်တော်များပါတယ်။ ကြက်သွန်နီကိုအခွံခွာပြီး သစ်သီးဖျော်စက်ထဲမှာထည့်မွှေပြီးမှ အရည်ပြန်ညှစ်လိုက်လို့ရတဲ့အရည်ဟာ ကြက်သွန်နီဖျော်ရည်ဖြစ်ပါတယ်။

ကြက်သွန်နီဖျော်ရည်ဟာ ဆံသားဖွံ့ဖြိုးမှုကိုထောက်ကူအားပေးနိုင်သလို သွေးလှည့်ပတ်မှုကိုလည်း ကောင်းမွန်စေပါတယ်။ ကြက်သွန်နီကိုကြိတ်ပြီး ညှစ်လိုက်လို့ရတဲ့ ကြက်သွန်နီဖျော်ရည်နဲ့ ဦးရေပြားနဲ့ဆံပင်ပေါ်မှာလိမ်းပေးပြီး (၁၅) မိနစ်လောက် ထားပေးလိုက်ပါ။ ပြီးရင်တော့ ခေါင်းလျှော်ရည်နဲ့ပြန်လျှော်ပေးလိုက်ပါ။

၇။ သံပုုရာသီး

သံပုရာသီးကိုညှစ်လို့ရတဲ့ သံပုရာရည်ကိုပဲဖြစ်ဖြစ်၊ သံပုရာဆီကိုပဲဖြစ်ဖြစ် သုံးနိုင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ (၂) မျိုးလုံးက ဆံသားအရည်အသွေးနဲ့အရေအတွက်ကို များပြားစေတယ်လို့ အဆိုရှိလို့ပါပဲ။ သံပုရာအဆီဟာဆိုရင် ခင်ဗျားရဲ့ဦးရေပြားလေးကို ကျန်းမာနေစေပြီး ဆံပင်ကိုလည်းသန်စွမ်းထူထဲစေပါတယ်။ ဒါမှမဟုတ်ရင်လည်း သံပုရာရည်လတ်လတ်ဆတ်ဆတ်ကို ဦးရေပြားနဲ့ဆံသားပေါ်မှာ လိမ်းပေးပြီး (၁၅) မိနစ်လောက်ထားပေးပါ။ ပြီးရင်တော့ ခေါင်းလျှော်ပေးလိုက်ပါ။

Source: Healthline

Share

Loading Next Article...
က္က